SarPhat Author
ကျွန်မတို့တွေဟာ တခါတလေမှာ သူများတွေအတွက် တွေးတောပူပန်ပေး၊ ချစ်ခင်ဂရုစိုက်နေပေး နားလည်မှုတွေပေးရင်း တစ်ခြားသူတွေရဲ့ လိုအင်ဆန္ဒတွေကိုသာဖြည့်ဆည်းပေးနေမိရင်း ကိုယ်ကိုတိုင်အတွက် တခါတရံမှာမေ့နေတတ်ကြ၊ ဂရုမစိုက်မိကြဖြစ်တတ်ပါတယ်။
ကိုယ်ချစ်တဲ့သူတွေ ကိုယ်တွယ်တာသံယောဇဥ်ရှိသူတွေအတွက်ပဲ ဖြည့်စည်းရင်းအသက်ရှင်နေကြရပေမယ့် တခါတလေမှာတော့ မေ့နေတတ်တဲ့ ကိုယ့်ကိုကိုဂရုစိုက်ခြင်းလေးကိုတော့ အမှတ်ရစေချင်လို့ ဒီပို့စ်လေးကိုစိတ်ကူးရေးသားဖြစ်တာဖြစ်ပါတယ်။
ကျွန်မတို့တခါတရံမှာ အရမ်းမွန်းကြပ်လာတာမျိုး၊ မပြည့်စုံသလိုခံစားရတာမျိုး၊ အဆင်မပြေတဲ့ဖီလင်တစ်ခုခုခံစားရတဲ့အချိန်မျိုးမှသာ အော်ငါအသက်ရှင်နေတာ သူများအတွက်လိုပဲ၊ ငါ့အတွက်ဆိုတာဘာမှန်းကိုမသိပါလားဆိုတဲ့ အတွေးမျိုးဝင်တတ်ကြပါတယ်။
အဲဒီတော့ ကျွန်မအနေနဲ့ ဒီနေ့ ကိုယ့်ကိုကိုယ်ဂရုစိုက်ဖို့အတွက် နည်းလမ်းလေးတွေကို သိသလောက်လေး Sharing လုပ်ပေးချင်ပါတယ်။ ပထမတစ်ချက်ကတော့ ဖြစ်နိုင်မယ်ဆိုရင် ကိုယ့်အိမ်ပတ်ဝန်းကျင်မှာ မနက်စောစောလေကောင်းလေသန့်ရတဲ့အချိန်မှာ အသက်ကိုတဝကြီး ရှူသွင်းရှူထုတ်လုပ်ကြည့်လိုက်ပါ။ မျက်လုံးကိုမှိတ်ပါ။ ဘာမှမတွေးဘဲ ဗလာပဲထားပြီးအေးချမ်းအောင်နေကြည့်လိုက်ပါ။ စိတ်လက်အေးချမ်းပေါ့ပါးသွားပါလိမ့်မယ်။
နောက်တစ်ချက်ကတော့ အဆင်ပြေမယ်ဆိုရင် အခန်းတစ်ခန်းထဲမှာ တံခါးပိတ်ပြီး ကိုယ်ကြိုက်နှစ်သက်တဲ့သီချင်း (သို့) မြူးမြူးကြွကြွတေးဂီတတစ်ခုကို အော်ဟစ်သီဆိုကြည့်တာမျိုး (သို့) Zumba အကလေးကတာမျိုး စိတ်လွတ်လက်လွတ်လေးတစ်စုံတစ်ခုကို အချိန်ခဏပေးပြီး လုပ်ကြည့်လိုက်ပါ။ စိတ်ပင်ပန်းမှုတွေပြေပျောက်သွားပါလိမ့်မယ်။
ငယ်သူငယ်ချင်းတွေနဲ့အပြင်မှာ Gathering လုပ်တာမျိုးကလည်း မိမိအတွက်ပျော်ရွှင်စေတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ ငယ်သူငယ်ချင်းတွေနဲ့တွေ့တဲ့အခါမှာ ငယ်ငယ်ကဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေ ပြန်ပြောင်းပြောရင်း ကိုယ့်လက်ရှိအရွယ်နဲ့ အသက်ကိုတောင်မေ့ပြီး ပျော်ရွှင်ဖွယ်အခြေအနေတစ်ခုဖြစ်နိုင်ပါတယ်။ အကယ်၍ Gathering သွားဖို့အထိ အချိန်းအချက်လုပ်ဖို့အဆင်မပြေရင်လည်း ဖုန်းပြောတာမျိုးနဲ့ဆိုရင်ကို အဆင်ပြေစေပါတယ်။
နောက်ထပ်နည်းလမ်းလေးတစ်ခုကတော့ ကျွန်မလုပ်ဖြစ်တဲ့အချက်လေးတစ်ခုလို့ပြောလို့ရပါတယ်။ ဟိုးအရင်ကတော့ ကျွန်မက Feeling တစ်ခုခုရှိတာမျိုး ရင်ထဲမှာတစ်ခုခုတင်းကြပ်နေလို့ ဖွင့်ထုတ်ချင်တာမျိုးဆိုရင် သူများကိုလည်းမသိစေချင်တာမို့ သော့ခတ်လို့ရတဲ့စာအုပ်လေးတွေဝယ်ရေးပြီး ဘီရိုထဲထည့်သိမ်းလေ့ရှိပါတယ်။ ရေးချင်တဲ့အချိန်ကျထုတ်ရေးပေါ့နော်။ အခုတော့ ကျွန်မ Google Note ကိုသုံးပြီးရေးပါတယ်။ Google Note က gmailနဲ့ဝင်ထားလိုက်ပြီးရင် ကိုယ့်ဖုန်းဖြစ်ဖြစ် ipad ဖြစ်ဖြစ်၊ Laptop မှာဖြစ်ဖြစ် Login ဝင်လိုက်တာနဲ့ ပြန်ကြည့်လို့ရတာမို့ ကျွန်မအတွက်အတော်အသုံးဝင်ပါတယ်။ ကိုယ့်အကောင့်နဲ့ကိုယ်မို့ Privacy လဲရှိပါတယ်။ ဒါကနောက်ထပ်နည်းလမ်းတစ်ခုပါ။
နောက်ဆုံးတစ်ခုကျွန်မသုံးတဲ့နည်းလမ်းတစ်ခုကတော့ ပိုက်ဆံသုံးတာပါ။ တခါတရံမှာကျွန်မတို့ဟာ သူများတွေအတွက်ဖြည့်ဆည်းပေးကြပေမယ့် ကိုယ့်အတွက်ကိုနှမြောတတ်ကြပါတယ်။ တခါတရံမှာ မနှမြောပါနဲ့ ကိုယ့်ကိုကိုယ်ဆုချတဲ့အနေနဲ့ ကိုယ်လိုတာတစ်ခုခုကိုဝယ်လိုက်ပါ? စားချင်တာတခုခုကိုစားလိုက်ပါ။ ပျော်သွားပါလိမ့်မယ်။ ပိုက်ဆံကုန်သွားလို့နှမြောလိုက်တာဆိုပြီး ပြီးမှနောင်တမရပါနဲ့ တခါတလေ ကိုယ့်အတွက်တော့သုံးစရာရှိတာ ရဲရဲသုံးလိုက်ပါ။
အခြားသူတွေသုံးတဲ့ နည်းလမ်းလေးတွေလဲရှိကြဦးမှာပါ။ နောက်ဆုံး Conclusion အနေနဲ့ပြောချင်တာကတော့ ခေါင်းစဥ်လေးအတိုင်းပါပဲ ကိုယ့်ကိုကိုယ်ဂရုစိုက်ပါ။ ကိုယ့်ကိုကိုယ်ဂရုစိုက်မှသာ ရေရှည်ရပ်တည်လို့ရနိုင်မှာဖြစ်ပါတယ်။ အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ
#TheNotebySDကိုယ့်ကိုကိုယ်ဂရုစိုက်ပါ။

#TheNotebySD
Keep Reading