
သစ်တိုင်းမွှေး

အချိူ့အချိန်တွေမှာ ဘဝကြီးကိုရပ်တန့်ပြစ်ချင်လိုက်တဲ့ အခိုက်အတန့်ကလေးတွေ ဘဝမှာ ကြုံရကြပါသေးတယ်။
အချို့အချိန်တွေမှာ ဘဝရဲ့ပျော်ရွှင်တဲ့အရာအားလုံးက ကိုယ်တွေဆီကနေ တိတ်တိတ်လေးပုန်းခိုသွားတဲ့အခြေအနေမျိုး ကြုံရသေးပါတယ်။
အချို့အချိန်တွေမှာ ဘဝကြီးကို ရပ်ပြစ်ချင်ခဲ့ကြတဲ့ လူတွေ လောကမှာ ဒူးနဲ့ဒေးပါပဲ။အချို့သော ပြဿနာတွေကြောင့်ပေါ့ဗျာ။
ကျွန်တော်ဆိုရင်လဲ အဲ့လိုပြဿနာမျိုးတွေရှိတာပါပဲ။လူတွေထဲက လူပဲကိုနော့်။အဲ့လို ပြဿနာတွေကြောင့်ပင်ပန်းပြီး ဘဝကိုရပ်ပြစ်ဖို့လုပ်ခဲ့တဲ့အချိန်တွေလဲရှိပါတယ်။
ဓားတွေ လက်ကောက်ဝတ်ကိုလှီးရင် ဘယ်လောက်အချိန်အထိပဲ ရှင်နိုင်မှာ၊ရင်ဘက်ကို ကတ်ကြေးနဲ့စိုက်ရင်ရော။ဒါမှမဟုတ် ကြိုးဆွဲချ၊အဲ့အကြောင်းတွေနဲ့ပတ်သပ်ရင် ကျွန်တော်ဆို အများကြီးလေ့လာခဲ့တာ၊အကြောင်းက ဘဝကြီးကို ရပ်တန့်ချင်လို့ပေါ့လေ။
နောက်တော့ ကျွန်တော် အဲ့အရာတွေကို စွန့်လွှတ်ပါ့လိုက်တယ်။အဲ့လိုလုပ်ရင် တကယ်ရော ပျော်ရပါ့မလားဆိုပြီးတော့တွေးဖြစ်ခဲ့တယ်။မပျော်နိုင်တာ သေချာလေလေ ဒီအရာတွေအပေါ်တဖြေးဖြေး စွန့်ခွာလာနိုင်လေလေပါပဲ။
အခုတော့ ဘဝကိုရပ်ပြစ်ချင်လောက်တဲ့အထိ စိတ်ခံစားမှုဆိုင်ရာ ပြဿနာတွေနဲ့ကြုံရရင် ဒီလိုလေးတွေ အစားထိုးတွေးကြည့်ခဲ့ပါတယ်။
ကိုယ်ဘဝမှာ ဆန္ဒတွေမပြည့်မြောက်သေးဘူးမလား။
ကိုယ်ကို မကြည်ဖြူထက်သူက ကြည့်ဖြူတဲ့သူက ပိုများမှာ ကိုယ်ဒါကိုရွှေးရင် သူတို့ဘယ်လိုကျန်နေခဲ့မလဲ။
ကိုယ်ဘဝမှာ ဆန္ဒတွေမပြည့်မြောက်သေးဘူးမလား။ဆိုတဲ့မေးခွန်းအတွက်ကတော့ ကျွန်တော်က မိဘမဲ့မောင်နှမတို့အတွက် အိမ်တစ်လုံးဖြစ်ချင်ပါတယ်။နောက်ပြီး ဖြစ်ချင်သာကတော့ ကိုယ်တို့နယ်မှာ ဆေးစွဲနေတဲ့သူကများသား။ ဆေးစွဲနေတဲ့ ကိုယ်ဦးဦးဒေါ်ဒေါ်မောင်မောင်တွေကို ဆေးဖြတ်ကာ တက်လမ်းညွှန်တဲ့ ဆရာဝန်တစ်ယောက်လဲ ဖြစ်ချင်ပါသေးတယ်။ဒါက အိမ်မက်ကလေး၊စိတ်ကူးကလေးကတော့ သေးသေးလေးပါပဲ၊ဒါပေမဲ့ပေါ့ဗျာ အဲ့ဒီအကြောင်းပြချက်တွေက ဘဝကိုရပ်တန်ဖို့ ကြိုးစားရာကနေ ရုန်းထစေတဲ့အကြောင်းပြချက်လေးပါ။
ကိုယ်ကို မကြည်ဖြူထက်သူက ကြည့်ဖြူတဲ့သူက ပိုများမှာ ကိုယ်ဒါကိုရွှေးရင် သူတို့ဘယ်လိုကျန်နေခဲ့မလဲ။ကျွန်တော်က တော်တော်လေး ဂွတီးဂွကျနိုင်တဲ့ တယူသန်လေးပါ။ကိုယ်မှန်တယ်ထင်ရင်လုပ်ပြီး မှားသွားရင် တောင်းပန်ဖို့ဝန်မလေးတဲ့သူပေါ့။မှနိတယ်ထင်ရာလုပ်တက်တဲ့အကျင့်လေးကြောင့်တော့ တစ်မျိုးလုံးနဲ့အပြင် မိဘတွေနဲ့ပါ မျက်စောင်းတချိတ်ချိတ်ဖြစ်ခဲ့ရတာတွေမှအများကြီး။
အဲ့လို အားလုံးနဲ့ တစ်ယောက်ဖြစ်လာရင် လူသိပ်ကပ်ချင်တဲ့ ကျွန်တော်က စိတ်တွေအဆင်မပြေဖြစ်လာတာပေါ့။ စိတ်အကြီးအကျယ်အဆင်မပြေဖြစ်လာရင် ကိုယ်အသားနာအောင်လုပ်တက်တဲ့ အကျင့်နဲ့ ကျွန်တော်ဟာ ကိုယ်ကိုကိုယ် အသက်၁၆နှစ်တောင် ရှိနေအုံးမယ်မထင်ခဲ့ဘူး။
ဒီမေးခွန်းက ကျွန်တော့်အနေနဲ့ အများသောအားဖြင့်အချို့ရင်းနှီးသူတွေဆီက ကြားလေ့ရှိတဲ့ ခံပြင်းရင် သေလိုက်လေ ဆိုတာမျိုးကြားရရင် ကိုယ်ကိုကိုယ်မေးလေ့ရှိတဲ့မေးခွန်းပါ။အားယူတဲ့အနေနဲ့ပေါ့။သာမာန်မေးခွန်းလေးပေမဲ့ ကျွန်တော့်ဘဝကို ရပ်တန့်ဖို့ တွေးတဲ့စိတ်ကူးဟာ ပျောက်သွားပါတယ်။
ကိုယ်ကို မကြည်ဖြူတဲ့လူထက် ကျွန်တော်နဲ့တည့်တဲ့ ခွေးကလေးတွေကြောင်ကလေးတွေဟာ ကျွန်တော်မရှိတော့ရင် ဘယ်လို နေမလဲ။သူတို့ကို ဘယ်သူအစာကြွေးမလဲ ၊ဘယ်သူက အိပ်ဖို့နေရာရှာပေးမလဲ ဆိုပြီးတွေးခဲ့တာပါ။အဲ့လိုများများတွေးပေးတော့ ကိုယ်ဟာ လောကကြီးထဲမှာ ကိုယ်နည်း၊ကိုယ်ဟန်နဲ့ ရှင်သန်ရသူလိုခံစားခဲ့မိတော့တာပဲ။ဒါဟာလဲ ကျွန်တော်ရှင်သန်ချင်ခဲ့အတဲ့အကြောင်းပြချက်လေးပါပဲ။
နေစဥ်ဒူဝလုပ်ငန်းစဥ်တွေမှာ ရုန်းကန်ကြရင်း စိတ်ခံစားချက်တွေထိလာခိုက်လာပြီး ဘဝကြီးကို ရပ်တန့်ပြစ်ချင်ရင် အထက်က မေးခွန်းလေးနှစ်ခုကိုမေးဖို့ အကြံပြုချင်ပါရဲ့။
လူတွေထဲက လူမို့ ကိုယ်စီစိတ်ဒဏ်ရာနဲ့ စိတ်အားငယ်မှုကိုယ်စီကိုယ်ငှရှိကြတာပဲ။မထုတ်ပြဘဲသာနေတာပါ မခံစားရလို့ဆိုတာမျိုးမှမရှိပဲ။တစ်ခါတစ်လေ စိတ်ခံစားမှုတွေထဲ လဲကျနေရင်တော့ ကျွန်တော်တို့ဟာ ပြန်ထရမှာပါ။
အချို့အချိန်တွေမှာ ကျွန်တော်တို့ဟာ ခလုပ်တိုက်မိလို့ လဲသွားမှာပဲ။လဲကျတဲ့အတိုင်း ထိုင်နေလို့မဖြစ်တာမို့ ကျွန်တော်တို့ပြန်ထရပါမယ်။ကိုယ်အားနဲ့ မထနိုင်ဘူးဆိုရင် အကြောင်းပြချက်ကလေးတွေဆီကနေ အားယူလို့ရပါလိမ့်မယ်။
တစ်ခါတလေမှာ ဘဝကိုဆက်လက်ရှင်သန်ဖို့က ရိုးရှင်းတဲ့အကြောင်းပြချက်ကလေးပဲကျွန်တော်တို့ လိုအပ်ခဲ့ပါတယ်။ဒီတိုင်း အကြောင်းပြကလေးဆိုလဲ လုံလောက်ပါတယ်။
ကျွန်တော်မှာ ကျွန်တော်လို့ ရုန်းထနိုင်သူတွေအတွက်ပြောစရာ ဆောင်ပါးချင်သေးသလို ရုန်းထဆဲ သူတွေအတွက်ဆောင်ပါးစရာလဲရှိပါတယ်။
နာရီကိုကြည့်လိုက်ပါအုံး အချိန်တွေတရွေ့ရွေ့ကုန်နေပြီ၊ဒီလက်တံရောက်တဲ့အထိ ကျွန်တော်တို့ဟာ တောင့်ခံနိုင်ခဲ့ကြပါပြီ။ဒါဆို ရှေ့ကိုဆက်ပြီး တောင့်ခံထားဖို့ရော မဖြစ်နိုင်စရာအကြောင်းများရှိသေးသလားဗျ။ကျွန်တော်အနေနဲ့တော့ မရှိနိုင်ဘူးလို့ပဲ ထင်ပါတယ်။ဒီအထိတောင်ရောက်လာပြီပဲ အတူဆက်သွားကြရအောင်ပါ ။
ချစ်တဲ့
သစ်တိုင်းမွှေး
N/ကျွန်တော်အနေနဲ့ ၁၅ရက်၂လ၂၀၂၅မှတင်ပေးဖို့စဉ်းစားထားပေမဲ့ အဲ့အချိန်ကျတင်ပေးဖို့မသေချာတာမို့တင်ပေးလိုက်ပါတယ်
Keep Reading