Author's Profile Photo

Myaing Hay Won

1/04/2024

ကျွန်မချစ်သော မိန်းမများ

7 mins read
Life Style
Culture
Art
ကျွန်မချစ်သော မိန်းမများ's photo

ဒီခေါင်းစဉ်ကို တစ်နေရာရာမှာ မြင်ဖူးကောင်း မြင်ဖူးပါလိမ့်မယ်။ ဆရာမဂျူးရဲ့ ကျွန်မချစ်သော ယောက်ျားများနဲ့ ခပ်ဆင်ဆင်ဖြစ်နေတာကို သတိထားမိလိမ့်မယ်။ တကယ်တော့ ဒီအကြောင်းအရာကို ရေးဖို့ စဉ်းစားတဲ့အခါ ဒီခေါင်းစဉ်ထက် ကိုက်ညီတဲ့ ခေါင်းစဉ် စဉ်းစားမရတာ ဆရာမဂျူးရဲ့ ဝတ္ထုခေါင်းစဉ်တွေကပဲ ကျွန်မအပေါ်မှာ စိုးမိုးနိုင်လွန်းလို့လား။ ဒါမှမဟုတ် ကျွန်မကပဲ ဒီ့ထက်ပိုကျော်လွန်ပြီး စဉ်းစားတတ်ဖို့ဉာဏ်မမီတာလား မပြောတတ်ပါဘူး။ ထားပါတော့လေ။ ဒီခေါင်းစဉ်ကိစ္စကို ဒီမှာပဲ တစ်ခန်းရပ်ကြပါစို့။

အဲ့တော့ ကျွန်မပြောချင်တဲ့ အကြောင်းအရာကို ဦးစားပေးလိုက်ကြရအောင်။ ကျွန်မ ချစ်သော မိန်းမများ။ ကျွန်မချစ်သော မိန်းမများဆိုတဲ့ အထဲမှာ အမေရယ်၊ အမေ့ရဲ့ အမေ အဘွားရယ်၊ အဖေ့ရဲ့ အမေ အဘွားရယ်၊ မွေးချင်း အစ်မတွေရယ်၊ ကြီးကြီးတွေရယ်၊ အဒေါ်တွေရယ်၊ ဝမ်းကွဲညီအစ်မတွေရယ်ကို ဖယ်ထုတ်ထားလိုက်ကြရအောင်။ ကျွန်မချစ်သော မိန်းမများဆိုတာ အဲ့လိုအချစ်နဲ့ ချစ်တဲ့ မိန်းမတွေကို ဆိုလိုချင်တာမဟုတ်ဘူး။ ကျွန်မကို ရင်ခုန်စေနိုင်တဲ့ မိန်းမတွေကို ဆိုလိုချင်တာ။

ခုမှ သတိရတယ်။ ခေါင်းစဉ်ကို ကျွန်မကို ရင်ခုန်စေနိုင်စွမ်းသော မိန်းမများလို့ ပြောင်းလိုက်ရမှာ။ ထားလိုက်ပါတော့လေ။ ကျွန်မချစ်သော မိန်းမများဆိုတာက ပိုလှတယ်။ အဲ ပြောရင်းပြောရင်းနဲ့ ဘယ်ရောက်သွားပြန်ပြီလဲ။

မူလဘူတ အစကို စစ်ကြည့်လိုက်ရင် ကျွန်မကို ပထမဆုံး ရင်ခုန်စေနိုင်တဲ့ မိန်းမအမျိုးအစားဟာ ကျွန်မထက် အသက်အများကြီး ကြီးတဲ့ ရုပ်ရှင်မင်းသမီးတွေပေါ့။ ရုပ်ရှင်ထဲမှာတော့ သူတို့က ငယ်ကြသေးတယ်။ အလှသွေးကြွယ်ကြွယ် မိန်းမတွေ။ သူတို့ရဲ့ ခန္ဓာကိုယ်အချိုးအစားကိုကြည့်ပြီး ကျွန်မကြီးလာတဲ့အခါ သူတို့လို လှချင်စိတ်က အခါခါ။

ကျွန်မ သိသိသာသာ ရင်ခုန်တတ်စအရွယ်က ခြောက်တန်း။ အဲ့အရွယ်ကတည်းက အပျိုဖော်ဝင်ပြီး သစ်ရွက်လှုပ်တိုင်း ရယ်ချင်နေတော့တာ။ အဲ့အရွယ်မှာတင် ကျွန်မကို ရင်ခုန်စေတဲ့ ရုပ်ရှင်မင်းသမီး သုံးယောက်ရှိနေပြီ။ သူတို့ကနိုင်ငံမတူ၊ လူမျိုးမတူပေမယ့် တူညီတဲ့ အချက်က ဘာလည်းဆိုရင် သိပ်လှတာပါပဲ။ သိပ်သိပ်လှတာများ သူတို့ကို ကြည့်လိုက်ရင် နွေရာသီ နေ့လယ်ခင်းမှာ ရွှေရင်အေးလေး တစ်ခွက် သောက်လိုက်ရသလို၊ ကြံရည်အေးအေးလေးတစ်ခွက် သောက်လိုက်ရသလို ရင်ထဲ အေးမြသွားတာပဲ။

စာတွေ ဟိုရေးသည်ရေး လျှောက်ရေးတဲ့ အရွယ်ဆိုတော့ ကိုယ်ကြိုက်တဲ့ မင်းသမီးတွေ ဘယ်လိုချောကြောင်း၊ ဘယ်လိုလှကြောင်း၊ သူတို့ကို ဘယ်လောက်ချစ်ကြောင်း စာအုပ်ထဲ ချရေးမိတယ်။ အဲ့ဒီမှာ အိမ်က အစ်မက ကျွန်မရေးတဲ့ စာတွေကို တွေ့ပြီး ခွက်ထိုးခွက်လှန် ရယ်တော့တာပါပဲ။ ကျွန်မရဲ့ ခံစားချက်တွေကို လှောင်ပြောင်ခံလိုက်ရတဲ့အခါ ဒေါသလည်း ထွက်၊ ဝမ်းလည်း နည်း၊ ရှက်လည်းရှက်နဲ့ အဲ့ဒီနေ့မှာပဲ ရေးထားတဲ့ စာရွက်တွေကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်အောင် ဆုတ်ဖြဲပြီး လွှင့်ပစ်လိုက်တော့တယ်။ စိတ်ထဲမှာလည်း ဒဏ်ရာရသွားတယ်။

မိန်းမတစ်ယောက်ကို မိန်းမတစ်ယောက်က ချစ်မိတဲ့အခါ ပတ်ဝန်းကျင်ရဲ့ အလှောင်ခံရမယ်ဆိုတဲ့ အစွဲသံမှိုဟာ စိတ်ထဲမှာ နစ်ဝင်သွားတယ်။ အဲ့ဒီနောက်ပိုင်း စာတစ်တန်ပေတစ်တန်နဲ့ ချမရေးဖြစ်တော့ဘူး။ ဒါပေမဲ့လည်း အမှန်တရားဆိုတာ ဘယ်လောက်ပဲ ဖုံးကွယ်ကွယ် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဘူးပေါ်သလို ပေါ်လာတာပဲ။ နေထွက်လာတာကို ပန်းကန်ပြားနဲ့ အုပ်ထားလို့ မရသလိုပေါ့။

ရုပ်ရှင်မင်းသမီးတွေ မဟုတ်ဘဲ ကျွန်မကို ရင်ခုန်စေနိုင်တဲ့ အမျိုးသမီးတစ်ယောက်ကို လက်တွေ့ဘဝမှာ ထပ်မံ မြင်တွေ့ခဲ့ရတဲ့အခါ ကျွန်မဖြစ်တည်မှုကို ကျွန်မလိမ်ညာလို့ မရမှန်း သိခဲ့ရတယ်။ ဒီလိုနဲ့ ကျွန်မချစ်သော မိန်းမများစာရင်းမှာ တစ်ယောက်အပါအဝင်ဖြစ်လာမယ့် ဆရာမကို ချစ်ခဲ့မိပါတယ်။ အတန်းထဲမှာ စာတော်တဲ့ ကျောင်းသူမဟုတ်တဲ့ ကျွန်မကို ဆရာမ သတိထားမိလား၊ သတိမထားမိလား မသိပေမယ့် ကျွန်မကတော့ ဆရာမရဲ့ ကြိမ်လုံးလေးကို တစ်သက်မမေ့တော့ဘူး။

ကျွန်မက စာတော်တဲ့ ကျောင်းသူမဟုတ်ပေမယ့် ခပ်ဆိုးဆိုး ကျောင်းသူလည်း မဟုတ်ပြန်ဘူး။ အေခန်းမှာ အလယ်အလတ်အဆင့်ရတဲ့ ကျောင်းသူတစ်ယောက်ပါပဲ။ ငြိမ်ကုပ်နေတဲ့ ထဲက မဟုတ်သလို ရွထနေတဲ့ အထဲကလည်း မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီနေ့ကတော့ စာသင်ရင်း မုန့်ခိုးစားမိတယ်။ ဆရာမ မြင်တော့ ကြိမ်လုံးတဆဆနဲ့ ကျွန်မအနားကို လျှောက်လာတယ်။ ကျွန်မလေ အဲ့အချိန်တုန်းက ရင်တွေခုန်လိုက်တာ။ ရိုက်ခံရတော့မှာ သိလို့ မဟုတ်ဘဲ ဆရာမနဲ့ ဒီလောက် နီးနီးကပ်ကပ် တစ်ခါမှ မနေခဲ့ဖူးလို့ပါပဲ။

ဆရာမကို စာသွားပြရင် ဆရာမနဲ့ နီးနီးကပ်ကပ် ပြရတာမဟုတ်ဘဲ စာအုပ်ထပ်ထပ်ခဲ့ရတော့ တစ်ခါမှ ဆရာမနဲ့ ဒီလောက် မနီးကပ်ဖူးဘူး။ ဆရာမလေ ကျွန်မလက်မောင်းကို ဆွဲပြီး ခြေသလုံးကို လုံချည်ပေါ်က ရိုက်ချပစ်လိုက်တယ်။ စုစုပေါင်း နှစ်ချက်။ ဒီ့ထက်ပိုရိုက်ဖို့ စိတ်ထဲက ဆုတောင်းနေခဲ့မိသေးတယ်။ ဒါပေမဲ့ ကျွန်မလက်မောင်းကို ညှစ်ထားတဲ့ ဆရာမ လက်ချောင်းတွေ ပြေလျော့သွားတဲ့ အခါ၊ ကျွန်မ လုံချည်ပေါ် တုတ် ထပ်မကျတော့တဲ့အခါ၊ ဆရာမ ခြေလှမ်းတွေ ကျွန်မနဲ့ ဝေးတဲ့ဆီ လျှောက်သွားတဲ့အခါ ဆရာမဟာ ပုံပြင်လေးတစ်ပုဒ်ထဲမှာ ကျန်ခဲ့ပါတော့တယ်။

ဒီလိုနဲ့ ခုနှစ်တန်းမှာ ကျွန်မ နောက်ထပ်ချစ်ရတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့ခဲ့ရပြန်တယ်။ ဒီဆရာမအကြောင်း တွေးလိုက်ရင်တော့ အတွေးထဲမှာ ပါလာတာက ရနံ့တွေ။ ဘာအနံ့ရယ်လို့ တိတိကျကျ ပြောဖို့ခက်လို့ ရေမွှေးနံ့ဆိုတာပဲ သိခဲ့တယ်။ အဲ့ဒီအနံ့ကြောင့် ကျွန်မဟာ အဲ့ဒီတစ်နှစ်ပတ်လုံး ဆရာမကို စွဲစွဲလမ်းလမ်းဖြစ်ခဲ့ရတယ်။

ဆရာမဆီက ရတဲ့အနံ့မျိုး ရပ်ကွက်ထဲက လမ်းတစ်လမ်းကို ဖြတ်ရင် ရတတ်တယ်။ အဲ့ဒီအချိန်ကျ ဆရာမကို တမ်းတမ်းတတ။ ဘယ်အနံ့ကများ ကျွန်မကို ရူးရူးမူးမူးဖြစ်စေသလဲလို့ စူးစမ်းကြည့်မိတော့ အဲ့ဒီနားမှာ ပန်းတွေပွင့်တဲ့ အပင်ဆိုလို့ တစ်ပင်တည်း ရှိတယ်။ ပုန်းညက်ပင်။ အဲ့အချိန်ကစပြီး ပုန်းညက်ပန်းကို မြင်ရင်၊ ပုန်းညက်ပန်းနံ့ရရင် ဆရာမကို ပြေးသတိရမိတတ်ပါတယ်။

သီတင်းကျွတ်တော့ စုထားတဲ့ မုန့်ဖိုးလေးထဲကနေ ဆရာမကို ဖိနပ်တစ်ရန် ဝယ်ပေးမိတယ်။ ဆရာမရဲ့ အပြုံးကို မြင်ရတဲ့အခါ မုန့်ဖိုးတွေကုန်သွားတာ ကျွန်မ မနှမြောမိတော့ပါဘူး။ ခုနေခါ ပြန်စဉ်းစားကြည့်ရင်တော့ နှမြောသလိုလို ပြန်ဖြစ်မိတယ်။ အဲ့ဒီနှစ်က နောက်ဆုံးပါပဲ။ ဆရာမတွေကို ဒီလိုစိတ်မျိုးမထားသင့်ဘူးလို့ ဆင်ခြင်ပြီး မေ့ပစ်လိုက်တာပါပဲ။ စာတွေနဲ့ နပမ်းလုံးနေရတာကြောင့်လည်း ပါမှာပေါ့လေ။

*

ကိုးတန်းမရောက်ခင်မှာ တရားစခန်းဆိုတာကြီးကို ပထမဆုံးအကြိမ် ဝင်ဖူးတယ်။ တရားထိုင်ရင် ဉာဏ်ကောင်းတယ်ဆိုလို့ တရားစခန်းဝင်လိုက်တယ်။ အဲ့အချိန်မှာ ဉာဏ်ကလည်း တယ်ကောင်းချင်သကိုး။

"သဲအင်း အမြဲလင်း ဇွဲတင်း" တဲ့။ တရားစခန်းရဲ့ ဆောင်ပုဒ်ကို ဖတ်လိုက်ရုံနဲ့တင် အားတွေ ရှိသွားတယ်။ ဒီလိုနဲ့ ခုနှစ်ရက်တရားစခန်းမှာ ကျွန်မကို ရင်ခုန်စေနိုင်တဲ့ နောက်ထပ်မိန်းမတစ်ယောက်ကို တွေ့ရှိခဲ့တော့တယ်။

ယောဂီတွေနေရတဲ့ နေရာက ဟောခန်းလို နေရာ။ ကျွန်မ အဲ့ဒီအမျိုးသမီးကို မြင်လိုက်ရတဲ့အခါ ဘုရားတမိတယ်။ ဘုရားရိပ်တရားရိပ် ရောက်နေရက်နဲ့ ဘုရားလို့ ထပ်တမိတာ။ သူမပုံစံက အရပ်မြင့်မြင့် မပိန်လွန်းမဝလွန်း ခန္ဓာကိုယ်ကြော့ရှင်းရှင်းနဲ့ အင်္ကျီအဖြူဗြောင်နဲ့ ထဘီအညိုဗြောင်ပဲ ဝတ်ထားတာတောင် ယဉ်လွန်းတယ်။ သူ့အသားက ဖြူလွင်လွင်ကလေး။ မြန်မာတွေ ဖြူသလိုမျိုးညက်ညက်ကလေးဖြူပြီး ဂျပန်ချော ချောတာ။ သူမက ကြည့်လေကြည့်လေ မြန်မာနဲ့ မတူဘဲ ဂျပန်နဲ့ တူလေပဲ။ ဒါပေမဲ့ နှာတံလေးက ခပ်စင်းစင်းရယ်။ အဲ့ဒီအမျိုးသမီးကို မြင်လိုက်ပြီဆိုရင် ရှောင်လွှဲဖို့မတတ်နိုင်တာက သူမရဲ့ ဆံပင်နက်နက်တွေဆ

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ခုနစ်-အဆိုးထဲကအကောင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း မပြိုင်ပါနဲ့ဖန်တီးပါစာစောင်သုံးဆယ့်တစ်-အမှားတွေကနေရနိုင်တဲ့ တန်ဖိုးစာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းလက်ရှောင်တတ်တာကမှ အဆင်ပိုပြေသေးတယ် စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်ဘဝမှာနောင်တမရစေဖို့ ရွေးချယ်ရမယ့် အရာများ

Unlock to read this premium article with 10 points.