Tawtawti
"ရွှေပန်း"
............
"လူဆိုတာ...ရွှေရှိမှ မျိုးတော်ချင်တာ၊ ရွှေမရှိရင် စကားသွားပြောရင်တောင် တလှိုက်တလှဲ ပြန်မပြောချင်တတ်ကြဘူး"
သူငယ်ချင်းက ဆိုသည်။
"ပန်းနဲ့ပေါက်တာမနာပေမယ့် စကားနဲ့ပေါက်ရင် နာသတဲ့၊ မပြောတော့လည်း နာစရာမရှိဘူးပေါ့ "
ကိုယ်ကပြန်ပြောလိုက်သည်။
"ငါ့ကိုမတန်ဘူးဆိုပြီး မပြောတာလည်းဖြစ်မှာပေါ့"
သူငယ်ချင်းက သူ့အတွေးနှင့် ထပ်ဓွန့်တက်သည်။
"လူတယောက်မှာ စကားတခုကို နာကျင်သွားရင် သံသရာအထိ အငြှိုးထားတတ်ကြသတဲ့၊ အဲ့ဒီ့တော့ မပြောကြတဲ့အခါ စကားနဲ့ပေါက်တာမျိုး မကြုံရတော့ဘူးလေ၊ မင်းရွှေရှိမှ ပန်းနဲ့ပေါက်ရင် ပေါက်မှာပေါ့"
ကိုယ်က အကျယ်ချဲ့ရှင်းပြမိသည်။
"ဘာပန်းလဲ...ဂေါ်ဖီပန်းနဲ့လား"
သူငယ်ချင်းက ဘုတောသည်။
"ရွှေချင်းထပ်မယ်ဆိုပြီး...အဲ....ရွှေပန်းနဲ့"
"ခွီး.."
#တော်တော်တည်
Keep Reading