Tawtawti
"ဆရာ့ရဲ့ပရိသတ်"
........................
( SCENE - 1 )
Scene Heading - Town - Afternoon
နေလယ်ခင်းအချိန်။
ရန်ကုန်မြို့လယ်အတွင်းသွားလာလှုပ်ရှားနေကြသည့်လူများ၏ မြင်ကွင်းကိုဝေ့ဝိုက်ရိုက်ကူးပြ။
မျက်မှန်ဆိုင်တဆိုင်၏ ဆိုင်းဘုတ်ကိုအနီးကပ်ရိုက်ပြ။
Transition...........................................FADE OUT
Scene No - ( SCENE - 2 )
Road - Afternoon
Action - မျက်မှန်ထူထူ၊ ဆံပင်ရှည်ရှည်နှင့် အသက် ( ၃၀ ) နှစ်ခန့် ယောကျ်ားတယောက် ငိုက်စိုက်ငိုက်စိုက်ဖြင့်လျှောက်လာ။
Clothes - လက်ခေါက်ထားသော
ရှပ်အင်္ကျီအဖြူလက်ရှည်ကို ပုဆိုးနီအပြင်သို့ထုတ်ဝတ်ထား။ စာအုပ်များထည့်ထားသော လွယ်အိတ်တလုံးကိုလည်း ကျောသိုင်းလွယ်လာ။ လက်ကလည်း ဟမ်းဖုန်းတလုံးကိုကိုင်ထား။ သူ့ပုံစံက ကပိုကရိုနိုင်နေရမည်။
Character name - ကိုတည်
Action -ထိုစဥ် ကိုတည့်ဆီသို့ ဖုန်းခေါ်သံတခုဝင်လာ။
ကိုတည်က လမ်းဘေးတနေရာတွင်ရပ်လိုက်ကာ ဖုန်းနားထောင်လိုက်သည်။
Parenthetial- ထိုအခိုက် လမ်းသွားလမ်းလာလူအများထဲမှ ယောကျ်ားတယောက် ကိုတည်၏အနီးသို့ရောက်လာသည်။
သက်တူရွယ်တူခန့်ရှိမည်။ ထိုလူက အင်္ကျီဖြူလည်ဂတုံးလက်တို၊ လုံခြည်အနက်တို့ကိုဝတ်ဆင်ထားပြီး ဘေးလွယ်အိတ်တလုံးလည်းပါလာသည်။ သပ်သပ်ရပ်ရပ်ပုံစံရှိသည်။
ကိုတည်က တဖက်ကိုဖုန်းပြန်ပြောနေသည်။
Dialogue - " သြော်...အေး.. မျက်မှန်ကိုင်းအသစ်သွားလုပ်တာ အဆင်ပြေပါတယ်..သူငယ်ချင်း၊ ဆိုင်ရှင်ကသဘောကောင်းတာနဲ့ ငါရေးတဲ့ဝတ္တုစာအုပ်လေးတောင် လက်ဆောင်ပေးခဲ့သေးတယ်"
လည်ဂတုံးနှင့်လူက ကိုတည်၏ စကားကိုလှမ်းကြားဟန်ရှိသည်။
အနားတွင်မတ်တပ်ရပ်၍ပင် နားထောင်နေ၏။
"အခုပဲ ပြန်လာမလို့၊ ဒါပဲနော်"
စကားလက်စသတ်၊ ကိုတည်ဖုန်းအချ။
ခုနက ဘေးမှာလာရပ်နေသူက...
"ဆရာ..ဆရာ၊ ကျွန်တော့်ကိုမမှတ်မိဘူးလား"
ကိုတည် ဇဝေဇဝါဟန်ဖြစ်သွား။
စိတ်ထဲကလည်း
"သူနဲ့ငါက သိကောသိလို့လားမသိဘူး"
ဟု တွေးလိုက်၏။
Dialogue - ထိုသူကဆက်ပြီး
" ဆရာ့ရဲ့ပရိသတ်ပါ ခင်ဗျာ၊ ပွဲမှာတောင်ဆုံဖူးတယ်လေ "
ကိုတည် စဥ်းစားဟန်ပြု။
(တချက်တွေးလိုက်ပုံ)
"အင်း..သူနဲ့ငါ စာပေပွဲတခုခု တက်ရင်း ဆုံခဲ့ဖူးတာလားမသိဘူး၊ ငါကမမှတ်မိဘူးပြောလိုက်ရင်လည်း ကိုယ့်ပရိတ်သတ်ပါဆိုတော့ အားနာစရာကြီး၊ ရေလိုက်ငါးလိုက်နှုတ်ဆက်မှဖြစ်တော့မှာပဲ "
သို့နှင့်
ကိုတည် ( အပြုံးနှင့် ) - "သြော်...ဟုတ်ကဲ့၊ ရုတ်တရက်ဆိုတော့ မမှတ်မိဖြစ်နေတာ၊ ပြန်တွေ့ရတာ
ဝမ်းသာပါတယ်ခင်ဗျာ"
ထိုလူ ( ရယ်ရယ်မောမောနှင့် ) - "ရပါတယ်ဗျာ၊ ဒါနဲ့ ဆရာ တမျိုးတော့မထင်ပါနဲ့၊ နေကလည်းပူတော့ အမောပြေအပန်းပြေ ဘီယာလေးလိုက်သောက်ပါလား၊ ဒီနားတဝိုက်မှာ ဆိုင်ရှိတယ်ဆရာ"
"အယ်"
"လာပါ...ဆရာရယ်၊ ဆရာ့ရဲ့ပရိသတ်ဆိုတော့ ဆရာဘာကြိုက်တတ်မှန်း ရိပ်မိပါတယ်၊ ကိုယ့်ဆရာကို တွေ့တုန်းကြုံတုန်းလေး ကျွန်တော်က ပြုစုချင်လို့ပါ"
ထိုလူက ပြောပြောဆိုဆိုဖြင့် ဆရာချင်းမိုးမွှန်အောင်ခေါ်ကာ ကိုတည့်လက်ကိုဆွဲကာ အတင်းခေါ်သွား။ ကိုတည်လည်း ငြင်းရခက်ဟန်နှင့် ကားယားကားယားဖြင့်
ပါသှား၏။
...........................................
Scene No - 3
Beer Bar - Afternoon
Action-ဘီယာဆိုင်အတွင်းထောင့်ရှိဝိုင်းတခု။
လည်ဂတုံးနဲ့ထိုလူ နှင့် ကိုတည်ထိုင်နေ။
ဆိုင်အတွင်းတွင် Rapသီချင်းတပုဒ်ကို ဘောက်ဖြင့် ခပ်ကျယ်ကျယ်ဖွင့်ထားသည်။
စားပွဲခုံပေါ်တွင် အာလူးကြော်တပွဲ၊ ကြက်ဥမွှေကြော်၊ ဘီယာနှစ်လုံးနှင့် ခွက်များရှိနေသည်။ ထိုလူနှင့်ကိုတည်တို့၏ ဖုန်းကိုယ်စီကလည်း မိမိတို့ရှေ့တွင်မိမိ ချထားလျက်ရှိကြ၏။
Dialogue
ထိုလူ- "ဆရာကလည်း စားချင်တာရှိရင် ထပ်မှာပါဦး၊ အားမနာပါနဲ့၊ ကျွန်တော်ပဲပြုစုမှာပါ၊ ကျွန်တော်က ဆရာ့ရဲ့ပရိသတ်ပါဆိုဗျာ၊ ကဲ..ခုတော့ ချီးယားလေးလုပ်ပါရစေ"
Action -ထိုလူကခွက်ကမ်းပေး။
နှစ်ဦးသားခွက်ချင်းတိုက်လိုက်သည်။
ပရိသတ်ဆိုသည့်အပြောက ကိုတည်၏မျက်နှာကို ပြုံးဖြီးဖြီးဖြစ်သွားစေသည်။
ကိုတည်က ပီတိနှင့် ဘီယာခွက်ကို တကျိုက်မော့လိုက်ပြီး
Dialogue
ကိုတည်- "ဒါဖြင့် အခုနောက်ဆုံးထုတ်ထားတဲ့ ဝတ္တုစာအုပ်လေးလက်ဆောင်အဖြစ်ပေးခဲ့မယ်ဗျာ၊ တခါတည်းလည်းပါလာလို့လေ၊ စာအုပ်မှာအမှတ်တရဆိုပြီး လက်မှတ်ကော ထိုးပေးခဲ့မယ်နော်၊ ဘယ်သူ့အတွက်လို့ ရေးပေးရမလဲ"
Action ထိုလူကလည်း ဘီယာခွက်ကိုမော့ချပြီးနောက်..ပြန်ပြောသည်။
Dialogue
"ကျွန်တော့်နာမည် လူအောင်ပါဆရာ၊ လူအောင်အတွက်ဆိုရပါတယ်၊ ဆရာ့ရဲ့ပရိသတ်နော် ဆရာ"
Character name - လူအောင်
Action-ကိုတည်က လွယ်အိတ်ကိုချွတ်လိုက်သည်။
လွယ်အိတ်ထဲကစာအုပ်ထုတ်သည်။ လွယ်အိတ်ကို ဘေးထိုင်ခုံတခုပေါ်တင်သည်။
စာအုပ်ကိုတော့ စားပွဲခုံပေါ်တင်ပြီး လက်မှတ်ရေးထိုးပေးနေသည်။ ခေါင်းငုံ့ကာ အာရုံစိုက်နေရသဖြင့် စာအုပ်နဲ့မျက်နှာကပ်နေ။
လူအောင်ကမူ သူ့လွယ်အိတ်ကိုပင် လွတ်လွတ်လပ်လပ်ဖြစ်အောင် ချွတ်မထား။ လွယ်လျက်သားပင်ရှိ၏။
ကြက်ဥမွှေကြော်ကိုတော့ ပလုပ်ပလောင်းယူစားရင်း ကိုတည့်ကို ကြည့်နေသည်။
ပြီးနောက်
Dialogue
လူအောင်-"ဆရာ့မျက်မှန်ကအတော်ထူတာနော်၊ တပ်ရတာလေးနေမှာပေါ့၊ ငွေကြေးအကုန်အကျခံနိုင်ရင် မှန်ကို ပါးလို့ရသေးတယ်မလား၊ ကျွန်တော်မျက်မှန်အသစ်လုပ
Unlock to read this premium article with 10 points.