Par Te
ထုံးစံအတိုင်းပေါ့ ကျမရဲ့ဆရာ(Taxi ဆရာ) နဲ့ ဆွေးနွေးဖြစ်တဲ့အကြောင်းက ဘာသာမဲ့ လို့ပြောလိုက်ပါမယ်။
ကျွန်မတို့ စကားတွေပြောဖြစ်ကြရင်း သမီးက ခရစ်ယာန်လားတဲ့ ဟုတ်ပါတယ် သမီးခရစ်ယာန်ပါ လို့ပြန်ဖြေတေ့ာ သမီးက ဓမ္မဆရာလားဆိုပြီးထပ်မေးပြန်တယ် မဟုတ်ဘူးလို့ ပြန်ဖြေလိုက်ပါတယ်။
ဒီတေ့ာမှဆရာက ဒါဆို သူလွတ်လွတ်လပ်လပ်ပြောပြမယ်ဆိုပြီး သူ့အတွေ့အကြုံတွေကို မျှဝေပေးပါတေ့ာတယ်။ သူက ဘယ်ဘာသာမှ မဟုတ်တေ့ာဘူး ဘာသာမဲ့၊ ကိုယ့်ကိုယ်ကိုယ် ဘာသာမဲ့လို့ပဲသတ်မှတ်လိုက်ပြီ။ ဘယ် ဘာသာကိုးကွယ်လည်းလို့မေးရင် ဘာသာမဲ့လို့ပဲ ဖြေတယ်လို့ပြောလာပါတယ်။
ကျွန်မလည်း သူကြုံတွေ့ခဲ့တဲ့အဖြစ်အပျက်တွေ….. များစွာကိုနားထောင်ခဲ့ပြီး ဟုတ်တယ် ဘာသာတိုင်းကကောင်းတယ်။ မကောင်းတာက ကျမတို့ လူသားတွေ။ ဒါကြောင့်ဘာသာမဲ့လို့ပြောရတာကလည်း တစ်ဘက်တွေးကြည့်တေ့ာလည်းဖြစ်သင့်ပါတယ်။ logic လည်း ကျပါတယ်။
ကျမရဲ့အချို့အတွေ့အကြုံတွေနဲ့ ယှဉ်ပြီးတွေးကြည့်တေ့ာလည်း သူပြောတာက မဖြစ်သင့်တဲ့အရာလည်းမဟုတ်ဘူးလေ။
ဒါပေမဲ့ ဘာသာတရားက ဆက်လက်ရှိနေပြီး ဘာသာထဲမှာရှိနေတဲ့သူတွေဟာ အပြန်အလှန်ထိန်းကျောင်းပေးဖို့ဖြစ်လို့ အလွန်အရေးကြီးတယ်။
ဒီဘာသာထဲမှာ ရှိနေကြတဲ့ သူတွေအချင်းချင်း အပြန်အလှန်ထိန်းကျောင်းခြင်း၊ ဖေးမခြင်း၊ ကာကွယ်ခြင်း နဲ့ အားပေးခြင်းမရှိရင် ကျမ ဆရာပြောသလို ဘာသာမဲ့ဖြစ်ပြီး လူသားဆန်တဲ့ လူ့ပတ်ဝန်းကျင်ကို အနည်းငယ်မျှခန့် အထာက်အကူပြုနိုင်မယ်ဆ်ုရင်တောင် အတော်လေး လူပီသနေပြီ၊ လူဖြစ်ရကျိုးနပ်ပါပြီးလို့ တွေးမိတယ်။
တကယ်တေ့ာ ဘာသာတရားဟာ လူသားတွေဘဝ ပိုမိုကောင်းမွန်အောင် ထိန်းကျောင်းပေးနိုင်ဖို့အတွက် အလွန်ကောင်းတဲ့နေရာတစ်ခုပဲဖြစ်သလိုလူတွေကို ဘာသာမဲ့ဖြစ်သွား စေဖို့အတွက် လုပ်ဆောင်ပေးနိုင်တဲ့ အလွယ်ကူဆုံးနေရာလည်း ဖြစ်နိုင်ပါသေးတယ်လို့ ကျမ အတွေးလွန်ပြီး တွေးနေမိခဲ့တယ်။
လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်။
#ကျမအတွေး
#Clay
10/01/2025 🌻🖤
Keep Reading