Author's Profile Photo

Max's sharing

31/12/2024

"2025မှာ လက်လွှတ်ထားသင့်တဲ့ mindset ၅ ခု"

1 min read
Life Style
Personal Development
Psychology

လာမယ့်၂၀၂၅မှာ လက်လွှတ်ထားသင့်တဲ့ Mindset ၅ခု

▪️နံပါတ်၁- fear
ကြောက်စိတ်ဟာ ယုံကြည်မှုမဲ့ခြင်း၊ တွန့်ဆုတ်ခြင်းတွေကနေလာတတ်ပါတယ်။ အထူးသဖြင့် အခြားသူတွေရဲ့ အမြင်၊ ဝေဖန်မှုကို ကြောက်ခြင်းဖြစ်ပါတယ်။ မိမိလုပ်နေတဲ့အလုပ်ဟာ အခြားသူတွေကို ထိခိုက်ခြင်းမရှိရင် စိတ်သန့်ရှင်းစွာနဲ့ လုပ်ဖို့ ဝန်မလေးပါနဲ့။

▪️နံပတ်၂ -self-doubt
မိမိကိုယ်ကို သံသယဝင်ခြင်းဟာ လုပ်ငန်းတစ်ခုကို ပြီးမြောက်ဖို့အတားအဆီးဖြစ်စေပါတယ်။ အသိပညာနဲ့ နားလည်မှု မရှိတဲ့အခါ သံသယစိတ်တွေ ဝင်လာပါတယ်။ ဒါကြောင့် ‌တိကျရှင်းလင်းတဲ့အသိကို ရရှိအောင် ကြိုးစားရပါမယ်။

▪️နံပါတ်၃ - perfectism
ပြီပြည့်စုံခြင်း
တစ်ခုခုကို စတင်တဲ့အခါ မပြည့်စုံသေးပါဘူး ဆိုတဲ့ အတွေးတွေ‌ေကြာင့် လက်‌ေလျှာ့လိုက်ရတဲ့အကြံစည်တွေအများကြီးရှိပါတယ်၊ ဒါကြောင့် ရှိတာနဲ့ စတင်ပြီး တဖြည်းဖြည်း ပြည့်စုံလာအောင် လုပ်နိုင်ပါတယ်။

▪️နံပါတ်၄- low self-esteem
မိမိကိုယ်ကို လေးစားမှုသာ မရှိရင် ကျန်တဲ့သူတွေကိုလည်း စစ်မှန်တဲ့လေးစားမှုကို ပေးနိုင်မှာမဟုတ်ပါဘူး။ မိမိရဲ့ ကြိုးစားမှုတိုင်းကို အသိမှတ်ပြုပြီး အောင်မြင်မှုကိုလည်း ဂုဏ်ယူတတ်သလို ကျရှူံးမှုတွေကလည်း ပိုမိုကောင်းမွန်တဲ့လမ်းအတွက် အစပျိုးခြင်းဆိုတာ သတိရ သင့်ပါတယ်။ အခြားသူတွေကို ချစ်ခြင်းထက် ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့ ကြိုးစားပါ။

▪️နံပါတ်၅- people pleaser
အခြားသူတွေရဲ့ အကြိုက်တွေထဲမှာ ပျော်မွေ့နေတတ်ခြင်းကို ဆိုပါတယ်။ ကြာလာရင် လူတိုင်းသုတ်လို့ရတဲ့ လက်နှီးစုတ်တစ်ခုလိုဖြစ်လာတတ်ပါတယ်။ လူတိုင်းရဲ့အကြိုက်ကို မလိုက်ဘဲ လွတ်လပ်စွာ နေထိုင်ဖို့ ကြိုးစားပါ။ ကြာလာရင် ကိုယ့်ရဲ့ ထိန်းချုပ်မှု ကင်းလာပြီး အခြားသူတွေရဲ့ ခြယ်လှယ်ခြင်းကိုခံရနိုင်ပါတယ်။

Max's sharing
Let's learn and grow ?

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)