Your Dearie
"The person you are competing with is your past self and the bar you are raising is for your future self"
စာရေးသူ နားထောင်ဖြစ်တဲ့ podcast လေးထဲက အပိုင်းအစလေး တစ်ခုပါ။
နှစ်တစ်နှစ်ရဲ့အစဖြစ်တဲ့အတိုင်း လူတိုင်းက
ဒီနှစ်တော့ ငါကဘာတွေအောင်မြင်အောင်လုပ်
မယ်ဆိုပီး သွေးဆူနေကြအချိန်ပေါ့။
စာဖတ်သူတို့ သိထားရမှာတစ်ခုက မိမိဘဝရဲ့ တိုးတက်ရာတိုးတက်ကြောင်းနဲ့အောင်မြင်မှုတွေဆိုတာ မိမိကိုယ်တိုင်အတွက်ဘဲဖြစ်တယ် ဆိုတာပါ။
သူများတကာနဲ့ နှိုင်းယှဉ်စရာမလိုတာမို့ မိမိရဲ့ပြိုင်ဘက်လို့ဆိုရရင် အတိတ်ကမိမိ၊ မနှစ်ကမိမိ၊ မနေ့ကမိမိ ကိုယ်တိုင်ဘဲ ဖြစ်သင့်တယ်။
မိမိရဲ့စံနှုန်း၊ self worth နဲ့ progress တွေကို သူများနဲ့နှိုင်းယှဉ်နေမဲ့အစား မနေ့ကမိမိထက်
ဒီနေ့ရဲ့မိမိက ဘာတွေတိုးတက်လာလဲ ဆိုတာပိုပီးအာရုံစိုက်သင့်တယ်။
အဲဒီလိုဘဲ မိမိချမှတ်နေတဲ့life goalsတွေ visionsတွေ standards တွေဆိုတာလည်း အနာဂတ်ကမိမိကိုယ်တိုင်အတွက်ဘဲ ဖြစ်တယ်။
"အခုရေတွင်းတူး အခုရေကြည်သောက်ချင်"လို့မရသလို မျက်စိတမှိတ်အတွင်း ရလာတဲ့အောင်မြင်မှုဆိုတာလဲမရှိဘူး။
ကိုယ်က ရလာဒ်ကောင်းတစ်ခုရချင်ရင် အချိန် ပေးရမယ်။ စည်းနဲ့ကမ်းနဲ့ သွေး၊ ချွေးရင်းပီး ကြိုးစားအားထုတ်ရမယ်။
စည်းနဲ့ကမ်းနဲ့လို့ဆိုတဲ့အခါ ပုံမှန်ကြိုးစားဖို့လိုတာကို ပြောချင်တာပါ။ ကောက်ရိုးမီးတောက် လိုမျိုး ဒီနေ့တော့ ၁၂နာရီလောက်ကြိုးစားပီး မနက်ဖြန်ရောက်တော့မလုပ်တော့ဘူးဆိုရင် ကိုယ့်ရဲ့ကြိုးစားမှုက အရာရောက်မှာ မဟုတ်ဘူး။
မိမိရဲ့တိုးတက်မှု self improvement ဆိုတဲ့အမျိုးက အမြဲတရစပ်သွားနေရတဲ့ ခရီးဖြတယ်။
ခရီးတထောက်နားဖို့လိုတဲ့အချိန်တွေတော့ ရှိနိုင်ပေမဲ့
နေ့ရက်တိုင်းက မိမိရဲ့ပိုကောင်းတဲ့versionကို အရယူဖို့ အခွင့်အရေးအသစ် တွေ ဖြစ်တယ်။
မိမိဖြစ်ချင်တဲ့ ဘဝပုံစံကို ဖန်တီးတည်ဆောက်ယူဖို့ အခွင့်အရေးတွေ ဖြစ်တယ်။
"သင်ပြိုင်ဆိုင်နေရတဲ့သူက အတိတ်ကသင်
ကိုယ်တိုင်ဖြစ်ပီးတော့ သင်မြှင့်တင်နေတဲ့ စံနှုန်းတွေကလည်း အနာဂတ်ကသင်ကိုယ်တိုင်
အတွက်ဖြစ်တယ်"
စာဖတ်သူအပေါင်း
ဒီအဆိုလေးကို နှလုံးသွင်းပီး တစ်နှစ်သာကို လျှောက်လှမ်းရင်း အောင်မြင်မှုပန်းတိုင်အသီးသီးဆီ အရောက်လှမ်းနိုင်ကြပါစေ။
#yourdearie
#selfimprovement
#2ndjanuary2025
Keep Reading