သစ်တိုင်းမွှေး
ကျွန်တော်တို့အနေနဲ့ ဘဝမှာ မဖြစ်မနေပြောသင့်တဲ့ စကားတစ်ခွန်းရှိပါတယ်။
'ငါတောင်းပန်ပါတယ်'
သာမာန် စကားလုံးလေးပဲဟုတ်တယ်မလား။ဒါပေမဲ့ပြောကိုပြောတတ်မှရမှာပါ။ပြောဖို့ခတ်ခဲနေတာမျိုးမရှိနိုင်ဘူးလို့ထင်ရပေမဲ့ ကျွန်တော်တို့က တစ်ခါတလေ ပြောလို့မထွက်ကြပါဘူး။မာနခြင်းပြိုင်နေတဲ့သူ၊ရန်မျက်စောင်းလေးထိုးဖူးတဲ့ လူဆို ပိုဆိုးဗျာ။ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ဘယ်သူကိုမဆို တောင်းပန်ရမဲ့အခြေအနေအမျိုးမျိုးပေါ်လာတတ်တယ်မလားဗျ။
ဟုတ်ပါတယ်၊လူဘဝမှာပြောင်းလဲနေတဲ့ အခြေအနေရ ကျွန်တော်တို့ကြားမှာ တောင်းပန်စကားပြောရမဲ့ အခြေအနေအမျိုးမျိုးရှိပါတယ်။အဓိအားဖြင့် တောင်းပန်စကားပြောသင့်တဲ့ အချိန်တွေကို ဖော်ပြရမယ်ဆိုရင် အမှားတစ်ခုခုကျူးလွန်မိသွားတဲ့အချိန်၊အခြားသူများကို စိတ်ထိခိုက်စေမိတဲ့အချိန်တွေရယ်၊သက်ဆိုင်ရာတာဝန်မကျေပွန်နိုင်တဲ့အချိန်တွေရယ်၊အချိန်ဆွဲသွားတဲ့အချိန်နဲ့ ကိုယ့်ရဲ့ကတိတစ်ခုကို မစောင့်စည်းနိုင်တော့တဲ့ အချိန်မျိုးတွေပါ။
အမှားတစ်ခုခုကျူးလွန်မိသွားတဲ့အချိန်မျိုးဆိုတာက
ကျွန်တော်တို့က သူငယ်ချင်းတစ်ယောက်ရဲ့ဖန်ခွက်လှလှလေးကို ကိုင်ကြည့်မိရင်းခွဲမိသွားတဲ့အခါမျိုးပေါ့။ကွဲသွားတဲ့ဖန်ခွက်လေးက သူမိဘများပေးတာဖြစ်နိုင်မလား။သူသက်ဆိုင်သူပေးတာဖြစ်နိုင်မလား။ကိုယ်မသိပေမဲ့ သူမှာအဲ့ခွက်နဲ့ ပတ်သပ်ပြီး အမှတ်တရတစ်ခုခုရှိနေနိုင်တယ်မဟုတ်လား။
ကျွန်တော်တို့ရဲ့ မတော်တဆမှားယွင်းမိတာတွေကြောင့် တပါးသူများကို နစ်နာစေခဲ့ရင် တောင်းပန်စကားပြောခြင်းသည် ကျိန်းသေလိုအပ်ပါတယ်။ပြောရမယ်ဆို ကျွန်တော်တို့က သူငယ်ချင်းတစ်ဦးရဲ့ ဖန်ခွက်ကိုခွဲလိုက်မိပြီးနောက် တောင်းပန်စကားဆိုလိုက်တဲ့အခါ သူငယ်ချင်းရဲ့ အမှတ်တရတွေကို ကိုယ်လဲ တန်းဖိုးထားသူသွားနိုင်ပြီး ကိုယ်အနေနဲ့ မတော်တဆဖြစ်သွာသကြောင်း နားလည်ပေးကာ သူနဲ့ကိုယ်ရဲ့ ဆက်ဆံရေးကို ထိန်းသိမ်းနိုင်ပါလိမ့်မယ်။
အခြားသူများကို စိတ်ထိခိုက်စေမိတဲ့အချိန်ကိုပြောရမယ်ဆို
ကျွန်တော်တို့က လူသားတွေမို့ အမြဲဲလဲပျော်မနေပါဘူးဗျ။အခုလိုမျိုး စိတ်မပျော်မရွှင်ဖြစ်နေတဲ့အချိန်၊ဒေါသထွက်နေချိန်တွေကို အော်ဟစ်ကာ ပြဿနာတွေကို ဖွင့်ထုတ်ဖြစ်ကြပါတယ်။ဖွင့်ထုတ်ပြစ်လိုက်တာက သစ်ပင်လို့ ရေကန်တို့လို သက်မဲ့အရာတွေဖြစ်ရင်တော့ ကောင်းသားပေါ့၊ဒါပေမဲ့ လူတစ်ယောက်ဆိုရင်ရော ကိုယ်ကစိတ်မပျော်လို့ အော်လိုက်တာ ဟစ်လိုက်တာဆို တစ်ဖက်လူက ဝမ်းမနည်းနိုင်ဘူးလား။စိတ်တိုလွန်းလို့ ပစ္စည်းတွေနဲ့ပေါက်မိတယ်၊လက်နဲ့ရွယ်မိတယ်ဆို စိတ်ဒဏ်ရာမရနိုင်ဘူးလား။အဲ့လိုများဖြစ်ပျက်ခဲ့ရင် ဒေါသပြေတဲ့ အချိန်မှာ တစ်ဖက်လူကို အမြန်ဆုံးတောင်းပန်သင့်ပါတယ်။ဘာပဲဖြစ်ဖြစ် သူမှာလဲ ခံစားတတ်တဲ့ စိတ်နှလုံးရှိတာမို့ ကိုယ်ကြောင့်ဖြစ်သွားတဲ့ သူ့စိတ်ထဲက ဒဏ်ရာလေးကို ကျွန်တော်တို့အနေနဲ့ ပြန်ကုစားပေးနိုင်ပါမယ်။
သက်ဆိုင်ရာတာဝန်မကျေပွန်သွားတဲ့အချိန်
လူရယ်လို့ ဖြစ်လာရင် ကျွန်တော်တို့ဘဝမှာ တာဝန်ကိုယ်စီရှိတယ်မလားဗျ။အဖွဲ့လိုက်လှုပ်ဆောင်မှုတွေမှာတော့ ကျွန်တော်တို့အနေနဲ့ သက်ဆိုင်ရာတာဝန်ကို ကျေဖို့ အလွန်အရေးကြီးပါတယ်။ကိုယ်ရဲ့ တာဝန်အရ လုပ်ဆောင်ရမဲ့ ဝတ္တရားတွေကို မလုပ်နိုင်ဘူးဆိုတဲ့အခါ အခြားအဖွဲ့ဝင်တွေက ရည်ရွယ်ချက်မြန်မြန်ပြီးမြောက်ဖို့ ဝင်လုပ်လိုက်တယ်ဆို တစ်ဖက်လူက သူ့မူလတာဝန်လဲထမ်းရ ကိုယ့်တာဝန်လဲယူရဆို ကျွန်တော်အထင်တော့ တော်တော်လေး ပင်ပန်းနေနိုင်ပြီ။နောက်တစ်ခုထပ်ပြောချင်သေးတာက အချိန်မီမပြီးတာ ကျွန်တော်တို့တော့ တာဝန်တွေခွဲတုန်းက ကိုယ်လုပ်နိုင်မယ်ထင်လို့ ယူခဲ့ကြတာပဲလေနော်။ပြီးမှာ အချိန်ကပ်လာလေ ဘာမှမလုပ်ရသေးလေဆို တစ်ဖွဲ့လုံးအခတ်တွေ့ပြီမလားဗျ။အဲ့တာကြောင့်မို့ သက်ဆိုင်ရာတာဝန်မကျေပွန်တဲ့အခါ တောင်းပန်ဖို့လိုအပ်ပါတယ်။
အချိန်ဆွဲလွန်သွားတဲ့အချိန်မျိုး
ဒါကတော့ ကျွန်တော်တောင်းပန်လေ့ရှိတဲ့အခြေအနေမျိုးပါ။ကျွန်တော်က ငပျင်းလေးပါ။တကယ်ကို ငပျင်းလေးပါ။ကျွန်တော်က ဒီနေ့မရရင် နောက်နေ့မှလုပ်မယ်။နောက်တစ်နာရီလောက်ကျမှ လက်စသတ်လိုက်မယ်။အပြီးသတ်လိုက်မယ်ဆိုပြီး အနားနီးမှကပ်လုပ်မိတာမျိုး။ဒါတွေက အဖွဲ့အစည်းမဲ့ အလုပ်လုပ်တဲ့အခါ ဒီလိုအချိန်ဆွဲတာတွေက အလုပ်တွေ အချိန်မမီတတ် မပြီးတတ်ဖြစ်နိုင်ပြီး အခြားသောအဖွဲ့သားတွေ တွေကို စိတ်ညစ်စေနိုင်ပါတယ်။တခြားအဖွဲ့ဝင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာအတွက်ရယ် ကျွန်တော်တို့ကိုယ်အလုပ်ကို အပြီးမသတ်နိုင်တဲ့အတွက်ရယ် ဒီလိုအခြေအနေမျိုးနဲ့ဆို ကျွန်တော်တို့က တောင်းပန်သင့်ပါတယ်။
နောက်ဆုံးပြောချင်တဲ့ တောင်းပန်သင့်ဆုံးအခြေအနေက ကျွန်တော်တို့ပေးထားတဲ့ ကတိတစ်ခုကို မစောင့်ထိန်းနိုင်တဲ့အခြေအနေမျိုးပါ။ကျွန်တော်တို့ ကတိထားခဲ့ပြီး အချိန်မှန်မရောက်လာနိုင်တာမျိုး၊ကျွန်တော်တို့အနေနဲ့ 'ဒါတော့ အပြီးအထိ တာဝန်ယူနိုင်တယ်'ဆိုပြီး စကားကျွံပြီးမှ အပြီးအထိ ကတိပေးထားတဲ့ အတိုင်းမလုပ်နိုင်တဲ့အခါ တောင်းပန်စကားဆိုရပါလိမ့်မယ်။ဥပမာပေးရရင် 'ငါမင်းကို ၃၅နှစ်အထိစောင့်နေပေးပါ၊ပြန်လာခဲ့မယ် 'ဆိုပြီးမှ ၃၅ပြည့်သွားလဲ ပြန်မလာနိုင်ခဲ့တဲ့အခါ ချစ်ဦးသူကို တောင်းပန်စကားချန်ရစ်ထားသင့်ပါတယ်။
တစ်ဦးနှင့်တစ်ဦးတောင်းပန်စကားဆိုတာက ကိုယ်ရဲ့အမှားကို လက်ခံတဲ့သဘောမလားဗျ။ကိုယ်ကြောင့် ဖြစ်သွားတဲ့ ပြဿနာအပိုင်းအစလေးတွေ တာဝန်ယူခြင်းလဲ သက်ရောက်ပါတယ်။ပြီးတော့ တစ်ဘက်သားအပေါ်လေးစားမှုပြသခြင်းလို့ဆိုလဲ မမှားပါဘူး။
ချစ်တဲ့
သစ်တိုင်းမွှေး
Keep Reading