Chitsu
ကျမ သိရသလောက်ကတော့ အားလုံးလိုလိုက အဆင်ပြေနေပါတယ်ဆိုပြီး ပြဿနာတွေ မဖြေရှင်းဘဲ ညာနေကြတာပဲ ။ ပြောရမယ်ဆိုရင် ပြဿနာဆိုတာကို ထ်ိပ်တိုက် ရင်မဆိုင်ချင်ကြဘူး။ အခုခေတ် ပိုဆိုးပေါ့ ။
ကျမတို့က တလွဲလည်း ပျော်တတ်ကြသေးတယ် ။ ဥပမာ ကျမပေါ့ ။ ဒီနေ့ဆိုရင် Deliveryသမား စာအုပ်လာပို့တယ် ။ ဒါနဲ့ပဲ Facebook ပေါ် ကောက်တင်လိုက်တယ် ။ ဒါ ကျမ ပျော်လို့လေ ။ ဒါပေမယ့် အဲ့ဒိိီပျော်ရွှင်မှုပျောက်သွားတာ သတိတောင် မထားမိလိုက်ဘူး ။ ဘာလို့ဆို အခုပဲ client ကို ပို့စရာ ရှိတာ ပို့ပေးရမယ်ဆိုတဲ့ အသိက ဝင်လာတော့ ခုနက ပျော်တာ ဘယ်ကြားညပ်သွားလဲ မသ်ိဘူး။
ဟုတ်ပြီလေ..ဒါဆို ကျမ အလုပ်လုပ်ရတော့မှာပဲ ။ ဟာ..ပြီးသွားပြီ ။ စိတ်အေးသွားပြီ ။ ဒါမှ တကယ်ပျော်သွားတာ ။ ပြန်ကြည့်လိုက်တော့ ခုနက ကျမ လိုချင်တာ ရတော့ ပျော်တယ် ။ ဒါပေမယ့် အဲ့တာက သူ့ထက် ပိုကောင်းတဲ့စာအုပ်လည်း တွေ့ရော ''ဟာ...ဒိီစာအုပ် ငါဝယ်ဦးမှပဲ ဆိုပြီး ဖြစ်သွားပြန်ရော ။ ဒါက တကယ့်ပျော်တာ မဟုတ်သေးဘူးလေ ။ ဟုတ်တယ်မလား ။ဟုတ်ချင်လည်း ဟုတ်မှာပေါ့။
ဒါပေမဲ့ အလုပ်ကျတော့ မစရသေးခင်တော့ '' ငါလုပ်ရဦးမယ် ၊ ငါ လုပ်ရဦးမယ် '' နဲ့ ပြဿနာလေ။ အလုပ်လည်းပြီးသွားရော အဲ့ဒိီ $ပြဿနာ မရှိတော့ဘူး ။ ဒါကျ စိတ်အေးသွားတာ ။ ခုနက မစရသေးတဲ့ အခက်အခဲကို ကျမ အပြီးသတ်နိုင်လို့ ပျော်သွားတာ ။ ဒိီအပျော်ကျတော့ အဆင့်မြင့်သွားတာပေါ့ ။
နောက်ပြီး ဘယ်လ်ို time managementနဲ့ ဒိီနှစ်ကိုတော့ ဘာ plan တွေနဲ့ ဘယ်လိုလုပ်မှာ ဘာညာပေါ့။ သောက်တလွဲ ကမောက်ကမ အစီအစဥ်ကြီးနဲ့။ တကယ်ရော လုပ်ကြရဲ့လား ။ မေးစရာလည်း ရှိလာပြီ ။
သေချာပါတယ် ဒိီနှစ်လည်း plan တွေ goal တွေချ ။ နောက်နှစ်လည်း plan တွေ goal တွေချ။ လုပ်လိုက်ရတဲ့ management တွေ ။ တကယ်ရော ဖြစ်မြောက်ရဲ့လား ။ အဲ့သလို လုပ်ကြေးသာ အကုန် ဖြစ်မယ်ဆိုရင် သိပ်ချီးကျူးပါတယ်။Congratulation ပါပဲ ။
ပြီးတော့ အခုခေတ်ရဲ့ ရှားပါးနေတဲ့အရာတစ်ခု'' ပျော်ရွှင်မှု'' က ဒါတွေနဲ့ လုပ်လို့တော့မရဘူး။ ပြောခဲ့တဲ့ time management တို့ဘာတို့ဆိုတာကြီးက စဥ်းစားကြည့်လိုက်။ ကိုယ့်ကိုယ်ကိုယ် ဘောင်ထဲဆွဲသွင်းနေသလိုနဲ့ ( ကျမ အမြင်ပါနော်) စက်ရုပ်ဆန်တယ်ရှင်။ လူသားဆန်မှ ပျော်ရွှင်မှုအစစ်ရတာ ။ စက်ရုပ်ပုံစံဆိုရင်တော့ ရလိုက်တဲ့ပျော်ရွှင်မှုက ခဏတာ အတုအယောင်ပဲ ။
ဒါကြောင့် ပျော်ချင်လား ။ ဘယ်လို ပျော်ချင်တာလဲ ။ ကိုယ်လိုချင်တဲ့ ပစ္စည်းရမှ ပျော်ချင်တာလား ။ ဒါဆို ပိုက်ဆံရှာ ။ အဲ့အတွက်ကတော့ အလုပ်လုပ်ရမှာပေါ့။ ဒါဆိုရင်တော့ သောက်ပြဿနာက ရှိလာပြီ။
အဲ့အခါကျမှ ဒီပြဿနာကို ဖြေရှင်းလို့ရတဲ့ အပျော်ကမှ တကယ့်အပျော်ဆိုတာ ဖြစ်လာတာ။
ပြီးတော့ ကိုယ်လိုချင်တဲ့ ပစ္စည်းဝယ်တဲ့အချိန်ကျ အရင်ကလောက် ခံစားမှုက သိပ်မရှိတော့ဘူး။ ကိုယ်လိုချင်လို့ ဝယ်နေတာလား ။ လိုချင်တဲ့ စိတ်ကူးကြောင့် ဝယ်နေတာလား ။ မဝယ်ရသေးခင်လောက် ပျော်နေသေးရဲ့လား ။ ဒါစဥ်းစားရမှာ ။ လူတွေကလည်း ခတ်တော့ခတ်သားမလား။
'' အခက်အခဲကနေ ပေါက်ဖွားလာတဲ့ ပျော်ရွှင်မှုလောက် ဘယ်ပျော်ရွှင်မှုမှ အရသာမရှိဘူး ''
တကယ် ပျော်ချင်ရင် အခက်အခဲကို တည့်တည့်ရင််ဆိုင်လိုက် ။
ကျမ ငယ်ငယ်က လူတွေ ကိုယ့်ကိုယ် ဘယ်လိုမြင်မလဲ စိုးရိမ်ခဲ့ဖူးတယ် ။ ဒါပေမယ့် အသိအမတစ်ယောက်ရဲ့ စကားကြောင့် အားဖြစ်ခဲ့ရတယ်
'' နင့်ကို ဘယ်သူမှ ကြည့်နေမှာ မဟူတ်ဘူး။ သူတို့အလုပ်နဲ့ သူတို့ ရှုပ်နေတာ '' ဟုတ်တာပေါ့ရှင်။ ကျမ သူတို့မျက်နှာကို သေသေချာချာ လိုက်ကြည့်မိတော့မှပဲ '' သြော်..ငါကသာ ထူးခြားထင်နေတာ ။သူတို့က ငါရှ်ိမှန်း သိမှာတောင် မဟုတ်ဘူး '' အဲ့မှာ ကျမ လွတ်လပ်စွာ ပျော်သွားလိုက်တာ ။ ဒါ သိပ်ပျော်ဖို့ကောင်းတာပေါ့ ။
Keep Reading