Author's Profile Photo

Sandi Cho

24/12/2024

2024ဖတ်ခဲ့တဲ့စာအုပ်တွေထဲကအကြိုက်ဆုံးစာအုပ်10အုပ်(part 1)

2 mins read
Book Review
2024ဖတ်ခဲ့တဲ့စာအုပ်တွေထဲကအကြိုက်ဆုံးစာအုပ်10အုပ်(part 1)'s photo


ကမ္ဘာပေါ်မှာအပျော်ဆုံးလူ-ဗန်းမော်သိန်းဖေ(ဘာသာပြန်)<✮✮✮✮✮

☆ဒီစာအုပ်ကို ငါဘ၀ကြီးကိုစိတ်ကုန်လိုက်တာ၊သေတာပဲကောင်းတယ်ဆိုတဲ့သူတွေဖတ်ကြည့်သင့်တယ်။ကိုယ့်ဘ၀ကိုယ်တန်ဖိုးမထားနိုင်တဲ့သူတွေဖတ်ကြည့်သင့်တယ်။အသက်ရှင်ရတဲ့ တန်ဖိုးဟာဘယ်လောက်ကြီးမားကြောင်းကို ဒီစာအုပ်ဖတ်ပြီး ပိုနားလည်သွားပါလိမ့်မယ်။

ဒီစာအုပ်ကိုဖတ်ရင်းမျက်ရည်ကျမိတယ်၊သနားမိတယ်၊နာကျည်းမိတယ်၊စာနာမိတယ်။Eddieရဲ့ စိတ်ဓာတ်ကိုလေးစားမိသလို သူရဲ့မလျော့တဲ့ဇွဲကိုလည်း အားကျမိတယ်။နာဇီတွေလက်ထက်က ကံကောင်းစွာနဲ့အသက်ရှင်လွတ်မြောက်လာတဲ့ ဂျုးလူမျိုးတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ဇာတ်ကြောင်းကို ရေးသားထားတဲ့၀တ္ထုတစ်ပုဒ်ပါ။

ချိုကို သင်ခန်းစာများစွာပေးခဲ့တဲ့ ၀တ္ထုလေးဆိုလည်းမမှားပါဘူး။Eddieပြောခဲ့သလိုပဲ “ကိုယ့်ဘ၀မှာ အပျော်ရွှင်ဆုံးနေထိုင်ခြင်းက အကောင်းဆုံးလက်စားချေခြင်း”ဆိုတဲ့စကားလေးကို ချိုကိုအလင်းရောင်တစ်ခုပေးခဲ့ပါတယ်။သူ့ရဲ့ဘ၀အကြောင်းကိုဖတ်ပြီးတဲ့အခါမှာ ကိုယ့်ရှိနေတဲ့ဘ၀ကိုပိုကျေးဇူးတင်စိတ်ဖြစ်ပေါ်လာတယ်။

❆ သေမင်းနဲ့ အနီးကပ်ဆုံးမှာနေခဲ့ရပေမယ့် သူရဲ့တစ်ခုတည်းသောလက်နက်က မျှော်လင့်ချက်ပဲ။သူရဲ့ အသက်ရှင်ရမယ့်ဆိုတဲ့ မျှော်လင့်ချက်ကို သူလုံး၀လက်မလျော့ခဲ့ဘူး။အဲမျှော်လင့်ချက်ကပဲ သူကိုအပျော်ရွှင်ဆုံး လူသားတစ်ယောက်ဖြစ်လာစေခဲ့တယ်။

Book
↧↧↧↧↧↧↧↧↧
https://t.me/tips_by_bee_J/2032

နှစ်ဆယ့်တစ်ရာစု သားရွှေဥ_ကျော်၀င်း(ဘာသာပြန်)<✮✮✮✮✮

the 7 habits of highly effective teensဆိုတဲ့စာအုပ်ကို ဘာသာပြန်ရေးသားထားတာပါ။ဘာသာပြန်စာအုပ်တွေထဲမှာဆို ချို့အကြိုက်ဆုံးလို့ပြောလို့ရပါတယ်။လူတစ်ယောက်အတွက်အရေးကြီးဆုံးhabit 7မျိုးကို ဇာတ်လမ်းလေးတွေ၊ပုံပြင်လေးတွေနဲ့ နားလည်လွယ်အောင်ရှင်းပြထားတာပါ။ချိုကပုံမှန်ဆို အဲလိုသုတစာအုပ်တွေဖတ်ရတာပျင်းပါတယ်။ဒီစာအုပ်လေးကိုတော့ ချို့ဆရာတစ်ယောက်ကreviewပေးလို့ ဖတ်ကြည့်ဖြစ်တာပါ။ချိုရဲ့အတွေးတွေကို ပြောင်းလဲသွားစေတဲ့ အကြောင်းအရာတွေပါပါတယ်။

☆ကိုယ်control လုပ်လို့မရတာတွေအပေါ်focusမထားဖို့တွေ၊ကိုယ့်ဘ၀မှာ သူများကိုအပြစ်တင်နေမယ့်အစား ကိုယ့်ကိုယ်ကိုယ်တာ၀န်ယူဖို့တွေ၊time managementကိုဘယ်လိုလုပ်ရမလဲဆ်ုတာတွေ အစရှိသဖြင့် တစ်ချက်မှပြစ်ရက်စရာမရှိအောင် ထိထိမိမိတဲ့ လေ့လာလို့ရတဲ့စာအုပ်လေးပါ။ချိုဆိုဒီစာအုပ်ထဲ အကြောင်းအရာတွေကို noteပြန်ထုပ်ထားပါတယ်။ပြီးတော့ ကိုယ့်ကိုယ်ကိုယ်ပြန်remindလုပ်မိပါတယ်။

Book
↧↧↧↧↧↧↧↧↧
https://t.me/tips_by_bee_J/2034

ဘ၀ဆိုတဲ့ကျောင်း_ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ)<✮✮✮✮✮

☆ဘ၀ဟာကျောင်းတစ်ခုလိုပဲ။ဒါပေမယ့်အဲကျောင်းက ဘယ်တော့ပြီးဆုံးသွားမှာမဟုတ်ဘူး။ဘ၀ထဲကသင်ခန်းစာတွေကနေသင်ယူမှနောက်ထပ်တစ်တန်းကိုတက်လို့ရတယ်။သင်ယူရင်း၊ကြိုးစားရင်းနဲ့မှ ဘ၀ဆိုတဲ့ကျောင်းမှာ ထာ၀ရလေ့လာနိုင်တယ်။

စာအုပ်နာမည်လေးကို သဘောကျလို့ဖတ်ဖြစ်ခဲ့တာပါ။အစကတော့တရားစာအုပ်ထင်တာ။ဒါပေမယ့်မဟုတ်ဘူး။ဗုဒ္ဓရဲ့အဆုံးအမနဲ့အညီ သာမန်လူသားဘ၀မှာပါ ဘယ်လိုအသုံးချလို့ရလဲ၊ဘယ်လိုစိတ်တွေထားလို့ရမလဲဆိုတာကို ကွင်းကွင်းကွက်ကွက်နဲ့ ရှင်းပြထားတဲ့စာအုပ်လေးပါ။ဒီစာအုပ်ထဲကနေ ချိုမှတ်သားစရာတွေအများကြီးရခဲ့တယ်။ချိုရဲ့အတွေးတွေကို ပြန်reflectဖြစ်သွားစေတဲ့ စကားတွေလည်းပါပါတယ်။

Book
↧↧↧↧↧↧↧↧↧
https://t.me/tips_by_bee_J/2036

မေတ္တာရှင်မလေးပေါ်လီယာနာ-ထင်လင်း(ဘာသာပြန်)<✮✮✮✮✮


ဒီစာအုပ်ဖတ်ပြီးပြီးချင်း ချို ပေါ်လီယာနာလိုကောင်မလေးဖြစ်ချင်မိတယ်။အသက်ရှင်ရတဲ့အဓိပ္ပါယ်ကဘာလဲဆိုတာ ဒီစာအုပ်ပြီးပိုသဘောပေါက်လာတယ်။ဆင်းရဲတဲ့လူတွေကလည်း ဆင်းရဲလို့မပျော်နိုင်ဘူး။ချမ်းသာတဲ့သူတွေကလည်း လောဘတွေကြောင့်ပိုမပျော်နိုင်ဘူး။တကယ်တော့ပျော်ရွှင်မှုဆိုတာ ကိုယ်နဲ့ပဲဆိုင်တာ။

☆အကောင်းမြင်တဲ့စိတ်ရယ်၊ကျေးဇူးတင်တတ်တဲ့စိတ်ရယ်က ချိုတို့ကို ဘယ်ဘ၀ရောက်နေနေ ၊ဘယ်လောက်ပဲစိတ်ညစ်စရာတွေများနေနေ ပျော်ရွှင်မှုကို သယ်ဆောင်လာပေးတယ်ဆိုတာ ဒီစာအုပ်ဖတ်ပြီးပိုသဘောပေါက်လာတယ်။

အဆိုးဆုံးတွေကြားကနေ ပျော်စရာလေးတွေကိုမြင်အောင်ကြည့်တယ်။ပြီးတော့ သူမရဲ့ပတ်၀န်းကျင်ကလူတွေပါ အဲပျော်ရွှင်မှုကို မျှဝေပေးတယ်။လူတွေရဲ့ဘ၀တော်တော်များများကိုလည်း အလင်းပေးနိုင်ခဲ့တယ်။ပေါ်လီယာနာလိုလူတွေသာများရင် စစ်ပွဲတွေဆိုတာမရှိသလို လူတိုင်းလည်းပျော်ရွှင်နိုင်မှာသေချာပါတယ်။

Book
↧↧↧↧↧↧↧↧↧
https://t.me/tips_by_bee_J/2038

မဖတ်ရ မြဲတတ်သည်_ရာဇာဝိဇယ <✮✮✮✮


Favourite bookတွေထဲကတစ်ခုဖြစ်လာခဲ့တဲ့ စာအုပ်လေးပါ။အထူးသဖြင့် ချိုကတော့ မိန်းကလေးတွေ ဖတ်ကြည့်သင့်တယ်လို့ထင်တယ်။

☆ယောင်္ကျားလေးတွေရဲ့သဘောထားတွေ၊သဘာ၀တွေကိုရေးထားသလို၊ မိန်းမနဲ့ ယောင်္ကျားကြားက မတူညီတဲ့စိတ်အခြေအနေတွေကိုပါသိရမှာပါ။တစ်ခါတစ်လေချိုတို့က ယောင်္ကျားလေးတွေရဲ့စိတ်ကိုနားမလည်နိုင်ကြဘူး။ဒီစာအုပ်ဖတ်ကြည့်ရင် ယောင်္ကျားလေးတွေဘယ်လိုတွေးကြတယ်၊ဘ၀အပေါ်ဘယ်လိုခံယူထားတဲ့ဆိုတဲ့အကြောင်းတွေပါသိရမှာပါ။တစ်ခြားpersonalityနဲ့ပတ်သတ်တဲ့ အခန်းလေးတွေရောပါတာမို့ ဖတ်ကြည့်သင့်တဲ့စာအုပ်လေးပါ။

ဖောက်ပြန်တာနဲ့ပတ်သတ်ပြီးတော့လည်း ဘယ်လိုကိုင်တွယ်လို့ရလဲဆိုတဲ့ နည်းလမ်းလေးတွေရောပါပါတယ်။ကိုယ်ထင်တာပဲအမှန်ထင်ပြီး တစ်ဖက်ပိတ်နေတဲ့ သူလေးတွေတော့ ဒီစာအုပ်ကိုမဖတ်တာကောင်းပါတယ်?

Book
↧↧↧↧↧↧↧↧↧
https://t.me/tips_by_bee_J/2040

Keep Reading

အာရုံစူးစိုက်မှုပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်အချိန်ဆွဲတဲ့အကျင့်ဆိုးစိတ်ဓာတ်ကျနေတဲ့အခါအချိန်ဆွဲတာကိုကုစားမယ် စိတ်ညစ်စရာကြားကဆေးတစ်ခွက်အင်တာနက်နဲ့ လူနေမှုဘဝ လိုမှသုံးပါညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးရှောင်တာက ကြောက်ခြင်းမဟုတ်