Author's Profile Photo

Essential Wisdom-Creation

3/01/2025

အတွေးလွန်ခြင်း၏ဆိုးကျိုး၃ချက်

1 min read
Life Style
အတွေးလွန်ခြင်း၏ဆိုးကျိုး၃ချက်'s photo


သင်ဟာ ပြဿနာတစ်ခုခုကြောင့် အတွေးလွန်လေ့ရှိသူလား ဒါမှမဟုတ် အတွေးတွေကြောင့်အလုပ်တွေမလုပ်ဖြစ်တဲ့သူတစ်ယောက်လား။❓

ဒါဆိုရင်ကျွန်တော်ကနေ အတွေးလွန်ခြင်းတွေကဘယ်လောက်ထိဆိုးဝါးကြောင်း နှင့်အတွေးလွန်ခြင်းရဲ့ဆိုးကျိုး ၃ချက်ကိုမျှဝေပေးသွားချင်ပါတယ်။✔️

အတွေးတွေဆိုတာ ကျွန်တော်တို့ရဲ့ဦးနှောက်ထဲကဖြစ်ပေါ်တဲ့ခံစားချက်တစ်မျိုးပါ။အတွေးတွေကြောင့် ကျွန်တော်တို့စိတ်ချမ်းသာနိုင်သလို အတွေးတွေကြောင့်ပဲ စိတ်ပူပန်သောကရောက်နိုင်ပါတယ်။ဒါဟာအတွေးတွေဟာဘယ်လောက်လူတွေရဲ့စိတ်အပေါ်သက်ရောက်သလဲ ဆိုတာကိုသိနိုင်ပါတယ်။မကောင်းတဲ့အတွေးတွေကြောင့် စိတ်လွတ်ပြီး ကိုယ့်ကိုယ်သတ်သေတဲ့အထိတောင်ဖြစ်နိုင်ပါတယ်။?

အတွေးလွန်ခြင်းအများစုဟာ မကောင်းတဲ့ဘက်ကို နှစ်နှစ်ခါခါတွေးခြင်းကြောင့်ဖြစ်ပေါ်လာရတဲ့အရာတစ်ခုပါ။အတွေးလွန်ခြင်းကြောင့်နောက်ဆက်တွဲဆိုးကျိုး ၃ခုကတော့

၁။မိမိကိုယ်ကိုယုံကြည်မှုမရှိတော့ခြင်း

၂။အာရုံမစိုက်နိုင်တော့ခြင်း

၃။စိုးရိမ်ပူပန်မှုများလာခြင်း စတဲ့အချက်တွေပဲဖြစ်ပါတယ်။

ဒီလိုအတွေးလွန်ခြင်းတွေကိုလျော့ကျစေဖို့ဆိုရင်
စိတ်တည်ငြိမ်အောင်တရားထိုင်တာ၊လေ့ကျင့်ခန်းလုပ်တာ၊ဆုတောင်းဝတ်ပြုတာစတဲ့ အတွေးတွေနဲ့ခဏတာဝေးကွာစေမယ့်အရာတွေကိုလုပ်ဆောင်ဖို့အကြံပြုပါတယ်။?

စိတ်တည်ငြိမ်အောင်တရားထိုင်တဲ့အခါမှာ ဘယ်လိုတရားထိုင်ရမှာဆိုတာကိုမသိသေးရင် YouTube မှာ 10 minutes mediation လို့ရိုက်ရှာပြီးတရားထိုင်ကြည့်ဖို့အကြံပြုပါတယ်။ကိုယ်ကတရားထိုင်ရာမှာခက်ခဲနေတယ်ဆိုရင်လဲ သုံးမိနစ်ထိပဲနည်းနည်းချင်း စထိုင်ဖို့အကြံပြုပါတယ်။?

နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ အတွေးတွေဟာ လက်တွေ့ဘဝနဲ့ကွဲပြားပြီး လက်တွေ့ဘဝမှာပဲအရိုးရှင်းဆုံးနေထိုင်ဖို့ပြောချင်ပါတယ်။✨

#ewwithknowledge
#essentialwisdom

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၅-၈) စာစောင်သုံးဆယ့်လေး-နေ့စဉ်နဲ့အမျှကြိုးစားခြင်းစာစောင်သုံးဆယ့်ခုနစ်-အဆိုးထဲကအကောင်းစာစောင်လေးဆယ့်ကိုး - ဘဝရဲ့အစိုးမရမှု မပြိုင်ပါနဲ့ဖန်တီးပါစာစောင်သုံးဆယ့်တစ်-အမှားတွေကနေရနိုင်တဲ့ တန်ဖိုး