ရှင်းရှင်း(သပြေ)
နံနက်ခင်းမှာ အိပ်ရာကနိုးတော့ ပြတင်းပေါက်ကို
ဖွင့်လိုက်တယ်။ ထိတွေ့လာတဲ့ နေရောင်ခြည်က နွေးထွေးလိုက်တာ။ ရာသီဥတုက ချမ်းစိမ့်စိမ့်နဲ့။
ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ မြူတွေရစ်သိုင်းဖွဲ့လို့။ တောတောင်စိမ့်စမ်းတွေဟာလည်း လှပစွာ ကြည်လင်စိမ်းမြလို့။ ကောင်းကင်ကြီးကလည်းကြည်လင်နေတာပဲ။ ညကနှင်းကျထားတော့
မတ်ပဲခင်းတွေဟာ နှင်းရေကြောင့် စိမ်းစိုလန်းဆန်းနေတာပဲ။ အသက်ကို တဝကြီးရှုပြီး
နေ့သစ်တစ်ခုကို စတင်ဖို့ ခြေလှမ်းတွေကို
အင်အားအပြည့်နဲ့ စတင်လျှောက်လှမ်းလိုက်တယ်။
☕
Keep Reading