Author's Profile Photo

Minal

24/12/2024

အတိတ်မှအနာဂတ်ဆီသို့?

1 min read
18 Again
Environment & Sustainability
Entertainment
အတိတ်မှအနာဂတ်ဆီသို့?'s photo


အတိတ်ဆိုတာနဲ့ ကောင်းတဲ့အတိတ်တွေရှိသလို မကောင်းတဲ့အတိတ်တွေလည်ရှိပါတယ်။လူတိုင်းမှာလည်း အတိတ်ကိုယ်စီ ရှိကြပါတယ်။

အတိတ်ထဲမှာတင်ပိတ်မိနေရင်တော့ မိတ်ဆွေ သင့်ရဲ့အနာဂတ်ဟာ မသေချာမရေးရာပဲ ပျော်ရွှင်မူတွေကင်းမဲ့နေပါလိမ့်မယ်။အတိတ်ကအဖြစ်ပျက်တွေ တစ်ချို့ကကြိုက်ကြတယ်။တစ်ချို့ကမုန်းကြတယ်။

ဒါပေမယ့် အတိတ်ထဲကနေ လူတော်တော်များများမရုန်းထွက်နိုင်ကြဘူး။ဘာကြောင့်လဲ ပတ်ဝန်ကျင်လူ့အသိုင်းဝိုင်ကြောင့်နဲ့ ကိုယ့်ရဲ့အတွေးတွေကြောင့်ပါ။

လူကြီး၊လူငယ် အသက်အပိုင်းအခြားမရွေး အမှားနဲ့မကင်းကြပါဘူး။အဲ့အမှားကိုမှ ပုံကြီးချဲ့ပြောတတ်တဲ့ လူ့အသိုင်းဝိုင်တွေရှိနေပါတယ်။

ဒါကြောင့်လည် လူ့တစ်ချို့ အတိတ်မှာပိတ်မိခဲ့ကြသလို တချို့တွေအသက်ပါပေးသွားကြပါတယ်။လူ့ပတ်ဝန်ကျင်မှာ အားပေးစကားလေးတစ်ခွန်းကြောင့် စိတ်ဓာတ်ကျနေသူကို စိတ်ဓာတ်မကျအောင်၊အခန်းထဲကမထွက်နိုင်လောက်ထိ အတိတ်ထဲမှာပိတ်မိနေတတ်တဲ့သူတွေကို ဘဝကိုအဓိပ္ပာယ်ရှိရှိဖြတ်သန်းရန် အားပေးစကားများဖြင့် ကူညီဆောင်ရှောက်ပေးရမှာဖြစ်ပါတယ်။

အတိတ်ကအရာတွေအတွက် ပူဆွေးသောကရောက်မနေဘဲ လက်ရှိအချိန်မှာဘဲ ပျော်အောင်နေတတ်မှ ဘဝကအဓိပ္ပာယ်ရှိမှာဖြစ်ပါတယ်။

အတိတ်ကနေရုန်းထွက်နိုင်ဖို့ဆိုရင် စာတွေဖတ်ပါ။မသိတဲ့သူစိမ်းတွေနဲ့မိတ်ဆွေဖွဲ့ပါ(အပေါင်းအသင်းအသစ်တွေထားတာကိုပြောချင်ဖြစ်ပါတယ်)။

မရောက်ဖူးတဲ့နေရာတွေကို အပေါင်းအသင်းနဲ့ဖြစ်ဖြစ် ခရီးတွေထွက်ပါ။အဖွဲ့အစည်းတစ်ခုခုမှာပါဝင်လှုပ်ရှာပါ။ဘယ်အရာကိုမှမကြောက်ပါနဲ့။

လောကကြီးမှာ သင်မသိသေးတဲ့အကြောင်းအရာတွေ အသစ်အဆန်းတွေအများကြီးရှိတာမို့ ဘာတွေပဲ ဖြစ်လာဖြစ်လာ ပျော်ပျော်ကြီးလက်ခံပါ။

လူငယ်တိုင်ပျော်ရွှင်လွတ်လပ်ကြပါစေ??
Minal (24.12.2024) Tue

Keep Reading

သတိ💘လူတိုင်းတွင် နူးညံ့လွန်းသောနှလုံးသားရှိသည်ထွက်ပေါက်(Exit)တကယ်ပြီးသွားမှာလား? Really End?မဖြစ်မ‌နေဖတ်ကိုဖတ်သင့်တဲ့ စာအုပ် (၅) အုပ်UWC scholarshipလူငယ်တွေ ဘာကြောင့် သင်တန်းတက်ကြတာလဲ ?လူငယ်နှင့်စာပေPassion (အရူးအမူးဖြစ်ခြင်း၊ ဝါသနာကြီးခြင်း)အချိန်ဆွဲတတ်တဲ့ သူတွေအတွက် 2 Minutes Ruleဆောင်းပါးတစ်ပုဒ်ဘယ်လိုစတင်ရေးသားကြမလဲ