အက္ခရာ - Haruki
ကောင်းသောနေ့ရက်ကလေးပါ စာဖတ်သူလေးရေ... ဒီကနေ့ ဆောင်းပါးလေးမှာတော့ ကျွန်တော်တို့ လူငယ်တွေအနေနဲ့ မိဘနဲ့သားသမီးကြား ပြဿနာတွေရဲ့ အဓိကအကြောင်းအရင်းတွေကို မျှဝေပေးလိုက်ပါတယ်နော်။
ဘာကြောင့်ဖြစ်ရတာလဲဆိုတဲ့အကြောင်းအရင်းကိုသိသွားတဲ့အခါ ကိုယ့်ရဲ့နားလည်ပေးနိုင်မှုတွေ ပိုတိုးသွားစေပါတယ်။
အကြောင်းအရင်း- ၁
မျိုးဆက်ကွာဟမှုဟာ ပြဿနာတွေကိုလွယ်လွယ်ဖြစ်စေတတ်တဲ့အရာပါ။ ဥပမာ မိဘတွေလက်ထက်မှာ ညထွက်ပြီး လည်တာမျိုးဟာ လုံးဝမလုပ်သင့်တဲ့အရာဖြစ်ပေမယ့် ကလေးတွေအတွက် ဒီလိုမျိုးကပုံမှန်အကျင့်တစ်ခုလိုမျိုးဖြစ်နေတာပါ။ ဒီလိုကွာဟမှုတွေဟာ ပြဿနာအများစုရဲ့အကြောင်းရင်းဖြစ်ပါတယ်။
အကြောင်းအရင်း- ၂
ကလေးတွေဟာ အရွယ်ရောက်လာတာနှင့်အမျှ မိဘကိုမှီခိုချင်စိတ်ကင်းမဲ့လာကြပါတယ်။ မိဘတွေဖက်ကတော့ ကလေးတွေကို အမြဲတမ်းရင်အုပ်မကွာထိန်းသိမ်းလိုတာကြောင့် အငြင်းပွားမှုတွေဖြစ်လာတာဖြစ်ပါတယ်။
အကြောင်းအရင်း- ၃
တစ်ယောက်ကိုတစ်ယောက်နားလည်မှုမပေးနိုင်ခြင်းကလည်း ပြဿနာတွေကိုပိုဖြစ်လာစေနိုင်ပါတယ်။ မိဘတွေဖက်က သားသမီးရဲ့စိတ်တွေကိုနားလည်ပေးရန်ခက်ခဲသလို သားသမီးတွေဖက်ကလည်း မိဘတွေကိုနားလည်ပေးဖို့ခက်ခဲတတ်ပါတယ်။ ဒါကြောင့်ဆက်ဆံရေးမှာအဖုအထစ်တွေ ဖြစ်လာပြီး ပြဿနာတွေပေါ်ပေါက်လာတာပါ။
အကြောင်းအရင်း- ၄
မိဘရဲ့မျှော်လင့်ချက်တွေကလည်း ကလေးတွေအပေါ်မှာဖိအားတွေဖြစ်စေပါတယ်။ ကိုယ့်ကလေးရဲ့အခြေအနေမှန်ကိုမသိဘဲ ဖိအားပေးနေခြင်းက ကလေးတွေအနေနဲ့ မိဘကိုနားလည်မှုလွဲပြီး စိတ်အခန့်မသင့်ဖြစ်စေနိုင်ပါတယ်ခင်ဗျာ။
Telegram - https://t.me/Life_Explored_Channel
ᏂᏗᏒᏬᏦᎥ
Keep Reading