Shwe Pon Ayar
လူတိုင်းက သူကံနဲ့သူပဲ ဆိုသလိုပေါ့ လူချင်းလူရင်တောင်ကံ ချင်းမတူကြဘူး သမီးရဲ့ အမေက ထုံးစံအတိုင်း ကျွန်မအား သြဝါဒ ချွေနေခဲ့သည်။အက်ကံတွေထဲကမှ အမျိုးသမီးတွေအတွက် အိမ်ထောင်ရေး ကံဆိုတာ အရေးကြီးဆုံးပဲ။အိမ်ထောင်မပြုပဲ အပျိုကြီး လုပ်ရင်တော့ တစ်မျိုးပေါ့အေ။
အမျိုးသမီးတစ်ယောက်အတွက် အိမ်ထောင်ရေးကံဆိုတာ ရုပ်ချောတာ ၊ရုပ်ဆိုးတာ ၊ဆင်းရဲတာ၊ချမ်းသာတာ
တွေနဲ့ မဆိုင်ဘူး သမီးရဲ့ ကိုယ်လက်ထက်ယူလိုက်တဲ့ ယောကျာ်းနဲ့ပဲဆိုင်တာ ကိုယ့်ယူတဲ့ယောကျ်ားမကောင်းလို့ကတော့ အက်အမျိုးသမီးဘဝ စိတ်ဆင်းရဲဖို့သာ ပြင်ပေတော့။ပြီးတော့ မိန်းကလေးအချင်းချင်း လိုက်တုပပြီးလည်း ပြိုင်လို့လဲမရဘူး ရုပ်ဝတ္ထုပစ္စည်းတွေဆိုတာက လူကလုပ်တာမလို့ ပြိုင်လို့ရချင် ရလိမ့်မယ်။
အိမ်ထောင်ရေးကံတစ်ခုပဲ ပြိုင်လို့မရတာ ဒီတော့ ညည်းလည်း တစ်ချိန်ကျ အိမ်ထောင်ပြုရင် သေချာစဥ်းစား ကိုယ့်ဦးနှောက်နဲ့ကိုယ် ညည်းကိုကျောင်းထားပေးတာ အက်လိုမျိုးတွေ တွေးတက်ဖို့။
"အမေကလဲ အမေ့သမီးက ခုမှကလေးပဲရှိသေးတာ အပျိုကြီးလုပ်ချင်စိတ်ဖြစ်အောင် လာပြောနေပြန်ပြီ"
အမေပြောသမျှအား စိတ်ညစ်စရာ အစုအပေါင်းအဖြစ်
ကျွန်မ ခပ်ရွဲ့ရွဲ့လေး ပြန်ပြောလိုက်မိသည်။
အေ အပျိုကြီးလုပ်တော့လည်း ငါ့အတွက် ပိုကောင်းတာပေါ့အေ အမေက ဟိုဘက်လှည့်ပြီး မခို့တရို့လေး
ရယ်သွားသည်။ကျွန်မစိတ်ထဲတွင်တော့ ရွာထဲက အိမ်ထောင်ရေးကံမကောင်းကြတဲ့ အမျိုးသမီးတွေအကြောင်း လေးလေးနက်နက်တွေးမိနေခဲ့သည်။
ကျွန်မတွေးလို့ပင် မဆုံးသေး
သားအငယ်ကောင်လေးကို လက်ကဆွဲပြီး ပျာတိပျာယာ
လာနေသော ဒေါ်ဝင်းမာအား အမေကလူကြီးပီပီ
ဟေ့ ဝင်းမာ ဘာတွေဖြစ်လာတုန်း ပျာတိပျာယာနဲ့
ထုံးစံတိုင်းပေါ့ လေးလေးရယ် လေးလေးတူ သောင်းကျန်းနေလို့ ခနရှောင်ထွက်လာတာ
အေ ဖြစ်ရမယ် နင်တို့ သားမိတွေလဲ
လာလာ အိမ်ထဲဝင်နေ အမေ့ကခေါ်တော့ သူ့သားငယ်လေး လက်ဆွဲလို့ အိမ်ထဲ
ဝင်လာတော့သည်။ မျက်နှာမှာလဲ ဒဏ်ရာတစ်ချို့ လက်သီးနဲ့ထိုးခံထားရပုံ ရသည်။
သူ့ခဗျာ မချိပြုံးလေးပြုံးပြီး
အမေနဲ့မျက်နှာချင်းဆိုင် ကျွန်မဘေးက တန်းလျားရှည်မှာ ဝင်ထိုင်လိုက်သည်။အမေက လာနေကျဧည့်သည့်များအား ဧည့်ဝတ်ပြုသလိုပင် ရေနွေးကြမ်းတစ်ခွက် ကောက်ငှည့်ပေးလိုက်၏။လုပ်ပါအုံး အကြောင်းစုံပြောပါအုံးဆိုသော သဘောပင်ဖြစ်သည်။ကလေးငြိမ်နေစေရန်အတွက်လည်း ကျွန်မစားဖို့ဝယ်ထားသော မုန့်ထဲမှ
တစ်ထုတ်ယူ ပေးလိုက်သည်။
မိမိအတွက် ယုံကြည်အားကိုးရသော လူကြီးတစ်ယောက်အား မိမိဘဝအကြောင်းပြောပြပုံမျိုးပင်
ဒေါ်ဝင်းမာမှာ စကားစလာတော့၏။
ထမင်းချက်စားစရာ အိုးတောင် မရှိတော့ပါဘူး လေးလေးရယ် လေးလေးတူလုပ်ပုံနဲ့ ၊ရှိသမျှအိုးတွေ သူမူးပြီးရိုက်ခွဲလို့ နှစ်လုံးဝင်အိုးလေး တစ်လုံးကျန်တာ ခု အက်အိုးလေးပါ ရိုက်ခွဲပြစ်တယ် ကျွန်မတို့သားအမိမှာတော့ ထမင်းတစ်နပ်စားရဖို့ ထမင်းနှစ်ခါ ခွဲချက်နေရတယ်
ခုတော့ ခွဲချက်စရာတောင် မရှိတော့ဘူး
ဒေါ်ဝင်းမာ၏ လေသံမှာ ဖျော့တော့၍ သိမ်ဝင်နေ၏။
သူတို့မိသားစုမှာ ၅ယောက်ဖြစ်တာကြောင့်
နှစ်လုံးဝင်အိုးလေးနှင့်ထမင်းတစ်နပ်စားဖို့မလောက်၍ နှစ်ခါပြန်ချက်ရခြင်းဖြစ်ကြောင်း ကျွန်မ သဘောပေါက်လိုက်ပါသည်။
နင့်ယောကျ်ားကလဲ လွန်လွန်းပါတယ်အေ အိမ်ထောင်ဖြုန်းဆိုတာဒါမျိုးပေါ့ အမေက သူ့စိတ်ထဲရှိရာကို အားမနာပါးမနာ ပြောချလိုက်၏။
ဟွန်း အမေကလဲ လျောက်ပြီးတော့
ဒေါ်ဝင်းမာမကြိုက်မိဆိုး၍ ကျွန်မမှာ အမေ့စကားရပ်အောင် ဝင်းတားလိုက်ရ၏။
"ဟုတ်တယ် တူမရဲ့ လေးလေးပြောသလိုပဲ အမလည်းထိန်းမရလို့သာ လွှတ်ထားရတာ
သူအမအပေါ် အရမ်းနိုင်စားလွန်းတယ်"
ဒေါ်ဝင်းမာပြောနေပုံမှာ သူ့ယောကျာ်းပေါ် ဒေါသမရှိပုံနဲ့တည်ငြိမ်လွန်းလှသည်။တကယ်ပဲ သူ့မှာလင်ယောကျ်ားအပေါ် ဒေါသမရှိလေခြင်းလား သူ့ဒေါသကို ထိန်းချူပ်ထားခြင်းလား မခွဲခြားတက်တော့။ကျွန်မစိတ်ထဲမှာတော့ သူတို့သားအမိအား သနားစိတ်ပြင်းထန်နေခဲ့သည်။အမေဆုံးမသော စကားများကို လက်တွေ့ပြဇာတ်တစ်ပုဒ် ကြည့်လိုက်ရသလိုပင် ဖြစ်သည်။
အမေ့ကို ကြည့်မိပြန်တော့လည်း ဂရုဏာအခိုးအငွေ့များ လွှမ်းမိုးနေသည်ကို တွေ့ရသည်။
သူ့အဖြစ်အပျက်တစ်ချို့အား စိတ်ကျေနပ်လောက်တဲ့ထိ ပြောပြီးသောအခါ
သွားတော့မယ် လေးလေးရယ် အဖေ့တို့အိမ် ဒီညတော့ အက်မှာပဲ အိပ်လိုက်တော့မယ်။
အေအေ နင့်မလဲ တစ်ဒုက္ခပဲ ကိုယ့်အသားတော့ အနာမခံနဲ့ကောင်မလေးရေ လွတ်ရာကျွတ်ရာသာပြေး
ကျွန်မ ဟန့်ထားလို့လားတော့မသိ ဒီတစ်ကြိမ်တော့
အမေ့ခဗျာ ဒေါ်ဝင်းမာတို့လင်မယားကြား ဝင်မပါသလိုဟန်မျိုးနဲ့ အများကြီးမပြောတော့ဘဲ အားပေးသလိုသဘောနဲ့ အပြုသဘောဆောင်ပြီးသာ ပြောလိုက်သည်။ လင်နဲ့မယားဆိုတာ လျှာနဲ့သွားလိုမို့ သူတို့အချင်းချင်းပြန်တည့်သွားတဲ့အခါ အမုန်းခံရခြင်းမှ ကင်းစေသော
သဘောကို အမေနားလည်သွားဟန် တူပါသည်။
အကြောင်းစုံအား မျက်မြင်ကိုယ်တွေ့ ကြားသိ
လိုက်ရသောအခါ ကျွန်မစိတ်ထဲ
ဒေါ်ဝင်းမာအား ပိုလို့ပင် သနားမိသွားသည်။သနားပါတယ် အမေရယ် အိမ်မာလဲထမင်းအိုးတွေ အများကြီး ရှိတာကို တစ်လုံးလောက်ပေးလိုက်ပါလား
မပေးနိုင်ပေါင်တော် ပေးချင် ည ည်းဘာသာ ပိုက်ဆံရှာပြီး ဝယ်ပေးလိုက်ရေ ည ည်းသူတို့အကြောင်း ဘယ်လောက်သိလို့လဲ ဝင်းမာကိုတော့သနားပါတယ် သူ့ယောကျ်ားကတော့ အသံတောင်မကြားချင်ဘူး ကိုယ့်ချစ်လို့
Unlock to read this premium article with 10 points.