မိုးနှောင်းအလင်္ကာ
နှစ်တစ်နှစ်ဟာ ကုန်ဆုံးတော့မယ်။ ဒီနှစ်မှာ ဘာတွေသိသွားလည်း ပြီးတော့ ဘာတွေဆုံးရှူံးသွားလည်းဆိုတာနဲ့ ဘာတွေကို အရယူနိုင်သွားလည်းဆိုတာကို စဥ်းစားဖို့ အချိန်တန်ပါပြီ။ တစ်နှစ်တာ ကာလပတ်လုံး ကိုခြုံငုံပြီးဆုံးဖြတ်ပြီဆိုရင် ကောင်းခြင်း၊ဆိုးခြင်းကိုပါ ထည့်ဖို့မမေ့ပါနဲ့။
နေ့ရက်တွေကို ရေတွက်ရင်း အကောင်းအဆိုးကို ခွဲခြားကြပါစို့။
အရင်ဆုံးမိမိကိုယ်ကို မေးခွန်းမေးခြင်းဖြင့်စတင်ပါ။
(1) ဒီနှစ်မှာ ဘယ်လိုအောင်မြင်မှုမျိုးရလိုက်ပါသလဲ။
တစ်နှစ်တာ ကာလပတ်လုံးကြိုးစားခဲ့သမျှ ဘယ်အတိုင်းအတာ အထိများအောင်မြင်ခဲ့သလဲ။ ဒါကိုရော ကျေနပ်မှုရှိရဲ့လား။ လာမဲ့နှစ်မှာရော ဘယ်လောက်အထိရောက်အောင်မျှော်မှန်းထားလည်း စတဲ့ မေးခွန်းတွေမေးပြီး ဖြေကြည့်ပါ။ အောင်မြင်မှု သေးသေးလေးကအစ ထည့်စဥ်းစားဖို့ မမေ့ပါနဲ့။
(2) ဒီနှစ်မှာ ဘယ်လိုဆုံးရှုံးမှုမျိုးရလိုက်ပါသလဲ။
ကြိုးစားနေပါလျှက်ဆုံးရှုံသွားရတာမျိုးလား။ ဒါမှမဟုတ် မကြိုးစားကြည့်ဘဲ အဆုံးရှုံးခံလိုက်တာလား။ အသေအချာစဥ်းစားပါ။ လာမဲ့နှစ်မှာလည်း ဒီနှစ်လို မဆုံးရှုံးဖို့ ဘယ်လိုစီစဥ်ရမလည်း ကြိုတင် တွေးတောထားပါ။ ဆုံးရှုံးမှု တစ်ခုစီတိုင်းအတွက် ပိုကြိုးစားပြီး အောင်မြင်မှုတစ်ခုစီပြန်ဖြစ်လာအောင် ပြောင်းလဲယူပါ။
(3) ဒီနှစ်မှာဘယ်လိုအမှားတွေကို လုပ်မိခဲ့လည်း။
နှစ်တစ်နှစ်ကို စဥ်းစားပြီဆို အမှားတွေကို ဦးစားပေး စဥ်းစားပါ။ အမှားတွေကို စဥ်းစားခိုင်းတာဟာ စိတ်ဓာတ်ကျနေဖို့ မဟုတ်ဘဲ အမှားတွေကနေ သင်ခန်းစာယူနိုင်ဖို့ပါ။ ပြီးတော့ အမှားတွေဖြစ်လာရတဲ့အကြောင်းအရင်းကို စဥ်းစားပါ။ ထပ်ဆင့် ပြုပြင်နိုင်အောင်ကြိုးစားပါ။
(4) ဒီနှစ်မှာ ဘယ်လိုကောင်းမှုတွေပြုလုပ်ခဲ့သလဲ။
ကောင်းမှုဆိုတာဟာ လော်စပီကာနဲ့ အအော်ခံရမှ ကောင်းမှုလုပ်တာမဟုတ်ပါဘူး။ ဒီနှစ်မှာ ဘယ်သူ့အပေါ်စိတ်ကောင်းထားနိုင်ခဲ့လည်း။ ဘယ်လောက်အထိ သည်းခံစိတ်ထားနိုင်ပြီး ဘယ်လိုကောင်းပြပေးခဲ့လည်း ဆိုတာပြန်စဥ်းစားပါ။ ယခုအချိန်ဟာ မိမိအကြောင်းစဥ်းစားနေတာဖြစ်လို့ တခြားသူကောင်းမကောင်း မတွေးမိပါစေနဲ့။
မိမိကောင်းတာကို ပြန်စဥ်းစားရင်ရပါပြီ။ နောက်ပြီး ကောင်းမှုပြုခဲ့တဲ့ မိမိကိုယ့်ကို ချီးကျူးပါ။ လာမဲ့နှစ်မှာလည်း ဒါ့ထက်ပိုကောင်းအောင်နေရမယ်လို့ ဆုံးဖြတ်ထားပါ။
(5) ဒီနှစ်မှာ မသိတာတွေ ဘယ်လောက်များခဲ့တာလည်း။
မသိနားမလည်ဘဲ လျှောက်လုပ်ခဲ့တဲ့ အမှားတွေ ဒီနှစ်မှာ ဘယ်လောက်များများရှိမလည်း စဥ်းစားပါ။ မသိတာတွေ ကို လာမဲ့နှစ်မှာ လျှောက်မလုပ်ဖြစ်ဖို့ သင်ခန်းစာယူပါ။ ပြီးရင် ပိုကောင်းတဲ့ အသိတရားရှိအောင် စာဖတ်ပါ။အတွေ့အကြုံယူပါ။
(6) အဆင်မပြေသောနေ့ရက်များကို ဘယ်လိုကျော်လွှားခဲ့သလည်း။
ဒီမှာအဆင်မပြေတဲ့ နေရက်တွေကို ပျင်းရိစွာ ကျော်ဖြတ်ခဲ့သလား။ အလုပ်တွေလုပ်ရင်းနဲ့လား။ဆိုတာ စဥ်းစားပါ ပြီးရင် အဲ့တာထက်ပိုကောင်းတဲ့ ဖြေရှင်းနည်းကို စဥ်းစားတွေးတောပါ။ အဆင်မပြေတဲ့ နေ့ရက်တွေကို မေ့ဖျောက်ပြီး အဆင်ပြေအောင်နေလို့ရမဲ့ နည်းလမ်းကောင်းကိုတွေးပါ။ အဆင်မပြေဟုဆိုပြီးပျင်းရိမနေပါနဲ့။
ဒီနှစ်အတွင်းမှာ ဒီ(6)ချက်ကို စဥ်းစားပါ။ ပြီးရင် ပိုကောင်းတဲ့အဖြေတွေနဲ့ နည်းလမ်းတွေကိုရှာဖွေပါ။ ဒါဆို လာမဲ့ ၂၀၂၅မှာ ၂၀၂၄ထက်ပိုကောင်းတဲ့သင်ဖြစ်မှာပါ။
#မိုးနှောင်းအလင်္ကာ
Keep Reading