Author's Profile Photo

Nway Oo Maung

25/12/2024

တစ်နေ့တာအတွက်အကျိုးရှိဖို့

1 min read
Life Style
General Knowledge


မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသက

ကုသိုလ် ,ဥစ္စာ, ကျန်းခန့်သာ၍၊
ပညာတန်ခိုး တမျိုးမျိုးမှ၊
ထိုနေ့အတွက် ကျိုးမထွက်၊
သက်သက်ဝမ်းနည်းဖွယ်။
လို့မိန့်တော်မူတာမှတ်သားနာယူဖူး​၏။
ကျန်းမာသန်စွမ်းနေသောလူတစ်ယောက်ကနေ့စဉ်ဘဝမှာ ကုသိုလ်, စီးပွါးရေးအကျိုးအမြတ်,အသိပညာ အတတ်ပညာ ,တစ်ခုခုမှမရရှိဘူးဆိုရင် ထို့နေဟာ အင်မတန်ဝမ်းနည်းဖွယ်ကောင်း​၏ ဟု မေတ္တာရှေ့ထားပြီးမိန့်တော်မူထားတာဖြစ်​၏။ဆရာတော်ဘုရားကြီးကို "နှစ်ဆယ်ရာစု​၏ အရှင်မဟာဗုဒ္ဓဃောသ"ဟုတင်စားထားကြ​၏။
အေဒီ ၅ရာစုလောက်က သီဟိုရ်ပြည်(သိီရိလင်္ကာ)၌ မြတ်စွာဘုရား​ဟောကြားခဲ့သောပိဋကတ်သုံးပုံကို အဋ္ဌကထာကျမ်းပေါင်းများစွားစီရင်တော်မူခဲ့သော အရှင်မဟာဗုဒ္ဓဃောသ ဟူသောမထေရ်တစ်ပါးရှိခဲ့ဖူး​၏။ ထိုအရှင်​၏ကျေးဇူးကြောင့် မြန်မာ့နိုင်ငံ​၏ သာသနာသည်ပိုပြီးတောက်ပခဲ့လေ​၏။ ယခုအရှင်ဇနကာဘိဝံသသည်လည်း ခေတ်နှင့်လျော်ညီစွာ နှောင်းလူတွေ ပိဋကတ်စာပေသင်ယူလေ့လာတဲ့အခါ နားလည်လွယ်အောင် ဘာသာဋီကာပေါင်းများစွာကို ရေးသားစီရင်ခဲ့​၏။ ထိုကြောင့်နှစ်ဆယ်ရာစု​၏ အရှင်မဟာဗုဒ္ဓဃောသဟုတင်စားကြတာဖြစ်​၏။ ဒေါက်တာသန်းထွန်းကလည်း နှစ်တစ်ရာအတွင်း အတော်ဆုံး ဘုန်းကြီး, ရှင်ဘုရင်, လူပုဂ္ဂိုလ်, ရွေးချယ်ခဲ့ရာ၊ဘုန်းကြီးထဲမှာ အရှင်ဇနကာဘိဝံသ၊ရှင်ဘုရင်ထဲမှာ ဘိုတော်ဘုရား၊ လူပုဂ္ဂိုလ်ထဲမှာ ဗိုလ်ချုပ်အောင်းဆန်းဟု ရွေးချယ်ခဲ့​၏။ဆရာတော်ဘုရားကြီးသည် စာပေကျမ်းဂန်အတော်နှံ့စပ်သည့်အလျောက် ၊ နိုင်ငံသူနိုင်ငံသားတို့ကို ရခဲ့သောလူ့ဘဝမှာ ဘုရားသာသာနာနှင့်တွေ့ကြုံခိုက် အချည်းနှီးမဖြစ်အောင် နေ့စဉ်ဘဝကိုတန်ဖိုးရှိစွာ ဖြန်သန်းစေချင်​၏။ ထိုကြောင့်လည်း ဘာသာရေးကျမ်းပေါင်းများစွာရေးသားခဲ့​၏။ ဆရာတော်ဘုရားကြီး​၏ နိုင်ငံကျော်အဆိုအမိန့်ဖြစ်တဲ့ "စိတ်ကောင်းရှိဖို့ပထမ"ဆိုတဲ့ ဩဝါဒစကားဟာ အင်မတန်မှန်ကန်​၏။ စိတ်ကောင်းမရှိရင် လူတစ်ယောက်သည် မည်မျှချမ်းသာကြွယ်ဝပြီးအောင်မြင်နေစေကာမူ ဘဝကူးမကောင်းမှာသေချာ​၏။ ဘုရားအဆူဆူတို့မိန့်တော်မူခဲ့သော "မကောင်းမှုရှောင် ကောင်းမှုဆောင် စိတ်ကိုဖြူအောင်ထား"ဆိုတဲ့ ဩဝါဒနှင့်ညီ​၏။ ဆရာတော်ဘုရားကြီး​၏ ဩဝါဒကိုနာယူပြီး နေ့တိုင်းညအိပ်ယာဝင်တဲ့အခါ "ငါဒီနေ့ ကုသိုလ်,ပညာ, ဥစ္စာ,သုံးခုထဲက ဘာရခဲ့လည်းလို့"စဉ်းစားဖြစ်​၏။ ဘာမှမရခဲ့သေးရင်တော့ ဘာဝနာလေးတစ်ခုခု မိနစ်အနည်းငယ်ပွါးပြီးမှ အိပ်ဝင်ယာဝင်​၏။ တစ်နေ့တာအတွက် ဝမ်းနည်းမှုကင်းဝေးကြပါစေ။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)