ခိုင်ခန့်

ကျွန်တော်တို့ အိမ်တစ်အိမ်ဆောက်ဖို့ပဲဖြစ်ဖြစ် အိမ်ခြံမြေ အရင်ဝယ်ထားတာပဲဖြစ်ဖြစ် ကိုယ့်ရဲ့အိမ်ကို လုံခြုံစေဖို့ ဒါမှမဟုတ် ကိုယ့်ရဲ့မြေကို လုံခြုံစေဖို့ ခြံစည်းရိုးတွေခတ်ကြပါတယ်။ခြံစည်းရိုးတွေက အိမ်တစ်အိမ်ရဲ့ အပြင်ဘက်လုံခြုံရေးကိစ္စမှာ အဓိကပါဝင်ပါတယ်။ခြံစည်းရိုး ကောင်းကောင်းခတ်ထားတဲ့အိမ်ဆိုရင် သူခိုးတွေတော်ရုံတန်ရုံ ဝင်မွှေလို့မရပါဘူး။ခြံစည်းရိုးမကောင်းတဲ့ အိမ်ဆိုရင်တော့ အဲ့အိမ်ကိုသူခိုးတွေက စိတ်ကြိုက်ဝင်မွှေလို့ ရပါတယ်။
အိမ်ရဲ့လုံခြုံမှုကိုအဓိကတာဝန်ယူထားတာ ခြံစည်းရိုးဘဲဖြစ်ပါတယ်။ဒါပေမဲ့ မိသားစုမရှိရင် အိမ်ဆိုတာလည်းမဖြစ်လာပါဘူး။ အိမ်ကို ကာကွယ်ပေးထားတာ ခြံစည်းရိုးဖြစ်သလိုပဲ ကျွန်တော်တို့ရဲ့ မိသာစုဘဝကို မယိုယွင်းမပျက်စီးအောင် ကာကွယ်ပေးထားတဲ့အရာက ဘာဖြစ်မလဲ.
မိသားစုဆိုတာက တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ချစ်ခင်မှု၊ အပြန်အလှန်ယုံကြည့်မှုနဲ့ ဖွဲ့စည်းထားတာပါ။မိသားစုတစ်စုမှာ အိမ်ထောင်ဦးစီးကပဲ ကောင်းနေလို့မရပါဘူး။အိမ်ထောင်ဦးစီးကကောင်းပြီး အိမ်ထောင်ရှင်မကညံ့နေရင် ဒီမိသားစုမှာ အဖုအထစ်တွေများလာပြီး မိသားစုဘဝယိုယွင်းသွားနိုင်ပါတယ်။အလားတူပဲအိမ်ထောင်ရှင်မချည်းပဲလည်း ကောင်းနေလို့မရပါဘူး။နှစ်ဦးနှစ်ဖက်လုံးမျှတနေမှသာ မိသားစုဘဝမှာအဆင်ပြေကြမှာဖြစ်တယ်။
မိသားစုတစ်စုမှာ အဓိကဦးဆောင်သူနှစ်ယောက်ဖြစ်တဲ့ အိမ်ထောင်ဦစီးနဲ့အိမ်ထောင်ရှင်မတို့နှစ်ယောက်လုံး မိမိရဲ့မိသားစုဘဝမှာပျော်ရွှင်အဆင်ပြေစေဖို့ အချက်တစ်ချက်ပဲ လိုက်နာရမှာဖြစ်ပါတယ်။အဲ့ဒီအချက်တစ်ချက်ကတော့ မိမိရဲ့မဖောက်ပြန်တတ်တဲ့ကိုယ်ကျင့်တရားပဲဖြစ်ပါတယ်။ခုခေတ်မှာ မိသားစုတွေရဲ့ထက်ဝက်လောက်က ဖောက်ပြန်နေကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့ မိမိတို့ဘဝကို ကာကွယ်ပေးနိုင်မဲ့ ခြံစည်းရိုးနဲ့တူတဲ့ ကိုယ်ကျင့်တရားကိုမစောင့်ထိန်းကြလို့ပါ။အဲ့ဒီ ကိုယ်ကျင့်တရားစယိုယွင်းတာနဲ့ အဲ့မိသားစုရဲ့ဘဝဟာလည်း ပျော်ရွှင်ဖွယ်မေကာင်းတော့မှာ သေချာပါတယ်။ခြံစည်းရိုးနဲ့တူတဲ့ကိုယ်ကျင့်တရားမရှိရင် မိမိတို့ရဲ့မိသားစုဘဝကို မိမိကိုယ်တိုင်ကပဲဖြစ်ဖြစ် အပြင်လူကပဲဖြစ်ဖြစ် ဖျက်စီးသွားမှာပါ။အိမ်ပျက်တာက ပြန်ပြင်ဆောင်လို့ရတယ်။မိသားစုဘဝပျက်သွားရင် ပြန်ပြင်ဆောက်လို့ရမှမဟုတ်တော့ဘူး။
အဲ့ဒါကြောင့် စာဖတ်သူလေးတို့လည်း မိမိမှာမိသားစုရှိခဲ့ရင် ခြံစည်းရိုးနဲ့တူတဲ့ မိမိရဲ့ကိုယ်ကျင့်တရား စောင်ထိန်းရမှာကိုမမေ့ပါနဲ့။လူတိုင်းကအမှားနဲ့မကင်းပေမဲ့ ကိုယ်မှားသွားတဲ့အမှားက တစ်သက်လုံးပြင်လို့မရမဲ့ အမှားကြီး ဖြစ်သွားလိမ့်မယ်။မိမိရဲ့ကိုယ်ကျင့်တရားကို စောင့်ထိန်းကြပြီး သာယာလှပပျော်ရွှင်တဲ့မိသားစုဘဝကိုရရှိနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်ဗျာ။
သာယာတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ကြရပါစေဗျာ♥️
##ခိုင်ခန့်(4.1.2025)
Keep Reading