Author's Profile Photo

သျှင်လွန်း

14/10/2025

ခင့်ဝါဒီ

1 min read
Poetry
Art
18 Again
ခင့်ဝါဒီ's photo

ခင်က "နေနိုင်တယ်ပေါ့လေ"ဟု
စောင်းကာရွဲ့ကာမေးတော့
ကျုပ်မှာမလိမ်နိုင်ပေါင်
မနေနိုင်သူမှာမောင်ပါခင်ရယ်။

မောင်ခင့်ဆီအရောက်လာနိုင်ခဲ့ရင်
ပုဂံကိုသွားမယ်
နေဝင်ချိန်ကိုအတူတူကြည့်မယ်
နေရီရီအောက်က ခင်ဘယ်လောက်လှကြောင်း
မောင်ပြောမယ်။

တလောကလုံးမှာ
ကိုယ်ကခင့်အတွက်
အရေးပါဆုံးလို့သိခဲ့တဲ့အချိန်
ခပ်မိုက်မိုက်ဘဝင်မြင့်မိတာပဲ။

မေတ္တာကိုတဏှာနဲ့
ရောမချတတ်ကတည်းက
ခင့်ကိုဘယ်လောက်တန်ဖိုးထားကြောင်း
သိနိုင်ပါတယ် ခင်။
#သျှင်လွန်း

Keep Reading

လူ​ကောင်းနဲ့ ​တွေ့လည်းရန်ကုန်မိုးစိတ်ဝိညဉ်Hope or Hopelessမိုးရွာတဲ့​ ​နေ့မာရသွန်​အ​ပြေးသမားကောက်ရိုးတစ်မျှင်လေနှင်ရာနန်းကျဘုရင်ခင့်ဝါဒီ