Author's Profile Photo

သျှားမီးငယ်~

30/12/2024

2024 မှာ သင်ယူခဲ့သော သင်ခန်းစာများ The Lessons I Learned in 2024:A Personal Journey

2 mins read
Personal Development
Entrepreneurship
Psychology
2024 မှာ သင်ယူခဲ့သော သင်ခန်းစာများ
The Lessons I Learned in 2024:A Personal Journey's photo

မင်္ဂလာပါ ချစ်ရတဲ့စာဖတ်သူလေးတို့ရေ.....

2024ဆိုတာကြီးကို လက်ပြနှုတ်ဆက်ဖို့အတွက် နာရီပိုင်းမိနစ်ပိုင်းသာလိုပါတော့တယ်နော်။စာဖတ်သူလေးတို့အနေနဲ့ 2024မှာ ဘယ်လိုသင်ခန်းစာ(lessons)၊အတွေ့အကြုံ(experiences)တွေ ရရှိခဲ့ပါသလဲရှင်?။ဒီနေ့မှာတော့ သျှားက2024မှာ သျှားရရှိခဲ့တဲ့ သင်ခန်းစာနှင့်အတွေ့အကြုံတွေကို ကိုယ်တိုင်စီစစ်ပြီးတော့ စာဖတ်သူလေးတို့ကို မျှဝေပေးမှာဖြစ်ပါတယ်ရှင့်။
ပထမတစ်ခုအနေဖြင့် သျှားရလိုက်တာတစ်ခုကတော့ မျှော်လင့်ချက်ကြီးကြီးမားမားမမျှော်လင့်မိဖို့ပါဘဲ။ကိုယ့်ရဲ့ ဘဝရည်မှန်းချက်အိမ်မက်တွေမှာတော့ မျှော်လင့်ချက်ကြီးကြီးနဲ့ခိုင်မာစွာမက်ဆန်ဖို့လိုအပ်ပါတယ်။ဒါပေမဲ့ အထူးသဖြင့် လူတစ်ယောက်စီကနေ ကြီးကြီးမားမားမျှော်လင့်ချက်မထားမိဖို့က အရေးကြီးပါတယ်။ကိုယ်ကသူ့ဆီကနေအများကြီးမျှော်လင့်မိတယ်၊ဒါပေမဲ့ ကိုယ်သူ့ဆီကနေပြန်ရလိုက်တာက ကိုယ်မျှော်လင့်စိတ်ကူးထားသလိုမဟုတ်ဘူးဆို နာကျင်ရသူကကိုယ်ပဲဖြစ်ရပါလိမ့်မယ်ရှင်။ဒါ့အပြင် စိတ်ဖိစီးမှုတွေလည်း ရရှိစေပါတယ်။စိတ်ဖိစီးမှုဆိုတာကို စာဖတ်သူလေးတို့အနေနဲ့ ဘယ်လိုအဓိပ္ပာယ်ဖွင့်ပါသလဲနော်?(စိတ်ဖိစီးမှုဆိုတာက ကိုယ့်ရဲ့မျှော်လင့်ချက်နဲ့ ဖြစ်လာတဲ့အမှန်တရားကြားထဲက ကွာဟချက်ပါဘဲ။ကွာဟတာများလေ စိတ်ဖိစီးမှုများလေဘဲ။ဒါကြောက့်နည်းနည်းဘဲ မျှော်လင့်ပြီး များများလက်ခံနိုင်ဖို့သင်ယူပါ။)ဒီစာစုလေးကသျှားဖတ်ဖူးတဲ့စာစုလေးတစ်ခုဖြစ်ပါတယ်ရှင့်။သျှားလည်း လူသားတွေထဲက လူသားတစ်ဦးပဲမို့ လူတစ်ဦး(သို့)တစ်ဦးထက်ပိုတဲ့သူတွေဆီကနေ မျှော်လင့်ချက်ကြီးကြီးမားမားတွေထားဖူးပါတယ်။ဒါပေမဲ့ ကိုယ်မျှော်လင့်ထားသလိုဖြစ်မလာတဲ့အခါ နာကျင်ရတာဟာ၂ဆတိုးစေပါတယ်။ဒါကြောင့်မို့ သျှားအခုဆို ဘယ်သူ့ဆီကနေမှ မျှော်လင့်ချက်ကြီးတွေထားပြီးမဆက်ဆံတော့ဘဲကိုယ့်ကိုယ်ကိုcontrolလုပ်ပြီးပေါ့ပေါ့ပါးပါးဘဲပြောဆိုဆက်ဆံပြီး ကိုယ့်ရဲ့ဖြစ်တည်မှုအတိုင်းလေးဘဲနေထိုင်ပြီး အေးချမ်းစွာနဲ့ဘဲ ဘဝကိုဖြတ်သန်းပါတော့တယ်။မျှော်လင့်ချက်ကြီး‌တွေမထားတော့ခြင်းဟာ စိတ်အားငယ်ခြင်း၊နာကျင်မှုများ၊စိတ်ဖိစီးမှုများကို အတူတကွကာကွယ်ပေးပါတယ်။ကိုယ့်ကိုယ်ကိုသာ မျှော်လင့်ပြီးအခြားသူတွေကို မျှော်လင့်ချက်ကြီးမထားခြင်းဟာ ပို၍ကိုယ့်ကိုယ်ကိုဂရုစိုက်နိုင်ပြီး ငြိမ်းချမ်းမှုကိုရရှိစေပါတယ်ရှင်။ပျော်ရွှင်ချင်လျှင် တခြားသူတွေဆီကနေ မျှော်လင့်ချက်“0”နဲ့ အသက်ရှင်ပါ စာဖတ်သူလေးတို့ရေ။
ဒုတိယတစ်ခုအနေနဲ့ကတော့ အချိန်ဆွဲတတ်တဲ့အကျင့်ပါဘဲရှင်။အချိန်ဆွဲတတ်တဲ့သူကို ပြပါဆို သျှားကထိပ်ဆုံးကပါရပါလိမ့်မယ်ရှင်။ကိုယ်လုပ်စရာရှိတဲ့ အလုပ်တွေစာတွေကိုအရင်ပြီးပြတ်အောင်မလုပ်ဘဲ စိတ်ခံစားချက်နောက်ကို ဦးစားပေးခဲ့မိတာပါဘဲ။“ငါဒီအိမ်စာကိုဒီနေ့အပြီးလုပ်ရမှာဒီအလုပ်ကိုအခုလုပ်ရမှာ”ဆိုတာတွေကိုသိပေမဲ့လို့ ဖုန်းကောက်ကိုင်ပြီးsocial mediaသုံးမိလိုက်ပြီဆို မိနစ်၃၀ဘဲသုံးမှာဆိုတာကနေ “အို…အဲ့အိမ်စာတွေနောက်မှဆက်လုပ်‌ပါတော့မယ်”ဆိုပြီးကိုယ့်စိတ်ကိုအလိုလိုက်လွန်းမိခဲ့ပြီးတန်ဖိုးရှိတဲ့အချိန်တွေကိုဖြုန်းတီးပစ်မိခဲ့တာပါ။အလုပ်တွေစာတွေကိုနေ့ရွှေ့၊ညရွှေ့နဲ့ သျှားမေမေပြောသလိုဘဲ စနေ၊အင်္ဂါရွေးပြီး အချိန်ဆွဲတာပါဘဲရှင့်။အဲ့တော့ ကိုယ့်အလုပ်တွေ ပြီးရမည့်အချိန်မပြီးဘဲ နှောင့်နှေးကြန့်ကြာကုန်တာပါဘဲ။တစ်နေ့ကို၂၄နာရီရထားတာချင်းအတူတူကို ကိုယ်နဲ့ရွယ်တူတွေက ကိုယ့်ထက်ပိုတော်၊ပိုပြီးရှေ့ခြေတစ်လှမ်းသာနေတာက သူတို့ဟာ အချိန်မဆွဲဘဲ အလုပ်ကိုအကြွေးမထား ပြီးပြတ်အောင်လုပ်ကြလို့ပါဘဲရှင်။သျှားတို့ဘဝတိုးတက်အောင်မြင်ဖို့အတွက် အချိန်စီမံခန့်ခွဲတတ်ခြင်းဟာလည်း အရေးပါ,ပါတယ်ရှင့်။
ဆိုတော့…သျှားအနေနဲ့ကတော့2024မှာဒီအချက်၂ချက်ကိုတော့ ကောင်းကောင်းကြီးသိသိသာသာကိုယ့်ကိုယ်ကိုစီစစ်မိဖြစ်တယ်ပေါ့နော်။စာဖတ်သူလေးတို့အနေနဲ့လည်း သျှားရဲ့ ဒီဆောင်းပါးလေးကိုဖတ်ရှူပြီးပြီဆိုလျှင်2024ဆိုတဲ့နှစ်ကြီးမကုန်လွန်ခင်မှာ ကိုယ့်ကိုယ်ကိုစီစစ်မေးမြန်ပြီး ပြင်သင့်တဲ့ အလေ့အကျင့်ကိုပြင်၊ထိန်းသိမ်းသင့်တဲ့အလေ့အကျင့်ကို ဆက်လက်ထိန်းသိမ်းထားကြပါရှင်။မကြာမီအချိန်အတွင်းမှာရောက်လာတော့မည့်2025ဆိုတဲ့နှစ်သစ်အချိန်ခါသမယမှာ စိတ်သစ်၊လူသစ်နှင့်ဘဝကို အဓိပ္ပာယ်ရှိစွာဖြင့်လည်း ဖြတ်သန်းနိုင်ကြပြီး လောကကောင်းကျိုးတွေကိုလည်း‌‌ ဆောင်ရွက်ပြုလုပ်နိုင်ကြသည့် လူ့အဖိုးတန်လေးတွေဖြစ်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင့်။

စာဖတ်သူအားလုံးအပေါင်းကို အစဉ်လေးစားစွာ ကျေးဇူးတင်လျက်.......?

?️~သျှား{30.12.2024}
#SARPHAT

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း