Sandi Cho
နှစ်သစ်နီးလာတာနဲ့အမျှ လူတိုင်းလိုလို စိတ်လှုပ်ရှားပြီးတက်ကြွနေကြတယ်။ချိုအပါအ၀င်ပေါ့။နောက်နှစ်က ငါနှစ်ဖြစ်ရမယ်ဆိုပြီး သတ်မှတ်ထားကြတယ်။planတွေဆွဲကြတယ်။နောက်နှစ်ကစပြီးကြီးစားပြီးပေါ့။ဒါပေမယ့်အဲလို planဆွဲပြီး တကယ်လုပ်ဖြစ်တဲ့သူက10%တောင်မပြည့်ဘူး။
⌕ ဘာလို့အဲလိုဖြစ်ရတာလဲ?
(1)အချက်က ကိုယ်ဆွဲထားတဲ့planက ကိုယ်ရဲ့လုပ်နိုင်စွမ်းနဲ့မကိုက်ပဲ များလွန်းနေတာဖြစ်နိုင်တယ်။
(2)အချက်ကတော့ ကိုယ့်ရဲ့စိတ်ကိုပြောင်းဖို့systemတိတိကျကျမရှိလို့ပါ။
2025မှာ တကယ်အလုပ်ဖြစ်ချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ပြေးဖို့ ဖိအားမပေးပါနဲ့။ခြေလှမ်းတစ်လှမ်းချင်း မှန်မှန်လျှောက်ဖို့သာ အားထုပ်ပါ။အရေးကြီးဆုံးအချက်ကတော့ စိတ်ရှည်ဖို့ပါပဲ။
⟡ကိုယ့်ကိုယ်ကို လေးစားမှုထားပါ❣
အဲလိုပြောရင် လူတိုင်းကငါကိုယ်ငါလေးစားတာပဲလိုဖြေကြလိမ့်မယ်။တကယ်တော့လေးစားမှုက သူအလိုလိုဖြစ်မလာဘူး။ကိုယ်ပြောတဲ့အတိုင်း ကိုယ်လုပ်မှ၊ကိုယ်ပေးထားတဲ့ကတိတည်မှ၊ကိုယ့်ကိုယ်ကိုယ် တာ၀န်ယူမှုတာ၀န်ခံမှုရှိမှ ကိုယ့်ကိုယ်ကို လေးစားမှုရှိလာတာ။ကိုယ့်ကိုယ်ကိုလေးစားခြင်းက ချိုတို့ရဲ့တိုးတက်မှုအတွက် အုတ်မြစ်တစ်ခုလိုပါပဲ။
⟡ကတိတွေအများကြီးမပေးပါနဲ့?
အပေါ်ကအချက်နဲ့ဆက်ဆက်ပြီး စဉ်းစားမယ်ဆို ကိုယ်မတည်နိုင်ပဲနဲ့ ခုချိန်မှာစိတ်အားတက်ကြွနေပြီး မတည်နိုင်တဲ့ကတိတွေပေးတဲ့အခါ
တစ်လနှစ်လလောက်ပဲ ကြာရှည်ခံတယ်။ပျက်သွားတဲ့ကတိတွေအတွက် ကိုယ့်ကိုယ်ကိုယ်စိတ်ပျက်လာမယ်။ပြီးတော့ အပြစ်တင်မယ်။ အဲဒါကြောင့် ကိုယ့်အမှန်တကယ်ထိန်းသိမ်းနိုင်ပြီး လက်တွေ့ကျတဲ့ ကတိတွေပဲပေးစေချင်တယ်။
⟡habitပြောင်းချင်ရင် လွယ်အောင်လုပ်ပါ?
လူတွေရဲ့စိတ်က ခက်ခဲတာလို့သတ်မှတ်ထားတာကို လုပ်ဖို့ဆို ကြောက်ကြတယ်။အချိန်ဆွဲကြတယ်။အဲဒါကြောင့် ချိုတို့အနေနဲ့ habitတစ်ခုကို စလုပ်ချင်ရင် ကိုယ်အတွက် လွယ်အောင်လုပ်ရမယ်။
⌕ ဘယ်လိုလွယ်အောင်လုပ်ရမလဲ?
Break it down!
systemတစ်ခုလုပ်ပါမယ်။ ကိုယ် energyအရှိဆုံးအချိန်က ဘယ်အချိန်လဲ။အဲဒါကိုခွဲခြားသတ်မှတ်ပြီးတော့မှ အချိန်ညှိပြီး လုပ်ပါ။အခက်ခဲဆုံးအလုပ်ကို energyအရှိဆုံးအချိန်မှာလုပ်ပါ။
ကိုယ်ရဲ့ mindset ကိုပြောင်းပါ။အလုပ်တစ်ခုလုပ်ပြီဆို ခက်ခဲတယ်ဆိုတဲ့ စိတ်အစား လွယ်တယ်၊ငါလုပ်နိုင်တယ်ဆိုတဲ့စိတ်ကိုခံယူပါ။
⟡သေးသေးလေးတွေကစပါ?
အိမ်မက်ကြီးကြီးမက်ပါဆိုတဲ့စကားကမှန်တယ်။ဒါပေမယ့်အဲအိမ်မက်ကိုအကောင်အထည်ဖော်ဖို့က သေးငယ်တဲ့ ခြေလှမ်းလေးတွေကစရတာ။ကိုယ်လုပ်ဆောင်လေ့မရှိတဲ့အရာတစ်ခုကို တစ်ခါတည်းအများကြီးလုပ်လိုက်ရင် လူသဘောသဘာ၀အရ ကြောက်သွားတတ်တယ်။ချိုတို့အနေနဲ့ ငါမလုပ်နိုင်ပါဘူးဆိုတဲ့အတွေးတွေ၀င်လာတတ်တယ်။အဲဒါကြောင့် ကိုယ်ရဲ့ရည်ရွယ်ချက်ကို ဖြည်းဖြည်းချင်းအကောင်အထည်ဖော်ကြည့်ပါ။
✎Commitmentတစ်ခုဖြစ်မြောက်ဖို့ဆိုအချက်သုံးချက်လိုတယ်
1.ကိုယ်ဘာလိုချင်တာလဲဆိုတာ သေချာသိဖို့လိုတယ်?
သူများယောင်တိုင်း လိုက်မယောင်ပါနဲ့။သူများဟိုသင်တန်းတက်လို့ ကိုယ်လည်းလိုက်မယ်။သူများဒီစီးပွားရေးလုပ်လို့ ကိုယ်လိုက်လုပ်မယ်ဆိုတာထက် ကိုယ်ဘာလိုချင်တာလဲဆိုတာ ကိုယ့်ဟာကိုယ်ပြန်မေးပါ။ကိုယ်ရေရှည်လုပ်သွားမယ်အရာတစ်ခုဟာ ပြင်းပြင်းပြပြလိုချင်တယ်ဆန္ဒတစ်ခု ဒါမှမဟုတ်ရည်ရွယ်ချက်တစ်ခုရှိမှာသာ ကိုယ်အတွက်အဲအလုပ်ကိုလုပ်ရတာ အဓိပ္ပါယ်ရှိမှာပါ။
2.Actionထည့်ရမယ်‼️
အဲလိုဆန္ဒတိတိကျကျသိပြီဆို ဘာမှတွေးမနေနဲ့တော့။ထလုပ်လိုက်ပါ။commitmentကကားတစ်စီးဆို actionကလောင်စာပါ။ကိုယ်ရဲ့ရည်ရွယ်ချက်အတွက် ဘာaction လိုအပ်လည်းဆိုတာလည်း သေချာသိဖို့လိုတယ်။
3.ပေးဆပ်ရမှာတွေကိုလည်း ထည့်တွေးပါ✅
ပြီးတော့ ကိုယ့်ရဲ့ရည်ရွည်ချက်အတွက် ကိုယ်ပေးဆပ်ရမှာတွေကဘာတွေလဲသိဖို့လိုတယ်။ကိုယ်ရဲ့အချိန်တွေလား။ကိုယ်ရဲ့ လွတ်လပ်မှုလား။အရာရာတိုင်းမှာအကောင်းကြီးပဲတော့ရှိမနေတာ သတိပြုသင့်ပါတယ်။အဲဒါကြောင့် ကိုယ့်ရဲ့ရည်ရွယ်ချက်ကိုရှာပြီးရင် အဲနောက်ဆက်တွဲအနေနဲ့ ကိုယ်ပေးဆပ်ရမှာဘာတွေလည်းဆိုတာပါထည့်တွက်သင့်ပါတယ်။
⟡ကိုယ့်ရဲ့ပတ်၀န်းကျင်ကိုပြောင်းပါ
ဒီလိုရေးလို့အိမ်ပြောင်းခိုင်းတာမဟုတ်ဘူးနော်?။ကိုယ့်ဘ၀ပြောင်းလဲချင်တယ်ဆို လုပ်လို့ရတာနှစ်ခုရှိတယ်။
➸ ကိုယ့်ရဲ့စိတ်ကို သေချာသိအောင်လုပ်ပြီး ကိုယ်စိတ်ကိုပြောင်း၊
➸ မပြောင်းနိုင်ရင် ကိုယ်ရဲ့ပတ်၀န်ကျင်ကိုပြောင်းပါ။
»» ကိုယ်က စာဖတ်တဲ့အကျင့်ကိုမွေးချင်တယ်ဆို စာပေသမားတွေရှိတဲ့communityမှာနေ၊
»» ကိုယ်ကစီးပွားရေးအကြောင်းစိတ်၀င်စားရင် စီးပွားရေးလုပ်နေတဲ့သူနဲ့ပေါင်း၊
အကျင့်တွေက ကူးစက်တတ်တယ်။ချိုအရင်က စာဖတ်ရတာပျင်းပါတယ်။ဒါပေမယ့် စာပေအသိုင်းအဝိုင်းကလူတွေကြားနေလာရတော့ ဗဟုသုတလည်းရသလို စာဖတ်ရမှာလည်းမကြောက်တော့ဘူး။
ကိုယ်နဲ့စိတ်တူတဲ့သူ ကိုယ်သွားချင်နဲ့ goalနဲ့ ကိုက်ညီနဲ့သူကိုပေါင်းသင့်တယ်။အဲတော့ တစ်ခြားသူငယ်ချင်းတွေရော ပေါင်းလို့မရဘူးလားဆိုရပါတယ်။
ဒါပေမယ့် တစ်ခုပြန်သတိပြုစရာတော့ရှိတယ်။သူတို့ရဲ့habit တွေက ကိုယ့်ကိုပါစီး၀င်နေလား။အတင်းအဖျင်းပြောတတ်တဲ့ လူတွေကြားမှာနေရင် ကိုယ်လည်းပြောမိသွားတတ်တယ်။ချမ်းသာတယ်လူကို သူငယ်ချင်းလုပ်ရမယ်မပြောပါဘူး။ကိုယ်နဲ့ ရည်ရွယ်ချက်တူတဲ့သူ ဒါမှမဟုတ် ကိုယ်အတွက် အေးချမ်းတဲ့ရိပ်မြုံလေးဖြစ်ပေးနိုင်တဲ့သူဆို ပိုကောင်းပါတယ်။
May 2025 be your best year yet, filled with happiness, success, and all the things that make your heart smile.??
#SandiCho
Keep Reading