Author's Profile Photo

ရှင်းရှင်း(သပြေ)

21/12/2024

ကွန်းခိုရာမဲ့

1 min read
Art
Entertainment
Creative

ဒဏ်ရာတွေနဲ့ နာကျင်နေတဲ့သူကို ခံနိုင်ရည်
ရှိသေးလားဆိုတော့ ဘယ်လိုပြောရမလဲကွယ်
တချို့သူတွေက သည်းခံမှန်းသိရင်
ခေါင်းပေါ်တက်ကြတယ်
အနိုင်ယူလို့ရမှန်းသိရင်
အားမနာတမ်း ချနင်းကြတယ်
ရိုးသားမှန်းသိရင် တုံးအလိုက်တာဆိုပြီး
အသုံးချကြတယ်
တစ်ဖက်လူက အသက်နဲ့ ခံစားချက်နဲ့ဆိုတာ
လုံးဝဂရုမစိုက်ကြဘူး
ဘဝက ပြိုင်ပွဲဆိုပေမယ့် သူ့လူနဲ့သူရှိနေပြီးသား၊ ရွေးချယ်ထားပြီးသားပြိုင်ပွဲတွေကျ
သိမ်ငယ်ရတယ်။ အချိန်ကုန်ရတယ်။
ကိုယ်က အားကြိုးမာန်တက် ယှဥ်ပြိုင်နေပေမယ့် သူတို့က ငုတ်တုတ်ကြီးထိုင်ပြီး လှောင်ရယ်လို့
ကိုယ်တွေကတော့ အရူးကြီးလိုပဲ။
အဲဒီအခါ ဝမ်းနည်းမှုတွေနဲ့ မျက်ရည်တွေကသာ အဖော်ဖြစ်လာကြတယ်။
☕

Keep Reading

How To Train Your Dragon (2025) Spoiler Free Movie Reviewမျက်နှာကို တော်တော်တည် ထားသည်ခင့်ထံ ပေးစာလွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ❝ဈေးရောင်းခြင်း အနုပညာ❞"အချစ်ဦး"တဲ့လွမ်းသမျှ စာတင်ဦးညိုအေးကြီးကို ကျေးဇူးတင်တယ်