Charming Yu
#BookReview
#charminyu
#StrongWoman
#Nyana
စာအုပ်မျက်နှာဖုံးပေါ်က အမျိုးသမီး ပုံလေးကို မြင်လိုက်တော့ အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်ဖို့ သတိရတယ်။
သန်မာတဲ့အမျိုးသမီး တစ်ယောက် မဟုတ်သေးသော်ငြားလဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်အတတ်နိုင်ဆုံး ရပ်တည်နိုင်ခဲ့တာ၊အဆိုး အကောင်း ရင်ဆိုင်ကြုံတွေ့တာနဲ့ပတ်သက်ပြီး တောင့်ခံနိုင်ခဲ့တာပဲလေ….
စာအုပ်လေး ဖတ်နေရင်းနဲ့ စိတ်ထဲကနေ ရုတ်တရက် ပထမဆုံး ကိုယ်နဲ့ရင်းနှီးပြီး inspired ဖြစ်ခဲ့ရတဲ့သူက ဘယ်သူလဲ မေးခွန်း ပေါ်လာတယ်။
တံငါ နားနီး တံငါ မုဆိုး နားနီး မုဆိုး ဆိုသလိုပဲ ကျွန််မနဲ့ နေ့စဉ်ထိတွေ့ ပတ်သက်နေခဲ့ရတဲ့ ချစ်ရတဲ့ အမျိုးသမီး ဆီက အမူအကျင့်၊ အပြောအဆိုတွေ ၊ကူညီပေးတတ်မှုတွေက မသိစိတ်ထဲက အတုယူခဲ့တာတွေလဲ ရှိပါလိမ့်မယ်။ လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် Rapport လုပ်ရင်း ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေ တွေ ဖြစ်လာတယ်၊ ရရှိလာကြတယ်။
တကယ်တော့ အမျိုးသမီး တစ်ယောက်ဖြစ်ရတာလဲ လွယ်တော့ မလွယ်ကူပါဘူး။အိမ်ထောင်ရှိတဲ့ အမျိုးသမီးတွေဆို ကလေးအတွက်၊အိမ်မှုကိတ်စ၊အမျိုးသားအတွက် စသဖြင့် ဘက်မျှအောင် လိုက်လုပ်နေရမှာ တွေးကြည့်တာနဲ့တင် စိတ်ပင်ပန်းရပါတယ်။ ဘက်မျှအောင် ကြိုးစားလုပ်တတ်တဲ့ အိမ်ထောင်ရှင်အမျိုးသမီးတွေကိုလဲ မချီးကျူးပဲ မနေနိုင်ဘူး။
ကျွန်မအသက် ၂၂တုန်းကဆို အသက်ဘယ်လောက် ရောက်ရင် ဘာဖြစ်ရမယ်ဆိုပြီး goal setting ချမှတ်ခဲ့တယ်၊ အသက် ၂၅နှစ်ရောက်တဲ့အချိန် ကိုဗစ်ဖြစ်တယ်၊နိုင်ငံရေးဖြစ်တယ်။ မျှော်မှန်းထားတဲ့ အရာတွေ ဝေးသွားပေမဲ့ စိတ်ညစ်ခဲ့ပေမဲ့ အတွေးကို ကြိုးစားပြောင်းပစ်ခဲ့တယ် ၊ တခုခုစိတ်ဝင်စားရာ အပေါ်မှာ အာရုံပြောင်းပြီး လေ့လာမယ် ၊စိတ်ကိုလဲ ပေါ့”ပါး” ထားဖြစ်သွားတယ်။ ဒါက ကိုယ့်ဖြစ်တည်မှုကို အမှန်အတိုင်း လက်ခံလိုက်ပြီး gratitude လေးကြောင့် ဖြစ်မယ်လို့ ထင်ပါတယ်။
ဒီစာအုပ်လေးကတော့ ဆယ်ကျော်သက်အမျိုးတွေ၊ သန်မာတဲ့ သူတစ်ယောက်မှာ ရှိနေတတ်တဲ့ စိတ်နေစိတ်ထားတွေကို သိရှိချင်လျှင် ဖတ်ရူဖို့ အင််မတန်မှ သင့်တော်ပါတယ်….
Keep Reading