မဟာဟန်လင်း
အဖေပင်စင်မယူမီကပင် မီးရထားလိုင်းနှင့်ကပ်လျက်ရပ်ကွက်တစ်ခုတွင် အိမ်ဝယ်ဖြစ်ခဲ့လေသည်။ ကျွန်တော်တို့သည် ဆန်ကြမ်းများကို ဆန်ချောဖြစ်အောင် ချောပေးသည့် ဆန်ချောစက် ထောင်ထားရာ ကျွန်တော်တို့ဝယ်ထားသော အိမ်လေးသည် ဆန်ချောပေးရန် လာရောက်အပ်နှံသူများ၏ ဆန်အိတ်များနှင့် အမြဲပြည့်နှက်နေသဖြင့် မိသားစု များသည့် ကျွန်တော်တို့သည် မီးရထားလိုင်းခန်းကလေးကို ပြန်လည်မအပ်နှံနိုင်သေးဘဲ အိမ်ခွဲ၍နေကြရလေသည်။ ထို့ကြောင့် ယခင်နေသည့် လိုင်းခန်းအသေးမှ ဝယ်ထားသည့်အိမ်နှင့်နီးသည့် လိုင်းခန်းအကြီးသို့ပြောင်းရွှေ့ရင်း ဦးတင်လှကြီးနှင့် ဆုံရလေတော့သည်။
ကျွန်တော်တို့ပြောင်းရွှေ့လာသည့် လိုင်းခန်းဘေးတွင် အရိပ်ကောင်းလှသည့် မန်ကျည်းပင်ကြီးရှိလေသည်။ အဖေသည် ထိုမန်ကျည်းပင်ကြီးကို ခြံဝန်းထဲထည့်၍ ခြံခတ်လိုက်သည့်အတွက် ဦးတင်လှကြီး ဘုံပျောက်သွားလေတော့သည်။ ဤသည်ကပင် ဦးတင်လှကြီးနှင့် ကျွန် တော်ခင်မင်ခဲ့သည့် အကြောင်းအရင်းတစ်ခုဖြစ်ခဲ့လေတော့သည်။
ဘဝသံသရာ သီချင်းကို ဘယ်ရီတုန်းဗွိုက်စ်ဖြင့် သီဆိုနေသော အသံကိုကြားလိုက်ရာ လွန်စွာနားထောင်၍ ကောင်းလှလေသည်။ ထိုအချိန်တွင် “ တင်လှကြီးကတော့ ဟဲပြီ” ဟုပြောလိုက်သော အမေ့အသံကို ကြား လိုက်သဖြင့် “ အမေ့... အဲ့ဒါ အရူးဦးတင်လှကြီးဆိုနေတာလား” ဟုမေးရင်း ပြတင်းပေါက်မှ လှမ်းကြည့်လိုက်မိလေသည်။ သီချင်းသံဆုံးလျှင်တော့ “ဒေါ်ကြီး... ထမင်းကျွေးဦး” ဟု အော်လိုက်သံကို ကြားလိုက်သည်နှင့် “ လူလေး... သွား။ အစ်မကို ထမင်းထည့်ခိုင်းပြီး သွားပေး လိုက်” ဟုပြောလိုက်လျှင် အစ်မထည့်ထားသော ထမင်းထုပ်ကိုယူပြီး ခြံစည်းရိုးဘေး မန်ကျည်းပင်အောက်တွင် ကပ်ရိုက်ထားသော ကွပ်ပျစ်ကလေးပေါ်မှတက်၍ ခြံစည်းရိုးကျော်ကာ ဦးတင်လှကြီးကို ကြောက်ကြောက်နှင့်လှမ်းပေးပြီး အိမ်ပေါ်သို့ ပြန်ပြေးတက်ခဲ့လေသည်။
“ ဟေ့ကောင်.. ရွှေဘ။ ငါ့ကို မုန့်ဖိုးပေးဦး” ဟု ဦးတင်လှကြီး၏လှမ်းအော်သံကိုကြားလျှင် အစ်ကိုကြီးသည် စကားပြောနေရာမှရပ်၍ ငြိမ်လိုက်လျှင် “ ဟေ့ကောင်...သူငယ်ချင်း မင်းရောက်နေတာ မင်းအသံကြားတာနဲ့ ငါသိတယ်။ ငါ့ကို မုန့်ဖိုးပေး” ဟု ထပ်အော်လိုက်လျှင် အစ်ကိုကြီးသည် ရယ်မောရင်း သူငယ်ချင်းဖြစ်သူကို မုန့်ဖိုးဆင်းပေးလေတော့သည်။ “အရူးဦးတင်လှကြီးက အစ်ကိုကြီး.. သူငယ်ချင်း” ဟု တအံ့တဩမေးလိုက်လျှင်တော့ “ ဟုတ်တယ် ညီလေး။ အစ်ကိုကြီးနှင့် မီးရထားမှာ အလုပ် အတူတူဝင်တာ။ တကယ်ဆို သူလည်း အစ်ကိုကြီးလို စက်ဗိုလ်ကြီး ဖြစ်နေမှာ။” ဟုပြောလိုက်လျှင်တော့ ဦးတင်လှကြီးကို မသနားစဖူး သနားသွားမိလေတော့သည်။ တစ်နေ့တွင်တော့ အစ်မကြီးက “ မောင်လေး.. ငြိမ်ငြိမ်နေ... အစ်မစကားနားထောင်ရင်.. မနက်ကျရင် ဆီထမင်းနှင့် ဘယာကြော်,ကြော်ကျွေးမယ်” ဟု ပြောသည်ကို ဦးတင်လှကြီး ကြားသွားလေတော့သည်။ မနက်အစော ထမင်းထုပ်ဆင်းပေးလျှင်တော့ ဦးတင်လှကြီးသည် “ မဝင်းမြင့်သန်း... ကျွန်တော်လည်း ဆီထမင်းနှင့် ဘယာကြော်စားမှာ။” ဟု ထအော်လေတော့သည်။ အစ်မက “ ကိုတင်လှကြီး.. ဘယ်က ဆီထမင်းနှင့် ဘယာကြော် ရှိရမှာလဲ။” ဟုပြောလျှင်တော့ “ မဝင်းမြင့်သန်း... ညာမပြောနဲ့။ မနေ့ညက ပုတုလေးကို မနက်ကျရင် ဆီထမင်းနှင့် ဘယာကြော် ကျွေးမယ်လို့ပြောတာ ကျွန်တော်ကြားတယ်။” ဟု ပြန်ပြောလိုက်ရာ ဆီထမင်းနှင့်ဘယာကြော် ဆင်းပေးရလေတော့သည်။
“ ကိုတင်လှကြီးက ငယ်ငယ်တုန်းက မင်းသားလင်းထင်နဲတူတယ်။ သီချင်းဆိုတာလည်း အသံအရမ်းကောင်းတာ။ မီးရထားဘုံကထိန်ဆို သူက ပင်တိုင်အဆိုတော်ပဲ။ သူ့အဖေက မီးရထားကရိန်းမောင်းရင်း ချောင်းထဲကျပြီးဆုံးသွားတဲ့အချိန်မှာ သူ့အမေ အမေကြည်နှင့် အမေတစ်ခု သားတစ်ခုနေတာ။ လိုင်းထိပ် “ဝင်းစန္ဒာ” လက်ဖက်ရည်ဆိုင်က မောင်လေးသူငယ်ချင်းအမေ မမဌေးကို သိတယ်မဟုတ်လား။ အဲ့ဒါ အရင်တုန်းက ဦးတင်လှကြီးနှင့် မိဘချင်းသဘောတူထားတဲ့ ဦးတင်လှကြီးရဲ့ရည်းစား။ မမဌေးက ငယ်ငယ်ကအရမ်းချောတော့ မမဌေးကိုတစ်ဖက်သတ်ကြိုက်နေတဲ့ ကိုတင်မြင့်နဲ့ ရေနွေးငွေ့စက်ခေါင်းထဲကို ကျောက်မီးသွေးထည့်နေတဲ့အချိန် ရန်ဖြစ်စကားများကြရင်း ဂေါ်ပြားနဲ့ ခေါင်းကိုအရိုက်ခံလိုက်ရလို့ အခုလိုရူးသွားတာ။ အမေကြည်ရှိတုန်းကတော့ သူ့သားလေးကို အရမ်းဂရုစိုက်တာပေါ့။ အမေကြည်လည်း ဆုံးရေ
Unlock to read this premium article with 10 points.