Author's Profile Photo

မိုးနှောင်းအလင်္ကာ

17/12/2024

"ပညာတတ်လူတန်းစား"

1 min read
Life Style
General Knowledge
18 Again
"ပညာတတ်လူတန်းစား"'s photo

ပညာတတ်တယ်ဆိုတာ ထိုးထွင်းသိမြင်နိုင်စွမ်းရှိ တဲ့လူတန်းစား မျိုးဖြစ်တယ်။ ပညာတတ်လူတန်းစားမျိုးကို ဘွဲ့ရတာနဲ့ သိတတ်တာမျိုးလို့အထင်မှားတတ်ကြတယ်။ တကယ်တော့ ဘွဲ့ရပညာတတ်မှ ပညာတတ်လူတန်းစားမဟုတ်ပါဘူး။ ဒါဆို ဘဝအတွက် အတတ်ပညာ နဲ့လုပ်စားနိုင်တာကို ပညာတတ်လူတန်းစားလို့ ထင်နေတယ်ဆိုရင်လည်း မှားပါသေးတယ်။

ပညာတတ်လူတန်းစားဆိုတာ "အကောင်းအဆိုး၊အကျိုးအပြစ်ကို ကွဲပြားစွာ ခွာခြားနိုင်သူ။ ကောင်းတာကိုလုပ်နိုင်ပြီး၊မကောင်းတာကိုရှောင်နိုင်သူ။ အကျိုးရှိစွာအသုံးပြုတတ်ပြီး၊အပြစ်နည်းအောင်ဆောင်ရွက်နိုင်သူ" ကို ပညာတတ်လူတန်းစားလို့ ခေါ်ထိုက်ပါတယ်။

အဲ့ဒီပညာတတ်လူတန်းစားမှာ အမျိုးအစား ၃မျိုးခွဲခြားထားပါသေးတယ်။
(1)အကောင်း၊အဆိုးကို ခွဲခြားနိုင်တဲ့ပညာတတ်။
(2)မည်သည့်အရာက ကောင်းတယ်၊ဆိုးတယ် ဆိုတာကိုဘဲ ပြောပြနိုင်ကြတဲ့ပညာတတ်။
(3)ရှောင်သင့်၊ဆောင်သင့်တာ ကောင်းတာ၊မကောင်းတာကို ခွဲခြားလုပ်ဆောင်နိုင်တဲ့ပညာတတ်။
ဆိုပြီး ၃မျိုး၃စားခွဲခြားထားပါတယ်။

(1)အကောင်း၊အဆိုးကိုခွဲခြားနိုင်တဲ့ပညာတတ်။

ကောင်းတာနဲ့ဆိုးတာကိုခွဲခြားနိုင်တယ်ဆိုတည်းက ပညာတတ်လူတန်းစားစရင်း ဝင်ပါတယ်။ ခွဲခြားနိုင်ပြီး မလုပ်ဆောင်နိုင်ရင်တော့ နံပါတ်ချိတ်ယုံအဆင့်ပါဘဲ။ မကောင်းတာမှန်းသိလျှက်နဲ့ မကောင်းဘူးဆိုတာ ခွဲခြားနိုင်ပါလျှက်နဲ့ မရှောင်ကြဥ်နိုင်ရင် ပညာတတ်ဘယ်ပီသမလဲ။ "ပညာမတတ်တဲ့လူတွေ မိုက်ရင် အသိတရားနဲ့ရှင်းပြလို့ရတယ်။ ပညာတတ်တဲ့လူတွေ သိလျှက်နဲ့မိုက်ရင် ပြန်ပြင်ဖို့ခတ်တယ်။"

ဒါ့ကြောင့် နံပါတ်တစ် အမျိုးအစားကို ကျီးအာသီးနဲ့ ခိုင်းနှိုင်းချင်ပါတယ်။ အပြင်ပန်းလှပေမဲ့ အတွင်းပုတ်တဲ့ ကျီးအာသီးလို သိလျှက်နဲ့မိုက်ကြသူတွေပါ။
တစ်နည်းအားဖြင့် ဘောင်မဝင်တဲ့ ပညာတတ် လူတန်းစားလို့ခေါ်ပါတယ်။

(2)မည်သည့်အရာက ကောင်းတယ်၊ဆိုးတယ် ဆိုတာကိုဘဲ ပြောပြနိုင်ကြတဲ့ပညာတတ်။

ပညာတတ်လူတန်းစားထဲမှာ ဒီလူတန်းစားဟာ ​လမ်းပြသူလို့ခေါ်ပါတယ်။ ကောင်းတယ်၊ဆိုးတယ် ဆိုတာကို ဘဝအတွေ့အကြုံနဲ့ယှဥ်ပြီး လမ်းပြပေးတဲ့ ဆရာ၊မိဘ နဲ့ သက်ကြီးဝါကြီးတွေပါ။ အဲ့ဒီပညာတတ်တွေဟာ လေးစားဖို့ထိုက်တန်သူတွေပါ။အနည်း ငယ် ပူပန်တတ်ပေမဲ့ ကောင်းတာ၊ဆိုးတာကို သင်ပြပြီး လမ်းညွှန်ပေးကြသူတွေပါ။

ဒါ့ကြောင့် နံပါတ်နှစ်ကို အလင်းပေးသောပညာတတ် လူတန်းစားလို့ခေါ်ပါတယ်။

(3)ရှောင်သင့်၊ဆောင်သင့်တာ ကောင်းတာ၊မကောင်းတာကို ခွဲခြားလုပ်ဆောင်နိုင်တဲ့ပညာတတ်။

ရှောင်သင့်တာ တစ်နည်းအားဖြင့် မကောင်းတာကို ကို ရှောင်နိုင်တာ ဆောင်သင့်တာ ကောင်းတဲ့ကိစ္စရပ်ကို လုပ်ဆောင်နိုင်တာ။ ကောင်းတာနဲ့ဆိုးတာကို ခွဲခြားသိမြင်နိုင်တာကို ပညာတတ်လူတန်းစား စစ်စစ်လို့ ခေါ်ပါတယ်။ ကောင်းတာကို လုပ်ဆောင်နိုင်သူ၊ကောင်းတာမှန်းသိသူ။ မကောင်းတာကို ရှောင်နိုင်သူ၊ မကောင်းတာမှန်းသိသူ ကို မှ တကယ့်ပညာတတ်လို့ ခေါ်ထိုက်ပါတယ်။

ဒါ့ကြောင့် ဘွဲ့ရတွေပေါပါတယ်။ပညာတတ်သူတော့ရှားတယ်။ နံပါတ်သုံးအမျိုးအစားကို စစ်မှန်ခြင်းပညာတတ်လူတန်းစားလို့ ခေါ်ပါတယ်။

ဘဝအတွက် အသက်မွေးဝမ်းကျောင်း ပညာတတ်တာနဲ့ ပညာတတ်လို့မခေါ်သလို၊ ဘွဲ့ရမှ ဂုဏ်ထူး၊အောင်လက်မှတ် ရှိမှ ပညာတတ်မဟုတ်ပါဘူး။
အဓိက က အကောင်းအဆိုး၊အကျိုးအပြစ်ကို သိမြင်ခွဲခြားနိုင်ပြီးလုပ်ဆောင်နိုင်တာမှ တကယ့်ပညာတတ်လူတန်းစားပါ။

"ပညာတတ်နဲ့ ဘွဲ့ရကွဲပြားပါစေ။"

#မိုးနှောင်းအလင်္ကာ
(ကျန်းမာ၊ချမ်းသာ)

(စာဖတ်သူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းအား အထူးပင်ကျေးဇူးတင်ရှိပါသည်။)

Keep Reading

အချိန်ဆွဲတာကိုကုစားမယ် စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်ဒေါင်လိုက်ဒရာမာ (Vertical Drama)စိတ်ဓာတ်ကျနေတဲ့အခါစိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း