Chitsu
" အစကတည်းက မချစ်တာကြီးကို
တစ်နေ့တော့ ငါချစ်လာမှာ ဆိုတာမျိုး မရှိပါ ။
မချစ်ဘူး ထင်ရင် ချက်ချင်း မချစ်ကြောင်းပြောပြီး လှည့်ထွက်လာလိုက်ပါ ။
ကိုယ့်ကိုယ်ကိုယ် ထောင်ချမထားပါနဲ့
သူ့ကိုလည်း ဟန်ဆောင်ရာကျသလို
ကိုယ်လည်း မွန်းကျပ်ပါတယ် ။
" မချစ်ဘူးပြောပြီး ပြန်လာပါ "
ဟုတ်ပါတယ် ။ ဒါက ၂ ဦး ၂ ဖက်လုံးအတွက် အရေးကြီးပါတယ် ။ ချစ်သလိုလို မချစ်သလိုလို မရှိသလို ၊ ချစ်သလိုလို မုန်းသလိုလိုလည်း မရှိပါ။ လူတွေရဲ့ စိတ်ကိုက ရှုပ်ထွေးတယ် မလား။ အားနာလို့ တွဲရတာနဲ့ ။ နောက်ပြီး တွဲစရာမရှိလို့ တွဲရတာနဲ့ ။ ဒီလို မဖြစ်သင့်ပါဘူး။
ကိုယ်ကတော့ ရယ်ရွယ်ချက်မရှိ ဘာရယ်မဟုတ် တွဲလိုက်တယ်ပေါ့။ ပေါ့ပေါ့ပါးပါးလေးပဲ ။ ဒါပေမဲ့ တစ်ဖက်က အတည်လို့ မြင်တော့ သူ့အတွက် နစ်နာသွားတာ မျိုးလည်း ရှိပါတယ်။
၂ ယောက်လုံး စိတ်ဒဏ်ရာ ကင်းကင်းနဲ့ ချစ်သင့်ပါတယ်။ ဒါတွေ ရေးတာ သိနေတတ်လို့ မဟုတ်ပါဘူး။ ကျမ ကိုယ်တိုင်လည်း သူများကို မချစ်ဘဲ တစ်နှစ်ကျော်လောက်တွဲ ပြီး စိတ်ကင်ဆာ တစ်သိန်းပေးခဲ့တဲ့ အတွက်ကြောင့်ပါ။
တကယ်တော့ '' ငါသူ့ကို ချစ်လာမှာပါဆိုတဲ့ စိတ်ကြောင့် တွဲခဲ့ပါတယ်။
တကယ် မချစ်တော့ တခါတခါ စကားပြောရင် ဘာတွေပြောရမှန်းလဲ မသိ၊ သူများတွေလို တီတီတာတာ ပြောဖို့ဆိုတာ ဝေး။
တနေ့တနေ့ ပြောမယ့်စကားတွေကို စီကာပတ်ကုံး ချရေးပေးပြီး ပြောခဲ့ရတာချည်းပါပဲ။
လူတစ်ယောက်ကို အမှန်တကယ် ချစ်ရင် ဒါတွေက လုပ်ယူစရာ မလိုဘူးမလား။ သူ့အလိုလို ဖြစ်လာတာပဲလေ ။
" မြင်ပါများရင် ချစ်တို့ ၊ တနေ့နေ့တော့ ချစ်လာမှာတို့'' ဆိုတာ မရှိဘူးရှင့်။ ကိုယ်မချစ်တဲ့လူကို ချစ်လာအောင် ဘယ်လိုနှလုံးသွင်းသွင်း သေတဲ့ထိ ချစ်လို့ကို မရတာပါ။
ဒီ Rs ကို ဟန်ဆောင်ကောင်းကောင်းနဲ့ ဝန်ထုတ်ဝန်ပိုးကြီးနဲ့ သယ်လာလိုက်တာ။ ကိုယ့်ကိုယ်ကိုယ်လည်း လိမ်ရင်းပေါ့။ ဟိုတဖက်ကလည်း ချစ်တယ်ထင်ပြီး အဟုတ်မှတ်နေတာ။
ကျမကလည်း red flag ဖြစ်မှန်းမသိ ဖြစ်သွားရော။ အစီအစဥ် တွေလည်း ဆွဲထားပြီးသား။ ပြောရရင် ဒီ Rs ကို တစ်ပတ်လောက်နေကတည်းက အဆုံးသတ်ချင်ခဲ့တာ ။ ဒါပေမယ့် အားနာပါတယ် တစ်နှစ်လောက် သည်းခံ တွဲပေးမယ်ဆိုပြီး plan နဲ့ ကျမ မြောနေလိုက်တယ်။ တနေ့တော့ ငါချစ်လာမှာဆိုပြီးလည်း ပါတာပေါ့။
ဘယ်လောက်တောင် ပင်ပန်းပြီး တဖက်ကိုလည်း လှည့်စားရာကျလဲ ။ ဒါနဲ့ တစ်နှစ်လည်း ပြည့်ရော ကျမ mission လည်း အဆုံးသတ်ပြီလေ။ ဒီတော့မှ စိတ်ရော လူရော ပေါ့ပါးသွားတယ်။ ကိုယ့်ကိုယ် ၁ နှစ်လောက် ထောင်ချထားတာ အပြီးသတ်ပြီပေါ့ ။
တစ်ဖက်ကတော့ ခံစားရတာပေါ့။ ဒါ ကျမ လွန်တာလေ။ မချစ်ရင် မချစ်ဘူး မပြောရဲတာ။ သူရဲဘောကြောင်တာ ။ မပြတ်သားတာ ။
ရည်းစားဟောင်းက ပြန်တွဲဖို့ ဖုန်းတွေခေါ်၊ စာတွေပို့ ။ ကျမက ပြန်မသွားတော့ဘူးလေ။
တစ်ဖက်သားရဲ့ စိတ်ခံစားချက်ကို လှည့်စားသလို၊ လှောင်သလို မရည်ရွယ်ဘဲ လုပ်မိသွားတယ်။ ဒီအတွက် တစ်ဖက်က တော်တော် ခံစားရဟန်တူပါတယ်။
'' ရင့်ကျက်တဲ့ သူတစ်ယောက်က တခြားသူရဲ့ ခံစားချက်တွေကို မကစားဘူး "
" မချစ်ရင် မချစ်ဘူး ပြောပါ
Relationship မှာ ချစ်သလိုလိုမချစ်သလိုလို မရှိပါ။
ချစ်တာနဲ့ မုန်းတာ ၂ မျိုးပဲ ရှိပါတယ်
သနားတာနဲ့ ချစ်တာ မတူပါဘူး
သနားစရာ မရှိတော့ရင် ချစ်တော့မှာ မဟုတ်သလို
သဘောကျတာနဲ့ ချစ်တာလည်း မတူပါဘူး "
ဒါကြောင့် "မချစ်ရင် အဖြေမပေးပါနဲ့ "
Keep Reading