Author's Profile Photo

အက္ခရာ - Haruki

31/03/2024

သူ,သူမကို စာဖတ်သူလေး မဆုံးရှုံးသေးပါ

1 min read
Life Style
Personal Development
18 Again
သူ,သူမကို စာဖတ်သူလေး မဆုံးရှုံးသေးပါ's photo

သူငါ့ကိုမချစ်ဘူး။ သူ့မှာ ငါမဟုတ်တဲ့ crush ရှိတယ်။ သူ့မှာချစ်သူရှိသွားပြီ။...

စတဲ့စတဲ့ ဒီလိုအသဲကွဲစကားတွေဟာ အခုခေတ်လူငယ်တွေအများစု ရင်ဖွင့်ပြောဆိုနေကြတဲ့စကားလုံးတွေဖြစ်ပါတယ်။

ဒီလိုစကားတွေဟာ စကားလုံးတွေသာ ကွဲပြားသွားကြပေမယ့် နောက်ဆုံးမှာ မေးခွန်းတစ်ခုတည်းဆီကိုပဲ ဦးတည်သွားပါတယ်။ အဲ့ဒီမေးခွန်းလေးကတော့ ငါ သူ,မ ကိုဆုံးရှုံးသွားပြီလား ဆိုတာပါပဲ။

လူငယ်တွေအများစုကတော့ တစ်ဘဝလုံး ဆုံးရှုံးသွားပြီအထင်နဲ့ စိတ်ဓာတ်ကျကြတယ်။ အသဲကွဲကြတယ်။ ခံစားကြပါတယ်။

ဒါနဲ့ပတ်သတ်ပြီး အဲ့ဒီလူငယ်လေးတွေဆီ ကျွန်တော့်အနေနဲ့ စကားလေးခွန်း ပြောပြချင်တာလေးတစ်ခုရှိပါတယ်။ အဲ့ဒီစကားလေးကို ကိုယ်ကိုယ်တိုင် သေချာတွေးတောကြည့်ပါ။ စကားလေးက

ကိုယ့်ခြေထောက်ပေါ် ကိုယ်မားမားမတ်မတ်မရပ်နိုင်သေးသ၍ ဘယ်အရာမှမတည်မြဲသေးပါ။ ဆိုတာပါပဲ

ဟုတ်ပါတယ်...။ တကယ်ကို မတည်မြဲသေးတာပါ။ ကိုယ့်ခြေထောက်ပေါ် ကိုယ်မရပ်တည်နိုင်သေးတဲ့သူတစ်ယောက်အနေနဲ့ အခုသူချစ်သူရှိနေသေးပေမယ့် သူတစ်ဘဝလုံး အဲ့ချစ်သူနဲ့တွဲသွားမယ်လို့ စာဖတ်သူလေးထင်ပါသလား။ အခုသူက ကိုယ့်ကိုငြင်းပေမယ့် သူတစ်ဘဝလုံးစာအတွက် ကိုယ့်ကိုငြင်းတယ်လို့ စာဖတ်သူလေးအာမခံပါသလား။ စာဖတ်သူလေးကရော သူ,သူမကို တစ်ဘဝလုံးချစ်သွားမယ်ဆိုတာ သေချာပါသလား။

ကျွန်တော်ကတော့သေချာပါတယ်... ကိုယ့်ခြေထောက်ပေါ်ကိုယ်မရပ်တည်နိုင်သေးတဲ့သူတစ်ယောက်အနေနဲ့ သူ့ဘဝအတွက်တောင် သူအနိုင်နိုင်၊ သူ့မှာ ဘဝအတွက် ရုန်းထွက်စရာတွေ၊ ရုန်းကန်စရာတွေရှိပါသေးတယ်။ အဲ့ဒီအတွက်ကြောင့် သူ့ရဲ့လက်ရှိချစ်သူကို သူ့တစ်ဘဝလုံးစာအတွက် ချစ်မယ်ဆိုတာမဖြစ်နိုင်ပါဘူး။ စာဖတ်သူလေးကိုလည်း တစ်ဘဝလုံးစာအတွက် မငြင်းနိုင်ပါ။

သူတင်မဟုတ်ပါဘူး။

စာဖတ်သူလေးကိုယ်တိုင်လည်း ကိုယ့်ခြေထောက်ပေါ်ကိုယ်မရပ်တည်နိုင်သေးသ၍ သူတစ်ယောက်တည်းကိုပဲချစ်တယ်ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ အခြားကိုယ့်ကို လာဖွင့်ပြောတဲ့သူကိုလည်း တစ်ဘဝလုံးစာအတွက် မငြင်းပယ်နိုင်သေးပါ။ ကိုယ့်ဘဝအတွက် လျှောက်လှန်းရမယ့် ခရီးတွေအများကြီးကျန်ပါသေးတယ်။ လူ့ရဲ့စိတ်ဆိုတာဟာ အမြဲပြောင်းလဲနေတာပါ။

ဒါကြောင့် Crush ဆီကနေ အငြင်းခံရလို့၊ Crush ကချစ်သူရှိနေလို့ တစ်ဘဝလုံးစာ သူ့ကိုဆုံးရှုံးသွားပြီလို့ ထင်နေတဲ့ လူငယ်တွေအနေနဲ့ အဲ့လိုထင်တိုင်း ဒီမေးခွန်းကို အမြဲကိုယ့်ကိုယ်ကိုယ်မေးပါ။ သူ,သူမက သူ့ခြေထောက်ပေါ် သူကိုယ်တိုင် မားမားမတ်မတ်ရပ်တည်နေပြီဖြစ်တဲ့ သူတစ်ယောက်လား။ No လို့ဖြေမယ်ဆိုရင်တော့ စိတ်မပူပါနဲ့၊ စာဖတ်သူလေး သူ့ကိုလုံးဝမဆုံးရှုံးသေးပါဘူး။

ဒါပေမယ့် Yes ဆိုရင်တော့ သူ,သူမကို တကယ်ဆုံးရှုံးနိုင်ပါတယ်။ ဘာလို့ဆို သူ့ခြေထောက်ပေါ် သူမားမားမတ်မတ်ရပ်တည်နိုင်သွားတဲ့အချိန်မှာ အရာအားလုံးက အတည်တကျနည်းပါးဖြစ်သွားပါပြီ။ သူလက်ရှိတွဲနေတဲ့ချစ်သူနဲ့တကယ်တွဲနေပါပြီ။ မကြာခင် လက်ထပ်ပါတော့မယ်။

စာဖတ်သူလေးကိုယ်တိုင်လည်း ဒီအခြေအနေမှာ ချစ်သူရပြီဆိုရင် ဒီချစ်သူဟာ စာဖတ်သူလေးနဲ့အတူ လက်ထပ်တော့မယ့်သူပါပဲ။ ကိုယ်ငြင်းမယ့်သူကလည်း တစ်ဘဝလုံးစာအတွက် ဖြစ်သွားပါပြီ။

စာဖတ်သူလေးရေ ဒီစကားလေးကို အမြဲသတိရပါ...

သူ့ခြေထောက်ပေါ် သူမားမားမတ်မတ်မရပ်တည်နိုင်သေးသ၍

စာဖတ်သူလေး သူ့ကိုမဆုံးရှုံးသေးပါဘူး။

စာဖတ်သူလေး အသဲမကွဲသေးပါဘူး။

ᏂᏗᏒᏬᏦᎥ

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)