Author's Profile Photo

Chitsu

29/12/2024

" စာဖတ်ရင် ရူးပြီ "

1 min read
Life Style
Fiction
Entertainment


" ဆရာပါပီယွန်ရဲ့ ဝတ္ထုတို တစ်ပုဒ်ထဲမှာ ရေးထားသလ်ိုပေါ့
" စာဖတ်ထားပြီိဆို ဒုက္ခရောက်ပြီပဲ " ဟုတ်တာပေါ့။ မသိမသာလေးရော သိသိသာသာလေးရော ပေးတဲ့ ဒုက္ခသုက္ခတွေ။ တချ်ို့က ပြောကြမှာ " စာဖတ်တာ ဒုက္ခ ဟုတ်မလားပေါ့ ။ ဒီကောင် ငကြောင်ပါပေါ့ " လာတော့မှာ အဲ့လို ။

ကိုယ့်ကိုယ်ကိုယ်သာ သတိမထားမိကြတာ နေမယ်။ ဟိုစာလေးလည်း မတောက်တခေါက်ဖတ်၊ ဒိီစာလေးလည်း မထိတထိတို့ ။ ပြီးရင် ဖတ်ထားသမျှတွေ ရောသမမွှေပြီး ဦးနှောက်ကို ဗုန်းကြဲခိုင်းပြီပဲ ။ ဘာတွေမှန်းကို မသိတာ တကယ်ပါ။ စာတတ်ပေတတ်ကြီးတွေက ရိုးရိုးပြဿနာလေးလည်း ရိုးရ်ိုး မဖြေရှင်းတော့ဘူးဗျာ ။

သူတို့ဖတ်ထားတဲ့ စာတွေ ၊ နည်းတွေနဲ အမျိုးမျိုး လိမ့်ပတ်ပြီး တခါရှင်းဖို့အရေး ဝေ့လည်ကြောင်ပတ်လုပ်နေလိုက်တာများ( ကျမအမြင်ပေါ့နော် ဟီးဟီး)

ပြီးရင် သူများနဲ့ အမြင်မတူဘဲ သိသိသာသာကြီး ကွဲထွက်နေတော့ ။ ( သူများဆိုတာ စာမဖတ်ကြတဲ့ သူတွေပါ) ကိုယ့်စကား သူမသိ။ ကိုယ့်ဆိုလိုရင်းကို သူနားမလည် ။ ကိုယ်လည်း နည်းတွေ၊ စနစ်တွေ ၊ ပညာတွေနဲ့ ပြောချင်ရာပြော ။ ဟိုကလည်း လုပ်ချင်ရာလုပ် ။
နောက်ပြီး တခြားလူတွေနဲ့ ကိုယ်က မတူသလ်ို အထင်နဲ့ ။ ဆရာကြီး စတိုင်ပေါ့ ။

" ဒီဘဲတွေနဲ့ ပြောလို့မရဘူးကွာ
ငါ ပြောတာတွေ နားမလည်ဘူး ဆိုပြီး ဖြစ်လာရော"

ကိုယ်ကပဲ ထူးနေသလိုလို ။ မဟုတ်ဘူးဗျ ။ အမှန်က ရူးနေတာ ။
စားရူးပေရူးဆိုတာ အဲ့ဒါပြောတာပေါ့ ။ ရှေးရှေး ဆရာကြီးတွေ ရေးတဲ့အထဲမှာ လက်ဖက်ရည်ဆိုင်ထိုင်ပြီး စာအကြောင်း၊ပေအကြောင်း ပြောကြတာကိုး ။ တကယ်က အဲ့ဘဲ ကြီးတွေက သူတို့အရှိန်နဲ့ သူတို့လို ဝါသနာတူနဲ့မို့ ထိုင်ပြီး အကြာကြီး ပြောနိုင်ကြတာ ။ အကြာကြီး အငြင်းအခုံ လုပ်နိုင်ကြတာ ။
ဒါပေမဲ့ ဘေးက ကျမတို့လို နလပိန်းတုံးတွေကျတော့

" ဟ...ဘာကြီးတွေလဲ
ကြီးကြီးကျယ်ကျယ်တွေ ပြောနေကြပါလား ' ဖြစ်ကုန်ရော ။

ကျမ မှတ်မိပါသေးတယ် ။ စာအုပ်ဆိုင်မှာ အလုပ်ဝင်လုပ်တုန်းက အသက် ၃၀ လောက်ရှိတဲ့ ဘဲကြီးတစ်ယောက် ( ကျမက အဲ့တုန်းက ၁၉လောက်)
သူက စာအုပ်လာဝယ်တယ်ပေါ့ ။ သူပြောတဲ့ စာအုပ်က ဆိုင်မှာ မရှိတော့ မှာပေးဖို့ မှတ်ထားလိုက်ပြီး ရောက်တက်ရာရာတွေ ပြောမိကြတယ် ။

ကျမလည်း မတောက်တခေါက် ယောင်လည်လည် ဖတ်ထားသူဆိုတော့ အဲ့ဘဲပြောတာတွေကို သံယောင်လေးလိုက်ပေးနေလိုက်တယ် ။ ဒါနဲ့ ဘိုးတော်ကြီးနဲ့ လေပေးအဖြောင့်လွန်ပြီး အချိန်ကလည်း ဆိုင်သိမ်းချိန် ရောက်လာတော့ ကျမလည်း ပြန်ချင်နေပြီလေ။ ဒါပေမဲ ဘိုးတော်က သိမယ့်ပုံ မတူပါဘူး ။ သူပြောချင်တာတွေပဲ ဇွတ်ပြောနေတော့တယ် ။

ဒီလိုနဲ့ ဘဲကြီးလည်း ဆေးလိပ်တွေဖွာနဲ့ ဆက်ပြီး လေရှည်မယ့်ပုံနဲ့ စကားကြော ထပ်ဆက်ပါတယ်။ ကျမ မျက်ခွက်ကြီးကလည်း ပြုံးသလိုလို မဲ့သလိုလို ဖြစ်လာနေပြီ ။ ပြန်ချင်နေပြီကိုး ။

" ပတ်ဝန်းကျင်နဲ့ စကားပြောရတာ သိပ်အဆင်မပြေဘူး
သိတယ်မလားဗျာ ။ စာဖတ်တာ တော်တော် ဒုက္ခပေးတာဗျ
ကိုယ့်လိုမှ မဟုတ်ရင် အဆင်ကို မပြေတာ
ကိုယ်ပြောတာကို သူနားမလည်
နားမလည်လို့ သူက သောက်တလွဲတွေထင်နဲ့
တခါတခါကျ ငါကပဲ ရူးနေလား တွေးမိသေးတာ
ညီမလေးရော... "

ကျမလည်း စပ်ဖြဲဖြဲမျက်နှာပေးနဲ့ ပေါ့

" ညီမက အိမ်ပြန်ချင်နေတာ "

ဒိီတော့မှ ဘိုးတော်လည်း သူ့ကိုယ်သူ စကားကြောရှည်မှန်း ရိပ်မိသွားတယ် တူပါတယ်။ စာအုပ် ၄ ၊ ၅ အုပ်လောက်ကို မရွေးဘဲ ကျရာယူသွားပြီး အားနာဟန်နဲ့ နှုတ်ဆက်ပြီး ထွက်သွားပါတော့တယ် ။

" သြော်..ရူးကြတာများ
အိမ်ပြန်ဖို့ အချိန်တောင် မေ့တော့တာပဲ "

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)