Author's Profile Photo

အက္ခရာ - Haruki

31/03/2024

ဘဝအတွက်အားဆေး FWBS

1 min read
Life Style
Personal Development
Culture
ဘဝအတွက်အားဆေး FWBS's photo

ဆောင်းပါးခေါင်းစဥ်လေးက စာဖတ်သူလေးအတွက် တော်တော်လေးထူးခြားသွားတယ်မဟုတ်လားခင်ဗျာ။ အမှန်တော့ ဒီခေါင်းစဥ်လေးဟာ English စာလုံးတွေရဲ့ အစစကားလုံး ၄ လုံးကိုယူထားတာဖြစ်ပါတယ်။ အဲ့ဒီ ၄ လုံးကဘာလဲဆိုတော့...

Face = ရင်ဆိုင်ပါ
Face the problems

Win = အနိုင်ယူပါ
Win your problems

Build = တည်ဆောက်ပါ
Build your goal

Strong = အားတင်းပါ
Strong your mind ဖြစ်ပါတယ်။

( ဆောင်းပါးလေးအား ဖြည်းဖြည်းမှန်မှန်လေးနဲ့ တွေးတောပြီး ဖတ်ကြည့်ပါ )

Face = ရင်ဆိုင်ပါ

စာဖတ်သူလေးရေ...

အခက်အခဲတွေနဲ့တွေ့တဲ့အခါ ရဲဝံ့စွာ ရင်ဆိုင်လိုက်ပါ။ နောင်တစ်ချိန်မှာ ကိုယ်ဟာဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ခဲ့ဖူးကြောင်းပြောပြနိုင်တာပေါ့။ မဟုတ်ရင် ကိုယ့်မှာ အခက်အခဲနဲ့ပတ်သက်ပြီး ပြောစရာစကားမရှိ ဖြစ်နေလိမ့်မယ်။ ဒါကြောင့် Face the problems

Win = အနိုင်ယူပါ

စာဖတ်သူလေးရေ...

အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကောင်းမွန်တဲ့နည်းတွေနဲ့ အကောင်းဆုံးဖြေရှင်းပြီး အနိုင်ယူလိုက်ပါ။ နောင်တစ်ချိန်မှာ ကိုယ်ဟာ အခက်အခဲတွေကို ဘယ်လိုနည်းနဲ့အနိုင်ယူခဲ့ဖူးကြောင်း ပြောပြနိုင်တာပေါ့။ မဟုတ်ရင် ကိုယ်ကအမြဲရှုံးနိမ့်နေသူတစ်ယောက်ဖြစ်နေလိမ့်မယ်။ ဒါကြောင့် Win your problems

Build = တည်ဆောက်ပါ

စာဖတ်သူလေးရေ...

အခက်အခဲတွေကြောင့် ဘဝပျက်ရတဲ့အခါ ကိုယ့်ဘဝကိုပြန်တည်ဆောက်လိုက်ပါ။ နောင်တစ်ချိန်မှာ တစ်စစီ ပြန့်ကျဲနေတဲ့၊ ကျိုးကြေမွနေတဲ့ ကိုယ့် ရည်မှန်းချက်တွေကို ဘယ်လိုပြန်လည် တည် ဆောက်ခဲ့ရကြောင်း ပြောပြနိုင်တာပေါ့။ မဟုတ်ရင် ကိုယ်က ဘဝပျက်သူတစ်ယောက်ဖြစ်နေလိမ့်မယ်။ ဒါကြောင့် Build your goal

Strong = အားတင်းပါ

စာဖတ်သူလေးရေ...

ကိုယ့်အင်၊ ကိုယ့်အားနဲ့ ကိုယ့်ဘဝကို ကိုယ်တစ်ယောက်ထဲ ထူမတ်ရတဲ့အခါ အားတင်းထားလိုက်ပါ။ နောင်တစ်ချိန်မှာ ပြိုလဲတော့မယ့် ကိုယ့် စိတ်ဓါတ်ကို ဘယ်လိုအားမွေးခဲ့ရကြောင်း ပြောပြနိုင်တာပေါ့။ မဟုတ်ရင် ကိုယ်က စိတ်ဓာတ်ခွန်အားမရှိတဲ့သူ ဖြစ်နေလိမ့်မယ်။ ဒါကြောင့် Strong your mind

အကြံစကားလေးပါ ပါးလိုက်ပါရစေ စာဖတ်သူလေးရေ...

ကိုယ့်ခြေထောက်အပေါ်မတ်မတ်ရပ်ပြီး ကိုယ့်နှာခေါင်းနဲ့ အသက်ရှူရတဲ့ဘဝကို မြတ်နိုးပါ။

ကိုယ်တိုင် တည်ဆောက်ထားတဲ့ ဘဝကဘယ်လောက်ပဲသေးငယ်နေပါစေ ဂုဏ်ယူပါ။

ကိုယ်စွမ်းနိုင်သလောက် ရခဲ့တဲ့ ပိုင်ဆိုင်မှုအပေါ်ရောင့်ရဲတင်းတိမ်ပါ။

မျှော်လင့်ချက်ဆိုတဲ့ သစ်ပင်ကို စိုက်ပါ။ အားငယ်စိတ်ဆိုတဲ့ ဆူးကို နှုတ်ပစ်ပါ ။

စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် ဗဟုသုတတွေကို မှီဝဲပါ။ ဘဝရဲ့နေ့ရက်တိုင်းကို နောင်တ ကင်းဝေးစွာနဲ့ ဖြတ်သန်းပါခင်ဗျာ။

ᏂᏗᏒᏬᏦᎥ

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒေါ့စတာယက်စကီးရဲ့ဘဝအမောပြေမိန်းမတစ်ယောက်၏ဖွင့်ဟဝန်ခံချက်မိတ်ကောင်းဆွေကောင်းများနှင့်တွေ့ဆုံခြင်း‘သားကောင်စိတ်နဲ့ ရှင်သန်မယ့်အစား သူရဲကောင်းဖြစ်ဖို့ကို ရွေးချယ်ပါ’ပျော်စရာနေ့ဆင်းရဲသားလေး ဂျက်လန်ဒန်မရိုးတရိုးအကျပ်ထဲမှာ ချောင်ကြည့်ခြင်းအထက်တန်းစားနှင့်အောက်တန်းစား