သစ်တိုင်းမွှေး

လူတိုင်းမှာဝါသနာရှိကြတယ်..ဟုတ်။စက်ဘီးစီးတာ၊တောင်တက်တာ၊စာဖတ်တာ အမျိုးမျိုးအထွေထွေပေါ့ဗျာ။
တစ်ခါတလေကျ အလုပ်နဲ့ နေစဉ်ဘဝပြဿနာတွေပေါင်းသွားတဲ့အခါ ဝါသနာသေးသေးလေးတွေကို မလုပ်ဖြစ်တော့ပါဘူး။ကျွန်တော်တို့အနေနဲ့ ဝါသနာလေးတွေက တစ်စတစ်စနဲ့ ပျိုးထောင်လိုက်တဲ့အခါ အဲ့ဝါသနာလေးတွေကလဲ ကိုယ်ကိုအကျိုးပြုမယ်လို့တွေးမိကြသေးလားဗျ။
ဟုတ်ပါတယ်၊သူက အကျိုးပြုပါတယ်။သူအကျိုးပြုပုံလေးက ဒီလိုဗျ။
1. စိတ်ပျော်ရွှင်မှု မြင့်မားစေနိုင်တယ်။ ဝါသနာအရ လုပ်နေတဲ့အလုပ်သေးသေးလေးတွေက စိတ်ချမ်းသာမှုကို ပေးစွမ်းနိုင်ပြီး စိတ်ပျော်လူပျော်ဖြစ်လာနိုင်ပါတယ်။ကိုယ့်ဝါသနာမို့ လုပ်ဆောင်တဲ့အခါ စိတ်အားထက်သန်မှုနည်းနည်းပိုမှာမှာမို့ စိတ်ခွန်းအားလဲ နိုးနိုးကြွကြွရှိလာပါမယ်။
2. ဖိအားလျော့နည်းစေနိုင်တယ်။
ကိုယ်ဝါသနာအရလုပ်တာမို့ လေးလေးပင်ပင်တာဝန်ကြီးတွေ ထမ်းပိုးထားသလိုမခံစားရနိုင်ပါဘူး။အဲ့လိုမခံစားရတာကြောင်းလဲ ကျွန်တော်တို့စိတ်ကို ပိုအေးချမ်းစေပြီး၊ နေ့စဉ်ဘဝက ဖိအားများတွေ စိတ်ပင်ပန်းနေတာတွေကို သက်သာစေပါတယ်။
3. ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှုတွေ ရရှိလာနိုင်ပါတယ်
ဝါသနာအရလုပ်တဲ့ အလုပ်သေးသေးလေးတွေက ကျွန်တော်တို့ရဲ့ တီထွင်နိုင်စွမ်း ၊ဖန်တီးနိုင်စွမ်း၊ သင်ယူနိုင်စွမ်းတွေကို မြှင့်တင်ပေးပြီးတော့ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အပံ့ကောင်းတစ်ခုဖြစ်လာနိုင်ပါတယ်။ပြောရမယ်ဆို ကျွန်တော်ရဲ့ စာရေးတဲ့ဝါသနာကိုပဲထား၊ ရေးတဲ့စာများလာတော့ ဒီလိုလေးကွန့်ရေးလိုက် ဟိုလိုလေးကွန့်ရေးလိုက်နဲ့ တီထွင်နိုင်စွမ်း ၊ဖန်တီးနိုင်စွမ်း တွေက တဖြေးဖြေးတိုးလို့လာတယ်။သင်ယူနိုင်စွမ်းကျပြန်တော့ ကျွန်တော်က ငယ်ငယ်နုနုနဲ့ စာအရေးအသားမကြွယ်တာမို့ ရှေးစာရေးဆရာ၊ဆရာမကြီးတွေဆီက နည်းနာယူ ရေးကြည့်ခဲ့ရပါတယ်။ဒီတော့ သင်ယူနိုင်စွမ်းကိုလဲ အားဖြည့်တဲ့သဘောရှိတာမို့ သင်ယူနိုင်စွမ်းလဲတိုးတက်လာပါရဲ့။
4. အလုပ်ကို ကျွမ်းကျင်ပိုင်နိုင်လာစေတယ်။
ဝါသနာအရ လုပ်တဲ့အရာတွေက ကျွန်တော်တို့ စိတ်ဝင်တစား ရှိလှတာမို့ မကြာခဏလေး လုပ်ဖြစ်ကြမှာ မလွဲဧကန်ပါပဲ။ဒီလိုလေ့ကျင့်ခြင်းကနေ ကျွန်တော်တို့ရဲ့ ကျွမ်းကျင်မှုတွေကို အရင်ကထက် ပိုတိုးတက်စေပြီး ကျွန်တော်ရှိမှာ ရှိပြီးသား လုပ်နိုင်စွမ်းအားတွေကို တိုးမြင့်နိုင်စေပါတယ်။
5. လူမှုဆက်ဆံရေးပိုမိုကောင်းမွန်စေနိုင်တယ်။
ဒါကတော့ ကျွန်တော်အကြိုက်ဆုံးအချက်ကလေးပါပဲ။ကျွန်တော်တို့ ဝါသနာပါတဲ့ ရပ်ဝန်းထဲခြေချပြီးစူးစမ်းလိုက်တာနဲ့ ဝါသနာတူတဲ့သူတွေကို တွေ့ရမှာပါ။ကျွန်တော်စာရေးတဲ့နယ်ပယ်မှာဆို အခြားစာရေးသူတွေကို မိတ်ဆွေဖွဲ့ပြီး စာပေအရေးအသားတွေကိုအပြန်အလည် လေ့လာခဲ့ရပါတယ်။နှစ်သက်တဲ့ ဝါသနာတူသူတွေနဲ့ တွေ့ဆုံခြင်း၊အတူတူ ကိစ္စသေးသေးလေးတွေ ဆောင်ရွက်ရင်း လူမှုဆက်ဆံရေးပိုမိုကောင်းမွန်လာပြီး မိတ်ဖက်အသစ်တွေနဲ့ ပြောဆိုဆက်ဆံရှာ ရှက်ကြောက်မှု လျော့နည်းနိုင်ပါတယ်ဗျ။
6. ဘဝပန်းတိုင် ထင်ရှားလာနိုင််တယ်။
ကျွန်တော်ကြားဖူးပါတယ်။ဝါသနာအရအလုပ်တွေလုပ်ရင် အဲ့အလုပ်က ကိုယ့်ကိုယ်ပိုင်အသက်မွေးဝမ်းကြောင်းအလုပ်ဖြစ်လာတာတဲ့။ဒါက ဖြစ်နိုင်ချင်သိပ်များပါတယ်။ ကျွန်တော်တို့အနေနဲ့ ဝါသနာအရလုပ်တဲ့ အလုပ်သေးသေးလေးတွေကနေ အောင်မြင်မှုတွေ၊ ကောင်းကျိုးတွေ ရလာတဲ့အခါ ကိုယ်ကိုယ်ကို ယုံကြည့်မှု ပိုရှိလာပြီး ဒီအလုပ်တစ်ခုမှပဲ မြဲသွားကာ ဘဝပန်းတိုင်အသစ်ကလေးတွေ ထင်ရှားလာနိုင်ပါတယ်။
7. စိတ်ကျန်းမာရေးကောင်းမွန်စေနိုင်တယ်
ဒါကတော့ ကျန်းမာရေးရှုထောင့်ကပေါ့ဗျာ။ကျွန်တော်တို့ စိတ်ကိုအလိုလိုက်ပြီး ဝါသနာအရ လုပ်နေတဲ့အရာတွေက နေစဉ်ဘဝ၊အလုပ်ခွင်တွေမှာ အဖြစ်များတဲ့ စိတ်ပင်ပန်းနွမ်းနယ်တာတွေ စိတ်ဒဏ်ရာရတာတွေကို လျော့ကျစေပြီး စိတ်ကို အေးအေးချမ်းချမ်းအနားယူစေနိုင်ပါတယ်။
ဒါကြောင့် ဝါသနာအရ လုပ်နေတဲ့အရာတွေဟာ အကျိုးမရှိတာမျိုးမဟုတ်ပယဘူး။ကျွန်တော်တို့ရဲ့ စိတ်ပျော်ရွှင်မှု၊ ကိုယ်ပိုင်စွမ်းရည်မြှင့်တင်မှုနဲ့ ယုံကြည့်မှုတွေ တိုးလာတဲ့အပြင် ဖိအားမရှိခြင်းကြောင့် ဘဝက သက်သောင့်သက်သာဖြစ်လာနိုင်ပါတယ်။အောင်မြင်မှုရလဒ်တွေကတော့ ဝါသနာအရလုပ်တဲ့ အလုပ်သေးသေးလေးတွေရဲ့ ဆုလာဒ်ပါပဲ။
ချစ်တဲ့
သစ်တိုင်းမွှေး
Keep Reading