Author's Profile Photo

အက္ခရာ - Haruki

31/03/2024

လူငယ်တွေရည်းစားထားတာကို မဆူပါနဲ့ ?

1 min read
Life Style
Culture
18 Again
လူငယ်တွေရည်းစားထားတာကို မဆူပါနဲ့ ?'s photo

ကျွန်တော်တို့လိုဆယ်ကျော်သက်အရွယ်တွေဆိုတာ သစ်ရွက်ကလေးလှုပ်ရင်တောင် ငိုချင်၊ ရယ်ချင်ကြတဲ့အရွယ်ဆိုတာ သိပြီးသားဖြစ်မှာပါခင်ဗျာ။

ကျွန်တော်တို့တွေရဲ့စိတ်ကမလုပ်ရဘူးဆိုတဲ့ တားမြစ်ချက်တွေ ပေးလာရင် ပိုပြီးလုပ်ချင်ကြသလို၊ ကိုယ်လုပ်ချင်၊ ဖြစ်ချင်တဲ့အရာတွေကို ကန့်ကွက်လာရင်လည်း မသိအောင်လုပ်ချင်ကြပါတယ်။

ဒါကြောင့် စိတ်အပြောင်းအလဲမြန်တဲ့ ဆယ်ကျော်သက်တွေနဲ့ ပတ်သက်ပြီး မိသားစုအကြီးအကဲများကို ဒီဆောင်းပါးတိုလေးနဲ့ အကြုံချင်ပါတယ်ခင်ဗျာ။

ရည်းစားထားတာက အပြစ်မဟုတ်ပါဘူး။ ?‍♂️

ကျောင်းတက်တဲ့အရွယ်တွေဆိုတော့ ကျောင်းစာကို မထိခိုက်အောင်နဲ့ အသက်အရွယ်အရ ဦးစားပေးသင့်တဲ့အရာတွေကို မှန်မှန်ကန်ကန် ရွေးချယ်တတ်အောင်ပြောပြပေးဖို့သာလိုပါတယ်။

သူတို့မသိအောင်စောင့်ကြည့်နေပြီး လမ်းမှားရောက်မသွားအောင် တည့်မတ်ပေးဖို့လည်းလိုပါတယ်။

မုန့်ဖိုးဖြတ်လိုက်တာမျိုး၊ ဖုန်းသိမ်းလိုက်တာမျိုးတွေကို လုံးဝမလုပ်သင့်ပါဘူး။ သူဘယ်သွားသွား မျက်စိဒေါက်ထောက် စောင့်ကြည့်နေမယ့်အစား ကိုယ့်ကိုပွင့်ပွင့်လင်းလင်းပြောပြလာအောင် သူနဲ့ရင်းနှီးမှု၊ ယုံကြည်မှုအရင်ယူပါ။

သူမကြိုက်တဲ့အရာတွေ၊ မငြင်းဆန်နိုင်မယ့်အရာတွေနဲ့ ခြိမ်းခြောက်တာမျိုးမလုပ်မိဖို့လိုပါတယ်ခင်ဗျာ။

ကိုယ်ဖြစ်စေချင်တဲ့အရာတွေကို ပွင့်ပွင့်လင်းလင်း ပြောပြပါ။ သူဖြစ်ချင်တဲ့အရာတွေကိုလည်း အတိုင်းအတာတစ်ခုအထိလိုက်လျောပေးပါ။

ဆယ်ကျော်သက်အရွယ်တွေက ဖိအားပေးတဲ့ဒဏ်တွေကို မခံနိုင်ကြတာများတာမို့ စိတ်ထွက်ပေါက်ရှာတဲ့အနေနဲ့ မလုပ်သင့်တဲ့အရာတွေကိုအရွဲ့တိုက်ပြီး တဇွတ်ထိုးလုပ်သွားနိုင်ပါတယ်။

ဒီလိုမျိုးမဖြစ်အောင် ဖိအားပေးမယ့်အစား မှန်ကန်တဲ့အသိတရားတစ်ခု သူတို့စိတ်ထဲဝင်သွားအောင် ဆုံးမတတ်ဖို့ အရေးကြီးပါတယ်။

ရည်းစားကို အတည်ထားတာပဲဖြစ်ဖြစ်၊ အပျော်ထားတာပဲ ဖြစ်ဖြစ် အရမ်းကြီး စိုးရိမ်စိတ်ပူနေဖို့ မလိုပါဘူး။ အချိန်တစ်ခု ကြာလာရင် သူ့အလိုလို စီမံသွားနိုင်ပါလိမ့်မယ်။

ပညာရေးမှာမထိခိုက်အောင်နဲ့ အချိန်ကို အပိုင်းအခြားအလိုက် မှန်ကန်အောင်အသုံးချတတ်ဖို့သာ လမ်းညွှန်ပေးပါလို့ ပြန်လည်ရေးသားမျှဝေကာ အကြံပေးလိုက်ရပါတယ်ခင်ဗျာ။

ᏂᏗᏒᏬᏦᎥ

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)