Author's Profile Photo

~.~ရှင်မိငယ်~.~

20/12/2024

''တန်ဖိုးကို နားလည်ပါ''? .....................................

1 min read
Life Style
''တန်ဖိုးကို နားလည်ပါ''?
.....................................'s photo

လူတွေကအနားမှာအတူရှိနေတုန်းကျတော့
အဲ့ဒီ့လူကိုတန်ဖိုးထားဖို့မေ့တက်ကြတယ်
မရှိနိုင်တော့တဲ့အခါ၊ဝေးကွာနေရတဲ့အခါကျမှ
လွမ်းလာကြတယ်၊လူတစ်ယောက်ရဲ့တန်ဖိုး
ကိုသိလာတယ်၊အတူရှိနေတုန်း တန်ဖိုးမထား
ခဲ့မိတာကို အဲ့အချိန်မှနောင်တရတက်ကြတယ်။
နေပူပူထဲလျှောက်ရမှ၊သစ်ပင်အရိပ်ကို
တောင့်တသလိုမျိုးပေါ့။
မရှိတော့မှရှာဖွေတောင့်တနေကြတယ်

ကျွန်မအမြဲပြောဖူးပါတယ်..
ရှင်သန်နေချိန်ခဏလေးအတွင်းမှာ
မိမိအနားမှာရှိတဲ့တစ်ယောက်ချင်းကို
တန်ဖိုးထားနားလည်ပေးပါလို့ပေါ့။

နောင်တတွေနောင်မှရတာထက်စာရင်
မရခင်မှာကြိုတင်ပြင်ဆင်တာ
မကောင်းဘူးလားကွယ်
လိုအပ်ချက်တွေကိုရှာဖွေ
ပြီးရင် ပြုပြင်ပြောင်းလဲပါ
အတူရှိနေတုန်းတယုတယ
တန်ဖိုးထားမြတ်နိုးပေးပါ။


အဲ့လူတစ်ယောက်မရှိတော့တဲ့အခါမှာ
နောင်တရငိုကြွေးနေမယ့်အစား
ဒီလိုကြင်နာယုယတန်ဖိုးထားမှုလေးတွေက
အမှတ်တရအဖြစ်လွမ်းလို့ကောင်းမယ့်အရာ
လေးတွေမလား။ပြန်ယူလို့မရတော့တဲ့အခါကျမှ
သတိရငိုကြွေးလွမ်းဆွတ်မနေပါနဲ့ကွယ်

ဒါကြောင့်မလို့
အတူအနီးလေးရှိတဲ့သူတွေကို
မျက်ကွယ်မပြုဘဲ
တန်ဖိုးထားဂရုစိုက်ပေးလိုက်ပါ....။

ကိုယ်လည်းပျော်ရသလို သူတို့လည်း
စိတ်အေးချမ်းသာယာပျော်ရွှင်ရမယ်မလား။?



#ရှင်မိငယ်
Telegram Channel link
https://t.me/pXw2024_24

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်အဆုံးသည်......အသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်