Reviews by Benevolent
ChatGpt ကနေ အကုန်မေးလို့ရတယ်၊ အဲ့သတင်းက social media ပေါ်မှာ ပေါပေါသိသိ လူပြောများကြတဲ့ ခေတ်ပေါ် စကားဖြစ်လာတယ်။ တချို့က လည်း ChatGpt နဲ့ အလုပ်လျှောက်စာ တွေ ရေးခိုင်း၊ CV form တွေ ပြင်ခိုင်း ၊ ကျောင်းသားတွေဆို eassy တို့၊အမေးအဖြေ ပုစ္ဆာတွေ၊ thesis တို့တောင် အကူညီတောင်း ရေးခိုင်းခြင်းတွင် တွေ့ရမြင်လာရတယ်။
ကျွန်တော်တို့အလုပ်ခွင်ထဲကို ဂျိုးထွန်း ရောက်လာတဲ့အချိန် ChatGpt ကို ကောင်းကောင်းသုံးတတ်လာကြတယ်။ပေါင်းသင်းဆက်ဆံရေး အတိုးအလျော့လုပ်နိုင်တဲ့လူတစ်ယောက်ဖြစ်တာကြောင့် လူတိုင်းက ခင်ကြတယ်။ အသက်အရွယ်အားဖြင့် ကြီးပေမယ့် လူငယ်ဆန်တယ်။တစ်ရက် အလုပ်အားချိန် ChatGpt open AI နဲ့ ဂျိုးထွန်း တစ်ယောက် အလုပ်ရှုပ်နေတယ်။ စာတစ်ကြောင်း အင်္ဂလိပ်လိုရေးလိုက်တယ်...
"I'd like to know 2D 3D for today"
AI က ဘာမှပြန်မပြောနိုင်သေး...
နောက်တစ်ခါ စာထပ်ရေးလိုက်တယ်။
" I'd like to know Thai 2D 3D lottery"
အဲ့အခါကျမှ 53 , 65 , 78 ဆိုပြီး ဂဏန်းသုံးကွက်ပေးတယ်။ သူ ပျော်သွားတယ် ၊ သိချင်တာ သိခွင့်ရသွားလို့နေမယ်။ သူ ပျော်နေတာကြည့်ပြီး ကျွန်တော် ဖုန်းလေး ပွတ်ကြည့်မိလိုက်တယ်။ Facebook မှာ ဟောကိန်းတစ်ခု တွေ့လိုက်ရတယ်။
"ဒီည မန်ယူ မန်စီးတီးပွဲ မှာ မန်ယူ နိုင်မယ်လို့ ChatGpt က ပြောတယ် ၊ သူငယ်ချင်းတို့ ဘော်ဒီ သာ ကိုင်လိုက်တော့"
အဲ့ စာသား နဲ့ ChatGpt ကိုမေးထားတဲ့ screenshot ကြီးကို ပြထားတာတွေ့လိုက်ရတယ်။ အဲ့လူကို ကြည့်လိုက်တော့ လူသိများတဲ့ ဘောလုံးပွဲအကြောင်း ပြောလေ့ ရှိသူတစ်ယောက်ဖြစ်နေတယ်။ ရုပ်ရှင် အင်တာဗျူးတစ်ခုမှာ ဇာတ်ညွှန်းကို ChatGpt နဲ့ ရေးခိုင်းတာမျိုးကို နာမည်ကျော် ပုဂ္ဂိုလ်က ဂုဏ်ယူစွာပြောနေတာကိုလည်း တွေ့ရမိပြန်တယ်။ မြန်မာပြည်ရဲ့ ပထမဆုံးသော AI ရေး စာအုပ်ဆိုပြီး ထွက်လာတာတွေလည်း မြင်လာရပြန်တယ်။Open AI တွေကို မြန်မာပြည်မှာ အသုံးချနေပုံက ကမ္ဘာကတောင် အလေးပြုရနိုင်တယ်။ နောက်ပိုင်း ကိုယ်ယူမယ့် လက်တွဲဖော်တောင် AI ကိုမေးပြီး ဆုံးဖြတ်တာမျိုးတွေ ဖြစ်လာမယ် ထင်တယ်။
ငစနေ
( Reviews by Benevolent)
?????? ????????
https://youtube.com/@ReviewsbyBenevolent?si=WusMbsWGmcyPAiFu
Please Telegram ?
https://t.me/reviewsbybenevolent
စာဖတ်ပါ၊ ဘဝကို တန်ဖိုးထားပါ။
#reviewsbybenevolent
#foryouシ
Keep Reading