Author's Profile Photo

547

4/01/2025

အိမ်မက်ထဲမှာတွေ့ခဲ့သော ကျနော် နဲ့ ရွှယ်တူအမျိုးသမီးတစ်ယောက်…

1 min read
Art
Entertainment
Creative

2025 1 လပိုင်း 3 ရက်နေ့မှာ ကျနော် ညနက်တဲ့ထိ ဖုန်းတစ်လုံး နားကြပ်တစ်ခုနဲ့ squid game movie series ကို ကြည့်နေခဲ့တယ်။ ဇာတ်ကားလည်းပြီးရော မအိပ်ခြင်သေးတာ နဲ့ YouTube က ဒေါင်း ထားတယ့် တရားတပုဒ် ကို နာနေလိုက်တယ်။ တရားနာရင်း အိပ်ခြင် သွားတာနဲ့ ဖုန်းပိတ် နားကြပ်ဖြုတ်ပြီး အိပ်ခဲ့တယ် ။ အိပ်ပျော်သွားပြီး အိမ်မက်ထဲမှာ အဒေါ်ကြီးတစ်ယောက်နဲ့ ကျနော့်အရွှယ်အမျိုးသမီးတစ်ယောက် အမေ နဲ့ စကားပြောနေခဲ့တယ်။
ခနကြာတော့ ကျနော့်အရွှယ်အမျိုးသမီးကို သူ့အိမ်ကိုလိုက်ပို့ပေးခဲ့တယ်။ သွားတယ့်လမ်းမှာ သူမ နဲ့ ကျတော် သွားတယ့်လမ်းမှာ တစ်ယောက်နဲ့တစ်ယောက် ကြည်စယ်ရင်း ပျော်ပျော်ရွှင်ရွှင်သွားနေခဲ့တယ်။ သူအိမ်က စားသောက်ဆိုင်ကြီးတစ်ဆိုင် ကျနော်လည်း သူအိမ်ကိုလိုက်ပို့ပေးပြီး အပြန်မှာ သူက ကျနော့် နောက်ကိုပြေးလိုက်လာပြီး ကျနော်လက်မောင်းကို အတင်းဆွဲဖတ်ကာငိုနေတယ် ကျနော်လည်းဘာဖြစ်နေတာလဲ သိခြင်တာနဲ့ နောက်ကို လှည့်ကြည့်လိုက်တော့ ထိုအမျိုးသမီးရဲ့ မိသားစု လို့ယူဆရတယ့် လူအုပ်က ဒေါသထွတ်ပြီး တစ်ခုခုကို တီးတိုး ပြောနေဟန် ကိုတွေ့ရတယ်။ အဲ့တာနဲ့ ကျနော်လည်း စိတ်ရှုပ်ပြီး အိမ်ပြန်ခေါ်လာတော့ ထိုအမျိုးသမီးက သူအဒေါ်နဲ့စကားပြောနေတယ် တစ်ခုထူးဆန်းတာက သူတို့ဘာပြောနေလဲဆိုတာ ကျနော် တစ်လုံးမနားမလည်ဘူး ဖြစ်နေတာ သူတို့ဘယ်ဘာသာစကားနဲ့ပြောနေမှန်းလည်းမသိဘူး။ သူတို့ပြောတာ တစ်လုံးမှ ကျနော် နားမလည်တာနဲ့ အမေ့ ကို သူတို့ဘာပြောနေကြတာလဲ သားနားမလည်ဘူးလို့ပြောလိုက်တော့ တုံးလိုက်တာ ငါ့သား‌ရယ် ဆိုပြီး တစ်ခွန်းပဲ ရယ်ပြီးပြောတယ် ။ ခ‌နနေတော့ အဲ့အမျိုးသမီးက ငိုနေတယ်။ ကျနော့်သူရဲ့ ချစ်သူကောင်လေးတစ်ယောက်လို ဖတ်ထားပြီး နှစ်သိမ့်ပေး နေတယ် ဘာကြောင့် ကျနော်လည်း ကိုယ်နဲ့မသိတယ့် အဲအမျိုးသမီးကို ပွေ့ဖတ်ထားပြီး အငိုတိတ်အောင် ‌ချော့သိပ်‌ပေး‌နေခဲ့လဲ စဉ်းစားတာ ဘယ်လိုမှစဉ်းစားလို့မရဘူး။ တစ်ခုထူးဆန်းတာက ကျနော် အဲ့လို အမျိုးသမီးတစ်ယောက်ကို ဖတ်ပြီး မျက်ရည်တွေဘာတွေသုတ်ပေးနေတာက ကျနော်အမေ့‌ရဲ့ ရှေ့မှာဖြစ်နေတယ်။ ပုံမှန်ဆို အမေက ကျနော့်ကို မိန်းကလေး တွေနဲ့ ပတ်သပ်တာ မကြိုတ်ဘူး အပေါင်းအသင်းဆိုလည်း မိန်းကလေးသူငယ်ချင်းမထားရဘူး ကြီးလာလည်းမိန်းမ မယူရဘူး စသဖြင့် ကျနော့်ကို မိန်းမတွေနဲ့ ပတ်သပ်မှာ ကို မကြိုတ်တယ့်သူ အဲ့ကိစ္စနဲ့ ပတ်သပ်ရင် အရမ်း အစွန်းရောက်တယ့် သူ အဲလိုလူရဲ့ ရှေ့မှု မိန်းကလေးတစ်ယောက်ကို ကျနော့်က ဖတ်ပြီး နှစ်သိမ့်ပေးနေတာကို အမေက ပြုံးပြုံးကြီး ကြည့်နေတယ့် အဲ့အချိန် ကျနော်နားထဲတစ်ယောက်ယောက်ရဲ့ အော်သံကြားပြီး အိပ်ယာကနိုးလာခဲ့တယ် ။ ကျနော်နိုးတယ့် အချိန်ကို ကြည့်လိုက်တော့ မနက် 10 နာရီ ကျော်နေပြီ ။ ကျနော် က အပြင် Real-life မှာ မိန်းကလေးတွေ စကားသိပ်မပြောဖူးဘူး 3,4 တန်းလောက်ကတော့ မိန်းကလေး သူငယ်ချင်း‌ တွေ ရှိခဲ့ဖူးတယ်။ သူတို့နဲ့တော့ စကား‌ပြောဖူးတယ် အရမ်းအရင်းအနှီးကြီး တော့မဟုတ်ဘူး။ သူတို့တွေကလွှဲရင် ကျနော့် တစ်သက် မှာ ကျနော်နဲ့ ရွှယ်တူမိန်းကလေး တွေကို စကားပြောဖူးတာ မရှိသလောက်ဘဲ ။ ဘာ‌ကြောင့် မှန်းမသိ ကျနော့် အိမ်မက်ထဲမှာ ထို အမျိုးသမီးနဲ့ အတူရှိနေတုန်းက ပျှော်ရွှင်သလို နွေးထွေးသလို ခံစားရတယ်။ ကျနော် ခုချိန်ထိ အိမ်မက်ထဲက အကြောင်းအရောတွေမှတ်မိနေပေမယ့် အိမ်မက်ထဲက ‌အဒေါ်ကြီးနဲ့သူမ ရဲ့မျက်နှာကိုမမှတ်မိဘူး။ ကျနော် ဘယ်လိုဘဲစဉ်းစား စဉ်းစား သူတို့ရဲ့ မျက်နှာကို လုံးဝမမှတ်မိဘူး ဖြစ်နေတယ် ဘာပဲဖြစ်ဖြစ် ထိုအမျိုးသမီးလေးရေ ထပ်တွေ့ခွင့်ရရင် အိမ်မက်ထဲမှာ ထပ်တွေ့ခြင်ပါသေးတယ်…

Keep Reading

မိုင်နိမ်းအစ် ( စ် ) ဂျော့ ( အခန်းဆက်ဝတ္တုရှည်)မိုင်နိမ်းအစ် (စ်) ဂျော့ အပိုင်း ( 4 )မျက်နှာကို တော်တော်တည် ထားသည်How To Train Your Dragon (2025) Spoiler Free Movie Reviewမိုင်နိမ်းအစ် (စ်) ဂျော့ အပိုင်း ( 3 )Elio (2025) Spoiler Free Movie Reviewလွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ❝ဈေးရောင်းခြင်း အနုပညာ❞