Author's Profile Photo

Tawtawti

5/01/2025

ကမ္ဘာဦးရဲ့နှလုံးသားပရိုဂရမ် ( ဇာတ်သိမ်း ) နိဒါန်း၏ နိဂုံး

4 mins read
Book Review
Art
Novel
ကမ္ဘာဦးရဲ့နှလုံးသားပရိုဂရမ် ( ဇာတ်သိမ်း )
နိဒါန်း၏ နိဂုံး's photo

( နိဒါန်း၏နိဂုံး )

"ကိုရယ်...ဒီ အိပ်ချ်အိုင်ဗွီ (HIV) ပေါ့စတစ်က ဘယ်လိုဘယ်ပုံဖြစ်ပြီး ကူးစက်သွားရသလဲဆိုရင်.. မေ ဆက်စပ်တွေးထင်ယူဆမိတာကတော့ တခုဘဲရှိတယ်..။ တခါတုန်းက မေ ပြောပြခဲ့ဘူးတယ်လေ..။ လက်မောင်းမှာ ကြက်ပုံရုပ်တက်တူးလေးကို အမှတ်တရ ထိုးခဲ့ဖူးတယ်ဆိုတာ။ အဲဒီတုန်းက အသုံးပြုခဲ့တဲ့ တက်တူးအပ်နဲ့ ဆေးပစ္စည်းတွေက မသန့်စင်ဘူးများလားထင်ပါရဲ့..၊ အင်း..မေ့ရဲ့ ဇွတ်လုပ်တတ်တဲ့အကျင့်နဲ့ ကိုယ့်စိတ်ဆန္ဒစွဲတခုကလွဲရင်.. မေလေ.. ဒါကို အသိတရားနဲ့ သတိမထားလိုက်မိဘူး ကိုရယ်.."

မိန်းမပျိုလေးက မည်သို့ပင် လှည့်ပတ်ဖြေရှင်းပြစေကာမူ..၊ မည်သည့်အကြောင်းနှင့်မျှပင် သူမနှင့်ဆက်ပြီး လက်မတွဲဖို့ တားမြစ်နေစေကာမူ.. လူငယ်လေးက လုံးဝလက်သင့်မခံပေ။ ပြီး.. သူ့စကားကိုလည်း အတည်အတံ့ လေးနက်စေလို၍ ထင်သည်.. ၊ မိန်းမပျိုလေးကို သေချာစူးစိုက်ကြည့်လျက်ကပင် ပြောနေလေ၏။

"ကဲ...စိတ်ညစ်စရာတွေ မေ့ထားလိုက်ပါတော့ကွာ...၊ ဒီမှာ...မေ.. မင်းဘယ်လိုအခြေအနေပဲရောက်ရောက်.. ဘာပဲဖြစ်ဖြစ်..ကိုကို့ဘက်က အချစ်တွေကို ပြတ်စဲမပေးနိုင်ပါဘူး၊ မေ့ကို သစ္စာရှိရှိ ဆက်ချစ်နေပါ့မယ်၊ မေ့ကျန်းမာရေးကိုလည်း ကိုကိုကိုယ်တိုင် စောင့်ရှောက်မယ်၊ မေ့ကို ပိုဂရုစိုက်ပေးမယ် ..၊ ဒီရောဂါအတွက်လည်း အေအာတီ (ART) လိုခေတ်မီဆေးဝါးတွေလည်းရှိနေတာပဲလေ၊ ဘာမှပူပန်မနေနဲ့ ဟုတ်ပြီလား..၊ မေ့ဘေးနားမှာ ကိုကိုအမြဲတမ်းထာဝရ ရှိနေပေးမယ်နော်.."

"အို.. ကိုကိုရယ်..."

ညဦးလရောင်သည် နှစ်ဦးသားပေါ်၌ ဖြာဝေစွာ လင်းပကျရောက်နေလေသည်။

..............................................

နူးညံ့ခြင်းပန်းရင်ပြင်မှာ
မိုးထိတိုင် သင်းရနံ့တွေထက်
ရာနှုန်းပြည့် အေးမြခြင်းတို့သာ
သွန်းဖြိုးပါလေ

သူ ချစ်တဲ့အခါ
လောကမှာ
မြင်သမျှ လှတယ်

ပျားရည်မြစ်ပြင်ကျယ်ရဲ့အနာဂတ်မှာ
အိုအေစစ်ကင်းမဲ့ ကန္တာရ မရှိစေရ။

..............................................

တိတ်ဆိတ်အေးငြိမ်းသည်ဟုထင်ရသော်လည်း သောကမီးတို့ဖြင့် ပူလောင်နေသော တစသုဿန်မြေအတွင်း အသစ်စက်စက် အုတ်ဂူဖြူဖြူလေးသည် အသက်စစ်စစ်ကင်းမဲ့လျက် ငြိမ်သက်စွာ တည်ရှိနေသည်။

တယောက်သောသူမသည် ဝေ့သီလာသော...မျက်ရည်စများကို လက်ဖြင့်အသာပွတ်သပ်သိမ်းဆည်းရင်း အုတ်ဂူပေါ်သို့...နှင်းဆီပန်းစည်းလေးကို ခပ်ဖွဖွလေး တင်လိုက်၏။

ပန်းစည်းတွင်ရေးသားထားသော အလွမ်းစာသားလေးက...

"ချစ်ရသော..ကိုကို (ခ) လူကိုနော် အတွက်
ကွယ်လွန်ခြင်းတလပြည့် အမှတ်တရ "

.............................................

သံလမ်းလို နှစ်ဘက်ညီပြီး
အတူတူ တလမ်းတည်းအဖြစ်
ခရီးဆုံးသွားကြမယ့်သူတွေလို့
ယုံကြည်မိဖူးပါရဲ့
နှစ်ဘက်ပေါင်းမှ တလမ်းဆိုပြီးတောင်
စိတ်ကူးနဲ့ ကြည်နူးမိခဲ့တယ်

တကယ်တမ်းတော့
ဆုံမှတ်မဲ့ မျဉ်းပြိုင်တွေရဲ့ ပန်းတိုင်ဆိုတာ
ဇာတ်ပေါင်းခန်းနဲ့ အနမ်းပန်းချီ ဆွဲပြမရသလို
စိတ်ကူးထဲက အတိုင်းလည်း
လမ်းမမည်ခဲ့ကြရှာပါ

တို့နာကျင်အောင်
ငါတို့အကြား
ကံကြမ္မာရထား
သူဖြတ်ပြေးသွားဖို့
သံယောဇဉ် ဇလီဗာတုံးတွေ
ငါတို့ကိုယ်တိုင်စေခင်းထားပြီး
ဆက်သွယ်နေသွားခဲ့မိရုံသာကွယ်။

..............................................

သေခြင်းဆိုသည့် ထိုအနိစ္စတရား .. ဆန်းကြယ်လှပါတကား။
သူမအား ပိုမိုဂရုစိုက်ပေးမည်ဆိုသော...လူကိုနော်သည် ကမ္ဘာဦးထက်ပင် လောကအတွင်းမှ အရင်စောနှင့်စွာ ထွက်ခွာသွားချေပြီ ။

အကြောင်းက ...
ထိုနေ့.. ကမ္ဘာဦးနှင့်တွေ့ဆုံခဲ့အပြီး အိမ်အပြန်။ လူကိုနော်မှာ နာကျင်ကြေကွဲမှုကို ခဏတာ ဖြေဖျောက်ဆေးကြောရန် တဦးတည်း ဆိုင်ကယ်စီးနင်းလျက် နဒီသစ်စားသောက်ဆိုင်သို့ သွားရောက်မိ၏။

ဖြစ်ပျက်သမျှကိစ္စအားလုံးမှာ ကိုယ်ကျင့်တရားကြောင့် မဟုတ်ခဲ့သည်မို့ ဂုဏ်သိက္ခာအတွက်တော့ မစိုးရိမ်မိပါချေ။
သို့ဖြစ်ရာ သူတကိုယ်တည်းသာ တွေးလျက်ဆွေးလျက် ငြိမ်သက်နေလိုမှုကြောင့် ရင်ဖွင့်ဖော်သူငယ်ချင်း အမ်ဒီးတန်ကိုပင် ဝင်မခေါ်ခဲ့ပေ။

ထို့ကြောင့်ပင်..တဦးတည်း အထိန်းအကွပ်မရှိ အသောက်အတော်များသွားခဲ့ရသည်။ စားသောက်ဆိုင်မှအထွက် အိမ်အပြန်လမ်းတွင် ကားတစီးကိုကျော်တက်ရင်း ရုတ်တရက် ဆိုင်ကယ်အက်ဆီးဒင့်ဖြစ်၏။ ထို အက်စီးဒင့်နေရာ၌ပင် မမျှော်လင့်ဘဲ ဆိုင်းမဆင့် ဗုံမပါ ကွယ်လွန်တိမ်းပါးသွားခဲ့ရလေ၏။

သြော်..အခုများတော့ ကိုယ်နဲ့စိတ် ဒဏ်ရာဝေဒနာတို့ဖြင့် တွယ်ရာမဲ့.. အဖော်မဲ့.. တယောက်ထဲ ဆွေးကျန်ရစ်ခဲ့ရသူကား...

လူကိုနော် မြတ်မြတ်နိုးနိုး ချစ်ရပါသော အချစ်ဆုံးသူ။

မေရီ ... သို့မဟုတ် ... ကမ္ဘာဦးရယ်သာ ... ။

.............................................

"အား ... ငါပေါက်ကရတွေ လျှောက်စ

တဇောက်ကန်းသမားနွေဦးအားမာန်ခေါင်းလောင်သံဟိုလိုလို ဒီလိုလို ဝေလည်လည်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်သုံး (၆-၁၀) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၁၅-၂၅) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၂၆-၃၂) မြကတ္တီပါလမ်း (Book review)ပန်းကြာဝတ်မှုံ - ခင်ခင်ထူး

Unlock to read this premium article with 10 points.