Chitsu
အခုတလော ''Workalism ''( အလုပ်စွဲလမ်းခြင်းပြဿနာ )'' ဆိုတဲ့စကားလုံး ခေတ်စားလာတာတွေ့ရတယ်။
လူတွေက ပိုင်ဆိုင်မှုတွေ ပိုတိုးပွားဖို့အတွက် မရပ်မနားအလုပ်လုပ်နေကြတယ်။အားလပ်ချိန် သီးသီးသန့်သန့်တောင် မရှိကြဘူး။
'' အလုပ်အများကြီးလုပ်လိုက်တဲ့အတွက် energy ဆုံးရှုံးသွားတာပဲ ရှိမယ်။ '' relax time ''မှာတောင် အလုပ်စွဲလမ်းနေရင် ရှေ့လျှောက် ဘာဆက်လုပ်ဦးမလဲ...??
(အိပ်မက်တွေထဲ အလုပ်အကြောင်းမက်တယ်)
(မဖြစ်မနေရ သူငယ်ချင်းအပေါင်းအသင်းနဲ့တွေ့နေရချိန်တောင် အလုပ်အကြောင်းပဲတွေးနေမယ်)
(အလုပ်မလုပ်ရမနေနိုင်ဖြစ်နေမယ်
တစ်ခုမဟုတ်တစ်ခုလုပ်လိုက်မှ ကျေနပ််မယ်)
(အားလပ်ချိန်ဆိုတာ မရှိ၊ မိသားစုအတွက်အချိန်မရှိ၊ ဝါသနာအတွက် အချိန်မရှိ)
'' သင်ဟာ အထက်ပါအချက်တွေနဲ့ကိုက်ညီနေရင် '' workaholics '' ( အလုပ်စွဲလမ်းသူ) တစ်ယောက် ဖြစ်နေပါပြီ
ကမ္ဘာကြီးက တဖြည်းဖြည်း စက်ရုပ်ဆန်လာတာနဲ့အမျှ လူသားတွေလည်း စက်ရုပ်တွေ ဖြစ်လာကြတယ်။
( အလုပ်..အလုပ်...အလုပ်...အလုပ်...)အဓိပ္ပါယ်ရှိတဲ့ဘဝမှာ အလုပ်နဲ့ပိတ်မိနေပြီး သင့်အတွက်အမှတ်တရတစ်ခုခုတောင် မဖန်တီးနိုင်ရင် ဘာအဓိပ္ပါယ် ရှိနိုင်မလဲ...??
မနက်ဖြန် လူ့ဘဝထဲက ထွက်သွားရမယ်ဆိုပါတော့...အလုပ်လုပ်မလား...ဘာလုပ်မလဲ...?? ( သေချာတာကတော့ သင်အလုပ်တော့လုပ်မနေလောက်ပါဘူး)
ငွေကြေးက အရေးကြီးတဲ့ထိပ်ဆုံးနေရာမှာ ပါတာမှန်ပေမယ့်... ''သင့်ကျန်းမာရေး၊စိတ်ခံစားမှု၊ဝါသနာ၊မိသားစု၊ပျော်ရွှင်မှု၊ အတွေ့အကြုံ၊အားလပ်ချိန်၊'' တွေက ''ငွေကြေး'' ထက်ပိုအရေးကြီးတာ သတိရပါ။
Workaholics'တိုင်း High-performers တွေမဟုတ်ကြပါဘူး။ဘယ်သူမှ 24 နာရီ လုံးအလုပ်မလုပ်ကြပါဘူး။
'' High-performers '' တွေက လူသားဆန်ကြပါတယ်။ဘီလ်ဂိတ် 24 နာရီလုံးအလုပ်မလုပ်ပါဘူး။'' စာဖတ်ခြင်း'' နဲ့သူ့ရဲ့တစ်နေ့တာကို စတင်ပါတယ်။လေ့ကျင့်ခန်းလုပ်ပါတယ်။မိသားစုနဲ့ပျော်ပျော်နေပါတယ်။
သင်ရော လေ့ကျင့်ခန်းပုံမှန်လုပ်ဖြစ်လားး??
ကျွန်တော်တို့တွေက လူသားတွေပါ
စက်တွေမဟုတ်ပါဘူး
ရလိုက်တဲ့ဘဝမှာ စက်ရုပ်ဆန်ဆန်မဖြတ်သန်းချင်ပါနဲ့
➡အားလပ်ချိန်မှာ မိသားစုကို အချိန်ပေးပါ
➡Time management ထားပါ
➡လွတ်လွတ်လပ်လပ် နားနေချိန် အလုပ်အကြောင်းမတွေးပါနဲ့
➡ဟက်ဟက်ပက်ပက်ရယ်မောပါ
➡ခံစားချက်တွေထုတ်ပြပါ
➡ လူသားဆန်စွာဖြတ်သန်းပါ
➡ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်ပါ
➡ အိုမင်းလာတဲ့အချိန်မှာ တွေးစရာကောင်းကောင်းလေးအမှတ်တရကောင်းကောင်းလေးရှိအောင် ပျော်ရွှင်စရာတွေ ဖန်တီးထားပါ
ဖတ်ရှုပေးတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင်။ဘဝမှာ balance ညီညီနေထိုင်နိုင်ကြပါစေရှင့်။
#chitsunaing
Keep Reading