Author's Profile Photo

Maru

30/12/2024

လူငယ်များနှင့်လွဲမှားသောဝီရိယ

1 min read
General Knowledge
18 Again
Creative
လူငယ်များနှင့်လွဲမှားသောဝီရိယ's photo

လူတိုင်းမှာ ဦးနှောက်ရှိတယ်။ ဉာဏ်ကတော့လူတိုင်းမှာမရှိဘူး။ဒီလိုပါပဲ လူတိုင်းမှာဝီရိယရှိကြပါတယ်။ ခုခေတ် ကျွန်မတို့လို လူငယ်တွေမှာဆို ပိုပြီးတော့တောင် ဝီရိယတွေရှိကြပါတယ်။ "ဝီရိယ"ဆိုတာဘာများလဲ။

ဝီရိယဆိုတာ "ကြိုးပမ်းအားထုတ်မှု"

ဘာအတွက်တွေများအသုံးပြုကြပါသလဲလို့စဉ်းစားရင် မိမိလိုချင် ဖြစ်ချင်တဲ့အရာတွေရနိုင်ဖို့ အသုံးပြုရတဲ့ အရာတစ်ခုပေါ့။

ကျွန်မတို့တွေကိုယ်တိုင် ဘာကိုလိုချင်တာလဲ။ ဘာတွက်ကြိုးပမ်းအားထုတ်ကြရမှာလဲ။ ဘာအတွက်ဝီရိယထားကြမှာလဲကို စဉ်းစားတွေးတောဖို့လိုအပ်ပါတယ်။

အခုခေတ်မှာဆို လူငယ်တွေအများဆုံးထားတဲ့ ဝီရိယလေးတစ်ခုရှိပါတယ်။ စာချစ်သူလေး စဉ်းစားကြည့်ပါ။ တအားရှည်ရှည်ဝေးဝေးမတွေးပါနဲ့။ ဘာများဖြစ်မယ်လို့ထင်ပါသလဲ။

"ဖုန်းအသုံးပြုခြင်းပါပဲ"

  • နံနက်မိုးလင်းတာနဲ့ ဖုန်းကိုင်ရဖို့ ဝီရိယထားကြတယ်။
  • အားတာနဲ့ ဖုန်းကိုင်ရဖို့ ဝီရိယထားကြတယ်။
  • စာလုပ်ချိန် စာအုပ်ပိတ်ပြီး စာကြည့်စားပွဲမှာ မိဘတွေမသိအောင် ဖုန်းကိုင်ရဖို့ ဝီရိယထားကြတယ်။
  • သူငယ်ချင်းတွေကိုပစ်ထားပြီး ဖုန်းနဲ့အချိန်ကုန်ဆုံးရရေးကိုသာဝီရိယထားကြတယ်။
  • ဂိမ်းဆော့ရရေးတွက် ဖုန်းကိုင်ရဖို့ဝီရိယထားကြတယ် စတဲ့ပြောမကုန်နိုင်တဲ့ အကြောင်းပြချက်တွေနဲ့ ဖုန်းကိုင်ရဖို့ကို ဝီရိယထားကြတယ်။


ဖုန်းအတွက်နဲ့ မိဘတွေကိုပြန်တော်လှန်တဲ့ထိကို ဝီရိယတွေကြီးလွန်းပါတယ်။

တချို့တွေဆို social media ကိုအသုံးပြုနေကြတာလား။ social media ကပဲသူတို့ကိုပြန်အသုံးပြုနေတာလား။ ဝေခွဲမရတဲ့အနေထားတွေထိတောင်ရောက်နေခဲ့ပါပြီ။

ဉာဏ်မပါတဲ့ ဘယ်ဝီရိယမဆို ခန္ဓာကိုယ်ပင်ပန်းမှုနဲ့ အချိန်ကုန်ဆုံးမှုကိုသာ အဖက်တင်စေပါတယ်။သဘာဝတရားကြီးက ၂၄နာရီဆိုတဲ့အချိန်ကို လူသားတိုင်းကိုဝေတူမျှတူပေးထားပါတယ်။

ဝီရိယတော့ရှိပါလျက်နဲ့ ဉာဏ်မပါတဲ့ဝီရိယမျိုးမဖြစ်စေပါနဲ့စာချစ်သူလေးတို့ရေ။ကိုယ်ဘာလိုချင်လဲ ဘာဖြစ်တာလဲဆိုတာကိုအမြဲသတိရပါ။ နောက် ၁၀နှစ် ဒါမှမဟုတ် နောက် ၅နှစ်မှာ ကိုယ်ဖြစ်နေတဲ့ပုံစံကို ပုံဖော်ကြည့်လိုက်ပါ ။ စာရေးဆရာမ၊ ဆရာဝန် ၊ လုပ်ငန်းရှင်၊ မော်ဒယ် စတဲ့ ကိုယ်ရဲ့ပုံစံကိုဖြစ်မြောက်အောင် အခုထဲက ဝီရိယထားကြိုးစားရပါမယ်။ အရေးမပါတဲ့ဝီရိယထားမှုတွေကို စွန့်ပစ်ပြီး စိတ်သစ်လူသစ်နဲ့ကြိုးစားလိုက်ပါ။

 သို့သော် ကြိုးစားမှုတိုင်းမှာတော့ ဉာဏ်ပါ,ပါစေ။


သာယာသောနေ့လေးဖြစ်ပါစေရှင်❤️

စာချစ်သူလေးများအား အစဥ်‌ချစ်ခင်လေးစားကျေးဇူးတင်လျက်...

December.30.2024.Mon(2:7PM)
Maru(မာရု)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒေါင်လိုက်ဒရာမာ (Vertical Drama)ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်အချိန်ဆွဲတဲ့အကျင့်ဆိုးစိတ်ဓာတ်ကျနေတဲ့အခါ"စကားချိုသာလျှင် လိုရာကိုရသည်"အင်တာနက်နဲ့ လူနေမှုဘဝ "တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါရှောင်တာက ကြောက်ခြင်းမဟုတ်