Author's Profile Photo

Tawtawti

23/12/2024

ထွက်ခွာသူ၏ အိပ်မက်ဝိညာဥ် ( ဂမ္ဘီရ ဝတ္တုတို )

8 mins read
Art
Novel
Creative

#ထွက်ခွာသူ၏အိပ်မက်ဝိညာဥ်

(စ/ဆုံး)

(1)

နာရေးအိမ်ရှေ့ ကန္နားဖျင်းထိုးထားသော အမိုးအောက်တွင် ကျန်နော်ရှိနေသည်။တစ်ယောက်တည်းတော့မဟုတ်။မီးအလင်းရောင်လွှမ်းခြုံထားသည့် ထိုရပ်ဝန်းမှစားပွဲခုံတစ်လုံးတွင် ကွယ်လွန်သူ၏ မိခင်၊ညီမ တို့နှင့်အတူ ဝိုင်းထိုင်နေခြင်းဖြစ်သည်။

မြန်မာစံတော်ချိန်ညကိုးနာရီကျော်မျှတော့ရှိပေမည်။
သေဆုံးသူသည် ကျန်နော်၏အခင်ဆုံးသူငယ်ချင်းများထဲတွင်ပါဝင်သူတစ်ယောက်။
ထို့ကြောင့် သူတို့အိမ်တွင် လိုအပ်သည်ကို ကူညီလုပ်ဆောင်ပေးပြီး ညအိပ် နာရေးစောင့်ပေးရန်အတွက်ပါ ယခုအချိန်အထိ ကျန်နော်ရှိနေမိသည်။

ထိုင်သာထိုင်နေကြသည်။
စို့နင့်ဝမ်းနည်းမှုကိုယ်စီနှင့်မို့ တစ်ဦးနှင့်တစ်ဦး စကားစမြည်မျှပင်မဆိုဖြစ်ကြ။
တိတ်ဆိတ်မှုသည်သာဝန်းကျင်ကိုစိုးမိုးထားသည်။

သည်ကနေ့သည် အသုဘချပြီးခဲ့သည့် ပူပူနွေးနွေးရက်။
မနက်တုန်းဆီက ကျန်နော်ကိုယ်တိုင်အလောင်းပြင်ပေးခဲ့သည်။နေ့လယ်ရောက်တော့ သုဿန်တွင် သင်္ဂြိုလ်ပေး ခဲ့သည်။
ဟုတ်ကဲ့။
ကာယကံရှင်မှာ အဘယ်ကြောင့် ဆုံးပါးသွားရပါသနည်း တဲ့ ။ မတော်တဆဆိုင်ကယ်တိမ်းမှောက်ရာမှ ယာယီလူ့ဘဝနယ်ထဲမှ ယခုဘဝကို အပြီးသတ် နှုတ်ဆက်သွားရခြင်းဖြစ်သည်။
2007ခုနှစ်ဇူလိုင်လ၏တစ်ညတာ အသက် (23)နှစ်အရွယ်မှာပင် ကိုယ်တွေကို စောစီးစွာ ရုတ်တရက်ကြီး ထားရစ်ခဲ့နှင့်သည်လည်းဖြစ်၏။

ထိုစဥ် ဝေ့ခတ်လာသည့် ညလေသွေးမှုက ရနံ့တစ်ခုကို သယ်ဆောင်လာသည်။
သည်ရနံ့...။နှာဖျားဝဆီသို့ တိုးဝင်လာသော သည်ရနံ့။
ဟုတ်သည်။သည်ရနံ့ကို ကျန်နော် ကောင်းကောင်းသိနေသည်။
ဝင်သက်ဆီသို့ စီးဝင်လာသော ရနံ့နှင့်အတူ
တမလွန်ရောက် သူငယ်ချင်းဖြစ်သူသည် သည် အနီးအနားမှာပဲ ရှိနေပေလိမ့်မည်လားဟု တွေးတောမိလိုက်သည်။

(2)

ဆရာမင်းသိင်္ခဆိုလျှင် နိုင်ငံကျော် စာရေးဆရာ၊ဗေဒင်ဆရာ တစ်ဦးအဖြစ် ထင်ရှားသူဟု အားလုံးသိရှိကြပေမည်။

ရန်ကုန်တိုင်း၊မှော်ဘီမြို့နယ်ရှိ ကိုယ်ပိုင်ခြံဝန်းကျယ်ကြီးတစ်ခုတွင်နေထိုင်လျက် စာပေ၊ဗေဒင်၊ရိုးရာလက်ဝှေ့ဝါသနာရှင်များကိုခေါ်ယူကာ စားစရိတ်ငြိမ်းကျွေးမွေးပြီးအတတ်ပညာများကို ဖြန့်ဝေ၏။မြေတောင်မြှောက်ပေးခြင်းပြု၏။

ထိုခြံသည် အနယ်နယ်အရပ်ရပ်မှ စုံလင်သောကိစ္စများဖြင့် လာရောက်ကြသူများလေရာ ဧည့်မ ပြတ် အစဥ်ရှိတတ်လေသည်။သစ်ဝါး တောရိပ်အတွင်းရှိသော်လည်း လူစည်ကားသည့်နေရာတစ်ခုဖြစ်နေသည်။

ထို့ကြောင့်ခြံဝန်းထဲတွင် စျေးဆိုင်၊ထမင်းဆိုင်များလည်း ခွင့်ပြုချက်ဖြင့်ဖွင့်ထားကြ၏။
ပညာသင်ကြားကြရင်း ဖူးစာဆုံသူများကိုပင် သီးသန့် အိမ်ကလေးများဆောက်လုပ်ပေးကာ နေထိုင်စေလျက်ရှိ၏။

သူ၏တပည့်များစွာပေါ်ထွက်လာသည်နှင့်အမျှ ထိုအထဲတွင် ကျန်နော့်သူငယ်ချင်းလည်း ပါဝင်ခဲ့၏။
သူနှင့်ကျန်နော်သည် တမြို့တည်းဖြစ်သော ထိုခြံထဲသို့
သွားရောက်လည်ကြရာမှ သူသည် ခြံထဲတွင်နေထိုင်ရန်ဆုံးဖြတ်ခဲ့၏။
ဗေဒင်ပညာသင်ယူသည်။လက်ဝှေ့လည်းထိုးဖူး၏။ တရားဝင်စင်ပေါ်သို့ စိန်ခေါ်ပွဲနှစ်ပွဲတိတိဖြင့် ရောက်ရှိဖူး၊ ရင်ဆိုင်ဖူး၏။

ဆရာမင်းသိင်္ခ၏ လူရင်းအနီးကပ်တပည့်ထိတိုင် ဖြစ်သွားဖူးရာ ခြံထဲမှ မိတ်ဆွေသင်္ဂဟများလည်း ပေါများ၏။
ထို့ကြောင့် သူ၏နာရေးကို လိုက်လံပို့ဆောင်ပေးကြ၏။

သူ့ကြောင့် သူ့မိခင်ကလည်း ထိုခြံထဲတွင်ပင် ဘက်မရှောင်အမည်ဖြင့် ထမင်းဆိုင်ဖွင့်ဖြစ်သွားခဲ့၏။

နောက်ပိုင်းမှ...သူသည် ဆက်လက်မသင်ကြား ဘဲနေခဲ့သည့် တက္ကသိုလ်အဝေးသင်နောက်ဆုံးနှစ်ကို ထပ်မံတက်ရောက်ဆည်းပူး ဦးမည်ဆိုကာ ခြံထဲကနေ ကိုယ့်အိမ်ကိုယ်ပြန်နေခြင်းဖြစ်သည်။

သူ၏အမည်မှာမူ ထက်မြက်အောင်ဟုခေါ်ပါသည်။
သူ့ရုပ်အလောင်းကို ပြင်ဆင်ရန် မှော်ဘီဆေးရုံရင်ခွဲခန်းအတွင်းသို့ ဝင်ရောက်စဥ်က ရခဲ့သောရနံ့သည် ယခုအခါတွင်လည်း သူ့အိမ်ရှေ့တွင် လှိုင်နေသည်။
သူငယ်ချင်းမတစ်ဦးနှင့် အနီးကပ်ပြင်ဆင်ပေးခဲ့သည်မို့ သည်ရနံ့ကို သတိတရမှတ်မိနေ၏။

ခဏနေမှ...ရနံ့ကပျောက်သွားသည်။
သူသည် သူရှိနေကြောင်းကို သိလိုသူများကိုသာ
ခေတ္တအငွေ့အသက် အရိပ်အမြွက်ပြခြင်းလားမသိ။

ထိုစဥ်...သူငယ်ချင်းဖြစ်သူ ကျော်သူလင်း ရောက်လာသည်။
သူ့ဆီ...ကျန်နော် ထသွားရင်း...

"တို့အရက်သွားသောက်ရအောင် "

စိတ်ပင်ပန်းမှုကို ခဏတာဆေးကြောရန်ထွက်ပေါက်ရှာမိသည်။
ကျော်သူလင်းကခေါင်းညိတ်ပြသည်။

"လာကွာ...ထက်မြက်အောင် ၊မင်းလည်းလိုက်ခဲ့"

ကျန်နော်က နှုတ်ကတီးတိုးရွတ်လိုက်သည်။
ထိုမတိုင်ခင် ငါးနှစ်ခန့်က သူငယ်ချင်းတစ်ဦးဖြစ်သူ ရန်ရှင်းမှာ ငှက်ဖျားရောဂါဖြင့် အမှတ်မထင်ဆုံးပါးဖူးသည်။
ထိုအခါကလည်း သင်္ဂြိုလ်ပြီးညတွင် သူငယ်ချင်းတွေစုပြီး အရက်သောက်စဥ် ကွယ်လွန်သူ ရန်ရှင်းကို ခေါ်ကာ တိုက်ခဲ့ဖူးကြသည်။

အလှည့်ကျ သောက်ကြရင်း
တစ်ခွက်ထည့်လိုက်...သူ့အတွက်ဆိုကာ ခုံပေါ် တင် ထားပေးလိုက်၊တပတ်လည်လာလျှင် သွန်လိုက်၊ထပ်ထည့်ပေးလိုက်နှင့်သူရှိနေတုန်းကပုံစံအတိုင်းလုပ်ကာ တိုက်ခဲ့ကြခြင်းဖြစ်၏။ထိုအကြောင်းကိုအကျယ် သိလိုပါလျှင် (အလွမ်းဖြေ သပြေခက်လိပ်ပြာ)ဝတ္တုတွင်ဖတ်ရှုစေလိုပါသည်။

သည်တုန်းကတော့...ထက်မြက်အောင်သည် ကြောက်သည်ဆိုကာ အတူမပါဝင်ခဲ့။
ကျန်နော်တို့သူငယ်ချင်းများထဲတွင် တစ္ဆေအကြောက်ဆုံးသူမှာ ထက်မြက်အောင်ပင်ဖြစ်သည်။ကြောက်တတ်လည်း သေခြင်းတရားသည် မလွဲနိုင်ပါချေ။
ယခုတော့ သူကိုယ်တိုင်အခေါ်ခံရသောအဖြစ်သို့ရောက်ရှိသွားသည်။

ယမကာဆိုင်ရောက်တော့...
သူ့အတွက် ခွက်တစ်လုံးချပေးထားသည်။
အရက်ထည့်ပေးထား၏။
သူသောက်နိုင်သည်မသောက်နိုင်သည်ထက်မိမိသတိရစိတ်ကို အမှတ်တရအာသာဖြေမှုဟုလည်းဆိုနိုင်မည်ပင်။
သွန်တာဖြင့်မလုပ်မိတော့ပါ။
အခြေအနေကလည်း ကိုယ်တွေမှာ ဘတ်ဂျက်နည်းနေသည့်အခိုက်နှင့်ကြုံချိန်မင့်ကိုး။

သိပ်မကြာလိုက်ပါ။
သောက်ပြီး..ပြန်လာတော့ ထက်မြက်အောင် အမေက
ယခင်နေရာတွင်ထိုင်နေတုန်းဖြစ်သည်။
ကျော်သူလင်းကတော့ မနက်အလုပ်တက်စရာရှိသည်မို့
အိမ်ပြန်သွားသည်။

ကျန်နော်က...

"အန်တီ..အစောပိုင်းကျန်နော်တို့ထိုင်ခဲ့တုန်းက အနံ့တစ်ခုရလား"

အန်တီရှေ့တွင် ပြန်ဝင်ထိုင်ရင်းက
အရှိန်လေးနဲ့မို့ လွှတ်ခနဲ အမေးစကားပျိုးမိလိုက်သည်။

အန်တီက သဘောပေါက်ဟန်ဖြင့်..

"ရတယ်..သားရဲ့၊သူလာတာတူတယ်"

ဒါဆိုလျှင်...စိတ်အထင်မဟုတ်တာသေချာပြီ။

"အားတော့နာပါတယ်...အန်တီရယ်၊အန်တီတို့အထိတ်တလန့်နဲ့သောကဖြစ်မှာစိုးလို့မပြောဘဲနေခဲ့တာ"

"အသက်တောင်ဆုံးရှုံးပြီးပြီပဲ..ဖြေသိမ့်တတ်ရမှာပေါ့၊
သူ့ကောင်းကျိုးအတွက်ပဲအတတ်နိုင်ဆုံးပြုပေးရမှာပဲ"

စကားစမြည်ပြောဆိုရင်းက...ရက်ကွက်ထဲမှ ဖဲဝိုင်းလာသော လူနှစ်ဦး သူမူးငါမူး စကားများနေသည်ကို ကျန်နော်သည်လည်းပဲမူးနေသည့်ကြားက သွားထိန်းပေးရသေး၏။ကွယ်လွန်သူ ကာယကံရှင်ဖြစ်သည့်
ထက်မြက်အောင်၏အခင်ဆုံးသူငယ်ချင်းကလာချော့သည်ဆိုသောမျက်နှာနှင့်မှ ပြေလည်သွားကြသည်။

ထိုမှ..ကျန်နော်သည်လည်း နားအေးပါးအေးနေချင်သည်နှင့် အနီးရှိ ဘုရားဝန်းအတွင်းသို့ ဝင်လာခဲ့မိ၏။
ထို့ပြင် ထက်မြက်အောင်နှင့်သာ စကားပြောနေချင်သည်။
ကျန်နော်တို့သည်အရင်ကဆိုလျှင် ညတိုင်းလိုလို တွေ့နေကြပင်မဟုတ်ပါလား။
အရက်သည် စိတ်၏လိုရာကို မြှောက်ပေးတတ်သောသဘောရှိသည်။

ကျန်နော်သည် ပင်ကိုယ်အားဖြင့် ပရလောကသားများကို ကြောက်လေ့မရှိပါ၊သို့သော်...ပကတိမကြောက်ခြင်းလည်းမဟုတ်၊ဗုဒ္ဓဝင်များထဲတွင်ပင် သူတို့သည်အမှန်ရှိကြောင်းပါဝင်သည်ဖြစ်ရာ မကြောက်လျှင်ခြောက်မရဟူသော ထုံးကိုနှလုံးမူကာ ဟန်ကိုယ့်ဖို့ မကြောက်ခြင်းဖြစ်သည်။

ဆိုရလျှင်..
ကျန်နော့်မကြောက်ခြင်းမှာ ဘာမဟုတ်တာလေးမျှနှင့်တော့ သည်းသည်းလှုပ်ကြောက်မနေတတ် ခြင်းဖြစ်သည်။သို့သော်..ကျန်နော့်မှာ အကျင့်တစ်ခုလည်းရှိနေသည်။မည်သည့်ကိစ္စမဆို...ကြောက်စရာဟုတွေးမိနိုင်သော်လည်း အေးဆေးနေသည့်တိုင် မလွှဲသာသည့်အခြေအနေတွင် လက်တွေ့ရင်ဆိုင်လာရပါက မိမိကိုယ်ကိုယ် အားကိုးလိုစိတ်ဝင်လာပြီးလျှင် ရင်ဆိုင်ရန်သတ္တိကောင်းလာခြင်း (သို့)ပြေလည်အောင် ဖြေရှင်းတတ်ခြင်း ဖြစ်သည်။လုပ်မည်ဟုဆုံးဖြတ်ပြီးလျှင်တွန့်မနေတတ်။မဖြစ်နိုင်လို့ လက်လျှော့ရလျှင်တောင် တေးထားတတ်သည်။
အန္တရာယ်ကြားကတော့ ထိခိုက်မှုမရှိစေရန် အတတ်နိုင်ဆုံးလွတ်အောင်လည်းရုန်းသည်။

အဲ...မူးများမူးရင်တော့...ဘာမှကို မကြောက်တော့ချေ။ ဘယ်နေရာသွားရသွားရ မရွံ့စတမ်းသွားသည်။
ယခုလည်း ထက်မြက်အောင်မဆုံးခင် ရက်ကလေးမှ သူနှင့်အတူ လက်ဖက်သုတ်ထိုင်စားခဲ့သော စေတီရင်ပြင်သို့တက်လာခဲ့သည်။

အဆိုပါတစ်ညက ကျန်နော့်အိမ်က လက်ဖက်သုတ်နှင့်ထမင်းယူသွားပြ

Elio (2025) Spoiler Free Movie Reviewမျက်နှာကို တော်တော်တည် ထားသည်How To Train Your Dragon (2025) Spoiler Free Movie Reviewလွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ❝ဈေးရောင်းခြင်း အနုပညာ❞"အချစ်ဦး"တဲ့လွမ်းသမျှ စာတင်ဦးညိုအေးကြီးကို ကျေးဇူးတင်တယ်

Unlock to read this premium article with 10 points.