Tawtawti
"Facebook ပေါ်က ပေါက်ကရ - ၉၀"
-အမှာစာ-
2023 ခုနှစ်အတွင်း
facebookပေါ်မှာ ခေတ်စားခဲ့၊ ဖြစ်ပျက်ခဲ့သမျှ ကိစ္စတချို့အပေါ် ရှုထောင့်တခုကနေ လိုတိုရှင်းခံစားနိုင်ဖို့ ကျွန်တော့် facebook pageမှာ စတေးတပ်အနေနဲ့ တပုဒ်ချင်းရေးသားခဲ့ဖူးပါတယ်။ အခု
2023 ခုနှစ်အကုန်မှာတော့ ဒီpostတွေကို တစုတစည်းအဖြစ်ပြန်လည်စုစည်းတင်ဆက်လိုက်တာပါ။
ဒီ့အတွက် စာတပိုဒ်ချင်းစီရဲ့ အောက်ခြေက ရက်စွဲကိုပါ ထည့်ဖတ်ကြည့်ပေးကြစေချင်ပါတယ်။ ဒီအခါ အဲ့ဒီ့ကာလက အကြောင်းကိုတောင် ပြန်မြင်ယောင်နိုင်ပါသေးတယ်။
2023ရဲ့ ပေါက်ကရဒိုင်ယာရီ မှတ်စုများပေါ့ခင်ဗျား။
( ၁ )
သူများတွေများ
ကလပ်တက်ကြတယ်တဲ့
တို့များ
ကလပ်ဆိုရင်
မျက်လုံးလေးပေကလပ်ပေကလပ်
လုပ်တတ်တာပဲသိတယ်။
27/4/2023
( ၂ )
သူတပါးအပေါ်
မနာလိုတဲ့စိတ်ရှိတာ ကောင်းပါတယ်
သူတပါးအပေါ်
နာလိုတဲ့စိတ်ရှိရင်
ပါးချည်းရိုက်ချင်နေမှာပေါ့။
27/4/2023
( ၃ )
အပူရှောင်နေတာ
တောင်ပေါ်မြို့လေးမှာတော့မဟုတ်ဘူး
ရည်းစားမထားတာ..။
27/4/2023
( ၄ )
စိတ်ချမ်းသာချင်ရင်
ဘာခွင်မှရှာစရာမလိုဘူး
ခွင်တကာ့ခွင်ထဲမှာ
ကိုယ့်ရင်ခွင် အကောင်းဆုံးပဲ ။
28/4/2023
( ၅ )
ဆွဲကြိုးချသေတယ်ဆိုလို့
ကြည့်လိုက်တာ
သေတဲ့သူက
အနားမှာ
ဆွဲကြိုးလည်းချမထားဘူး။
28/4/2023
( ၆ )
တချို့က
မွေးရာပါ ဇ နဲ့လာတာ
စိ တ်တ ဇ ။
28/4/2023
( ၇ )
followerတွေများလာပြီ
UN ကတောင်ပါတယ်
unfollowerတဲ့။
29/4/2023
( ၈ )
အင်တာနက်ခေတ်မှာ
online shopping တွေ
ခေတ်စားလာချိန်မှာ
ကိုယ်တွေက "အဝယ်လိုင်းပဲ"
အင်တာနက်က
"အဝိုင်းလည်" နေတာကိုပြောတာ။
29/4/2023
( ၉ )
Old but လုပ်တယ်ဆိုတာက
ဘန်းတာမဟုတ်ပါဘူး
စကားဆိုတာ ထိန်းသိမ်းပြောရတယ်လို့
massageပေးချင်လို့
အပြောကြီးတာတွေကို
နောက်ကြောင်းပြန်လှန်ပြတာ
တိုက်ဆိုင်သွားရင်
so sad ပဲ။
30/4/2023
( ၁၀ )
အောင်မြင်ဖို့
မခံချင်စိတ်ရှိအောင်
ပြောပေးတယ်ဆိုတာမျိုးကို
လက်မခံပါဘူး
အဲ့ဒါ...အထက်စီးကနေပြီး
ဆရာကြီးစတိုင်နဲ့
နှိပ်ကွပ်နည်းတမျိုးပါပဲ
လူတိုင်းမှာ ရည်ရွယ်ရာပန်းတိုင်ရှိကြမှာပါ
ကိုယ်ဆို..ခံချင်စိတ်ရှိအောင်ပဲပြောတယ်
လက်ခံချင်စိတ်ရှိအောင်
ချိုချိုသာသာပြောတာကို ဆိုလိုတာ။
30/4/2023
( ၁၁ )
ကောင်မလေးတွေ
postတင်နေကြတာများ
မေးချင်တာမေးလို့ရတယ်တဲ့
သူတို့က
ကိုယ်မေးစေချင်တာပဲ မေးလို့ရတဲ့
သတင်းစာရှင်းလင်းပွဲမဟုတ်လို့တူတယ်။
1/5/2023
( ၁၂ )
ကျွန်တော် စာအုပ်ထုတ်တဲ့အခါ
တအုပ်ဝယ်ရင် တခါနမ်းခွင့်ပေးပါ့မယ်။
( ကိုဗစ်မရှင်းသေးတဲ့ကာလထဲမှာ မတော်တဆ အကူးခံရမှာတောင် မကြောက်ဘဲ ကိုယ်ကျိုးကင်းတဲ့ ပရိုမိုးရှင်းပါ )
1/5 /2023
( ၁၃ )
ဘီယာနဲ့ဆို
ကိုယ့်ကိုယ်ကိုယ်
အမြဲယုံကြည်မှုရှိတယ်လေ။
2/5 /2023
( ၁၄ )
ကောင်မလေးတွေက
နာမည်အရင်းမှာ ကိုကို ပါရင်
သူတို့ကို ယူဆိုရင်
ကိုယ်ကအများကြီးရမှာ
ကိုယ့်နာမည်ရင်းက အောင်ကိုကို လေ
တနင်္ဂနွေသား...ဂဋ္ဌုန်
ကလောင်နာမည်ကသာ တော်တော်တည်။
3/5/2023
( ၁၅ )
မုန်တိုင်းသတိပေးချက်(အထူး)
................................
အရက်လေးဘာလေးလည်း
ကြိုစုထားကြဦး
(မိုခါ )မုန်တိုင်းလည်းဝင်လာကော
ဆိုင်တွေမဖွင့်လို့
ဝယ်ရမဲ့မဲ့...သောက်ရမဲ့မဲ့တွေ
ဖြစ်ကုန်ဦးမယ်။
5/5/2023
( ၁၆ )
သားကြီး..သားကြီးခေါ်တာ
ငါ့နားထဲတမျိုးကြီးပဲကွာ
မိန်းကလေးတွေတောင်...သူတို့ချင်း
သမီးကြီး...သမီးကြီးမခေါ်ကြဘူး..
သဲရေတဲ့
ငါတို့လည်း ယောကျ်ားလေးချင်း
နှလုံးရေ...ခေါ်ကြရင်မကောင်းဘူးလား။
7/5/2023
( ၁၇ )
ရန်ကုန်ကို
မမဆောင်းလို
မဝင်မလိုဝင်မလိုလုပ်မနေနဲ့တော့
စိတ်ကရှည်မနေတော့ဘူး
မုန်တိုင်းရေ...
ဖျင်ထဲသာတည့်တည့်ဝင်ခဲ့တော့..။
ပုံ/အချဥ်ပေါင်းသည်
8/5/2023
( ၁၈ )
စကားလုံးထဲ
ပလီတာ ပါရင်မုန်းလို့
ငပလီတောင်မသွားဘူး
9/5/2023
( ၁၉ )
friစဖြစ်ရင်
Wallထဲမှာ
love react 3ခုဝင်ပေးပြီး
ဘဝတသက်စာ ပြန်ပျောက်သွားတာ
ဘာအထာလဲ
ဂါထာလား
ဝင်"ဂါ"တဲ့အထာ
ဂါထာလား
ပြုစားဖို့ ဂါထာဝင်ရွတ်တာလား။
11/5/2023
( ၂၀ )
လက်ကြောမတင်းပေမယ့်
သောက်ကြောတော့တင်းတယ်။
11/5/2023
( ၂၁ )
မြန်နှုန်းမြင့်စိတ်နဲ့နှေးနှုန်းကြာအင်တာနက်နဲ့တော့ တွေ့နေပြီ။
12/5/2023
( ၂၂ )
အေးတယ်နော်
နွေးနွေးထွေးထွေးနေ
ပရီးမီးယားလိဂ်မဟုတ်တဲ့
FA တွေကိုပြောပေးတာ...။
12/5/2023
( ၂၃ )
ချောင်းကြည့်လို့ အကြောင်းမသိဘူး
addကြည့်မှ အမြတ်ရှိမယ်
ရသွားရစ်စေမယ်...စကားသစ်တွေရယ်။
13/5/2023
( ၂၄ )
မုန်တိုင်းအရှိန်ကြောင့်
ရန်ကုန်မှာ လေတိုက်နှုန်းကတော့
ကိုယ့်သူငယ်ချင်းဆိုင်ကယ်မောင်းသလောက်တောင်မရှိဘူး
သူကကွေ့ကို အရှိန်ပြင်းပြင်းနဲ့
အိပ်ကွေ့ကွေ့တာ
ကိုယ့်မှာ သူ့ကောင်မလေး မဟုတ်ဘဲ
သူ့ခါးကိုကျစ်ကျစ်ပါပါအောင်
ဖက်ထားရတယ်
အဲ့တုန်းက သူက မူးနေတာလည်းပါတယ်
ကိုယ်က အကောင်းတိုင်းကြီးပါသွားတာ
ငါတော့...နတ်ပြည်ဗီဇကျပြီတွက်လိုက်မိတာပဲ။
14/5/2023
( ၂၅ )
ကြာရင်
အခြေခံလူတန်းစားတွေလည်း
ကြပ်တည်းလာမှုကြောင့်
ဖိနပ်တောင်ဝယ်စီးနိုင်ပါ့မလား
ပူစရာတော့မလိုပါဘူး
ဘောစိတွေက
တွေ့ရာ ဘုရားတည်နေကြတော့
ချွတ်ရမယ့်အတူတူ...။
18/5/2023
( ၂၆ )
ကံဆိုးမဲလေးဖောက်ပေးချင်လို့ပါ
ပေါက်တဲ့သူရပါမယ်
ပရိုဖိုင်ပုံထဲကပါတဲ့ ကိုယ့်ကိုလေ..။
အသဲလေးနဲ့ရှဲလ်ပေးကြပါ။
19/5/2023
( ၂၇ )
ဘဝဆိုတာ
ငါးလေး
၅၄ပေါ့ကွာ
ရေစီးတခါ
ရေသာတလှည့်
ကူးခတ်နေရတာ
၅၄ပဲ
ဒဲ့ကစ်
ဘရိတ်ကိုးနဲ့
အရိပ်မိုးနိုင်ကြပါစေ။
19/5/ 2023
( ၂၈ )
တရားပဲကျင့်တော့မလိုနဲ့
ကမ္မဌာန်းလေးဆယ် ကောက်shareပြီး
တိတ်တိတ်လေး
ယောကျ်ားကောက်ယူလိုက်တဲ့သူရှိတယ်တော့
နင်တို့fbက ယနဲ့မယုံရပါဘူးဆို
ငါ့မှာ ရနဲ့ ရယ်ရရုံ။
19/5/2023
( ၂၉ )
ပရိုဖိုင်ပုံကsorနဲ့တူနေလို့လားမသိဘူး
ဘဲတွေချည်းfollowerလာယူနေကြတယ်။
19/5/2023
( ၃၀ )
ကိုယ့်မိန်းမကို
အရက်သမားမိန်းမအဖြစ်မခံနဲ့
ကိုယ်လည်း အရက်သမ ယောကျ်ား
ဖြစ်အောင်လုပ်
သောက်တတ်တဲ့မိန်းမကိုရွေးယူ
ဟော..သူသောက်ကိုယ်သောက်
နှစ်ဦးနှစ်ဖက်အဆင်ပြေတယ်
သောက်လာပြန်ပြီလား ဆိုပြီးလည်းအပွမ်မခံရတော့ဘူး။
20/5/2023
( ၃၁ )
ပေါတောတောနေတိုင်း
ငပေါလို့မထင်နဲ့
အဲဒါ...တကယ်။
20/5/2023
( ၃၂ )
AIနဲ့EXကိုဖျောက်နည်း
ကတော့
AlcohoI ကို နှိပ်ပါ။
25/5/2023
( ၃၃ )
သူလွှတ်ချခဲ့တဲ့ဂွေးဥဟာ
စျေးတွေပိုတက်နေ
ညှစ်သောရေ...။
25/5/2023
( ၃၄ )
FA တွေရဲ့
မျက်ရည်အားကနေ
လျှပ်စစ်ထုတ်လို့ရရင်
မီးအလာကိုစောင့်စရာမလိုတော့ဘူးပေါ့။
27/5/2023
( ၃၅ )
အချစ်နဲ့ပတ်သက်လာရင်
စနိုက်ပါမသုံးသင့်ဘူး
စတင်းဂန်းပဲကိုင်သင့်တယ်
ချိန်နေရင် oneပဲရမယ်
ပတ်မွှေရင်အများကြီးရမယ်
ထိချင်ရာထိသာချ။
crd -ကိုယ်တိုင်
3/6/2023
( ၃၆ )
ငါးကြော်မကြိုက်ကြောင်မိုက်တဲ့
ဒါဆိုရင်...
ကြိုက်လွန်းလို့ခိုးစားရင်ကော
ကြောင်လိမ္မာလား။
4/6/2023
( ၃၇ )
ကျွန်တော်ကတော့
ရှင်းရှင်းပဲ
ကျွန်တော့်စာဖတ်ချင်လို့
သူတို့ကလာအပ်ထားတာမဟုတ်ဘူး
သူတို့ပုံတွေကြည့်ချင်လို့
ကျွန်တော်ကလိုက်အပ်ထားတာ။
5/6/2023
( ၃၈ )
ကိုယ့်exကတခြားသူနဲ့ရသွားရင်
ဘယ်လိုဆုတောင်းပေးရသလဲသိလား
"ပေါင်းရာသုဂတိလားပါစေ" ပေါ့။
5/6/2023
( ၃၉ )
ချစ်တုန်းကတော့
ဓူဝံကြယ်ကို ယူရင်သယ်ပေးမယ်တဲ့
မချစ်တော့တဲ့အခါကြတော့
ခွေးပဲကိုက်ခံရခံရ
ဝှေးပဲနှိုက်ခံရခံရ
သေပစေ မသာရီးတဲ့ ။
8/6/2023
( ၄၀ )
စကောတွေအမြဲပြားပေမယ့်
စကားတွေအမြဲပြောလို့မရတော့ဘူး
စကောလောက်မှ
စကားက သစ္စာမရှိတဲ့အခါ
မင်းကို စကောထဲထည့်ပြီး
ခေါစာပစ်လိုက်ချင်ပါတယ်
သရဲစားလည်းစားစေကွား။
9/6/2023
( ၄၁ )
အချစ်ဆိုတာ
မျှစ်လိုပါ
နုစဥ်ခါသာ ချိုရှာ၏။
13/6/2023
( ၄၂ )
လောကရဲ့လမ်းများပေါ်
လျှောက်သွားရင်းနဲ့
ခေါင်းငုံ့ခဲ့တယ်
တခါမှလည်းပိုက်ဆံကောက်မရဘူး။
16/6/2023
( ၄၃ )
ကမ္ဘာမှာ ကိုယ်နဲ့တူသူဟာ
အနည်းဆုံး6ယောက်ရှိတယ်လို့ဖတ်ဖူးတယ်ဗျ
ဖြစ်နိုင်လောက်ပါတယ်
ဥပမာ...ကျော်ဟိန်းနဲ့ကယ်လားကျော်ဟိန်း
နေအောင်နဲ့တလုတ်ကျော်ဟိန်းဆို
ဆင်တူတာကို အရင်ကတွေ့ခဲ့ဖူးတယ်
အခုခေတ်ဆိုလည်း မန်ယူက မက်ကွိုင်းယားနဲ့
အဆိုတော် ဆိုတေးတို့က ရုပ်ချင်း ဆင်တူတာပဲဗျ
ကျွန်တော်လည်းကိုယ်နဲ့တူသူတယောက်တလေများရှိမလားဆို
ရှာနေမိပါတယ်
တွေ့ရင် ရှောင်လို့ရအောင်ပါ
အဲ့ကောင် သောက်ကျင့်မကောင်းဘူးဆိုပြီးပေါ့။
20/6/2023
( ၄၄ )
ကော်ဖီနဲ့အရက်မှာ
ကော်ဖီကအရက်ထက်ဆိုးကျိုးဖြစ်စေတာဗျ
မယုံရင် ကော်ဖီနဲ့မှို တွဲစားကြည့်လေ
အဆိပ်ဖြစ်စေတယ်
ဟော...အရက်နဲ့မှိုကြတော့...
လိုက်ဖက်တဲ့ဘဝဗျ
အာ့မို့...
အရက်ပဲရွေးပါဆို...။
22/6/2023
( ၄၅ )
ဘဝမှာ ပေးနိုင်တာဆိုလို့
အာဘွားပဲရှိတယ်။
26/6/2023
( ၄၆ )
#စုဆောင်းရေး
ချက်ပေါ်ကို
လက်တော်ရစ်လိုက်မယ်
နက်ကျော်နဲ့
ဂွက်ထော် ထွက်စေ။
27/6/2023
( ၄၇ )
ဘာနေ့သမီးလဲမသိချင်ဘူး
ဦးအတွက်...သမီးက
နေ့တိုင်းမှာ နတ်သမီးပဲလို့သာ သိစေချင်တယ်
သမီးလို့ပြောတဲ့သူတွေနဲ့
ဦးလို့ခေါ်တဲ့သူတွေကို တကွက်ပြတာ..။
ဦးနဲ့သမီးဖြစ်သွားမယ်။
28/6/ 2023
( ၄၈ )
ဘာလို့ပုံမတင်ချင်တော့တာလဲဆိုတော့
ပုံတင်ရင် ကောင်မလေးတွေက
လာလာကြိုက်ဦးမယ်
ငြင်းမိရင်လည်း ဝဋ်ကလည်မှာကစိုးရသေးတယ်
ပြန်ကြိုက်လိုက်ရင်လည်း
သင်းတို့ကစိတ်ကမူမှန်တာမဟုတ်ဘူး
လာလာplayတာ
နောက်ဆုံးကိုယ်ပဲဟတ်ကော့ကြီးကျန်ခဲ့တာ
အသဲကွဲခြင်းအစ ပုံတင်ခြင်းကဆိုတာ
ကြောနပ်သွားလို့ ပုံမတင်ချင်တာ
မလွယ်ပါဘူးဗျာ။
( ၄၉ )
လိမ္မော်သီးရှောင်ရမယ်
လိမ်ပြီးမော်ကြွားတတ်သူမျိုးနဲ့
မတွေ့ဖို့
လိမ္မော်သီးလို
အသဲတွေ
အစိပ်စိပ်အမွှာမွှာကွဲပြီး အစားမခံရဖို့...။
3/7/ 2023
( ၅၀ )
ဒီနဂါးမတော့
ငါသုတ်ချင်နေပြီ။
#ဂဋ္ဌုန်ဆရာတော်
7/7/2023
( ၅၁ )
ရည်းစားတွေအများကြီးထားမယ်
ပြီးရင်
တော်တော်တည်ယူနိုက်တက်ဆိုပြီး
ဘောလုံးအသင်းထောင်မယ်
တသင်းတည်းဆိုတော့ သူတို့လည်း
တည့်သွားတာပေါ့
လူဆိုတာ ငါ့လူလို့
ငါလေးထည့်လိုက်တာနဲ့
အချင်းချင်း
ကွိုင်မရှာတတ်တော့ဘူးမလား။
9/7/2023
( ၅၂ )
ကျွန်တော် မင်္ဂလာဆောင်ရင်
လူတွေ အမောပြေစေချင်လို့ကို
နွေနေ့လယ်ခင်းအချိန် တမင်ရွေးပြီး
ရွှေရင်အေးတိုက်မယ်
နာမည်လေးကလည်း နိမိတ်လှ
ဘယ်လောက်ကောင်းသလဲဗျာ
နောက်...နေပူပူမှာတောင်လာရင်
ဘယ်ဂလောက်သံယောဇဉ်ရှိမှန်း
ပိုသိရတာပေါ့
တခုတော့ရှိတယ်ခင်ဗျ။
ကိုယ့်တုန်းကရဖူးတဲ့လက်ဖွဲ့လေးတွေကို
ပါကင်ပြန်ပိတ်ပြီး
လက်ဖွဲ့ခြင်းသည်းခံပါ။
9/7/2023
( ၅၃ )
ဘာလို့တောင်တွင်းကြီးမြို့လို့ခေါ်တာလဲ
တောင်က တွင်းကြီးထဲကျသွားလို့လားပေါ့။
13/7/2023
( ၅၄ )
ဘောဂဗေဒမှာ
လောဘစေသမျှသာ
သောကတွေစလာ
ဒေါသဖြေမရပါ
မေနာအလွ ကြွေခတာ
မောဟပွေကြရှာ။
#ရက်ပါဦးဇင်း
14/7/2023
( ၅၅ )
k-pay
wave pay တွေထက်
ပြန်မpay ပဲ အမ်ားဆုံး သုံးတယ်။
26/7/2023
( ၅၆ )
အန်ကယ်လို့မခေါ်နဲ့နော်
ဘေဘီလျှောက်ဒူးဒူးတောင်
တပုဒ်လုံးရသေးတာမဟုတ်ဘူး။
30/7/2023
( ၅၇ )
မင်းနဲ့စပြီးမင်းနဲ့ပဲဆုံးမှာပါ။
ပုံ...
မင်းတုန်းမင်း
2/8/2023
( ၅၈ )
တောင်းတဲ့ဆုနဲ့ပြည့်စေ
ကျပ်
13/8/2023
( ၅၉ )
ဆုတောင်းပိုင်ရင်တော့
ဥကောင်းကိုင်ခွင့်ရမှာပါ
ချိုးအမြုတေဥတို့ဘာတို့ပေါ့။
13/8/2023
( ၆၀ )
ရှမ်းကိုးမီးပြီးရင်
ကချင်မီးတောက် ရိုက်ကွာ
ပေါက်မှာပါ...ဝဲ
ဖြစ်မှာပါ...ခွေး
အားပေးနေမယ်...လေးခွနဲ့..။
26/8/2023
( ၆၁ )
ဝေဖန်တိုက်ခိုက်ရင်
ပေတံနဲ့ လိုက်ရိုက်
27/8/ 2021
( ၆၂ )
လက်ပိုက်ခြင်းက
ငါးမျိုးရှိသဗျ
1-လိမ္မာရိုကျိုးစွာဖြင့်လက်ပိုက်ခြင်း
(မိဘဆရာများရှေ့တွင် ချစ်ကြောက်ရိုသေမှုပြဟန်)
စိတ်ထဲကတော့...တော်တော်ပွစိပွစိနိုင်တဲ့လူကြီးတွေ...ဘာညာပေါ့။
2-မိမိကိုယ်ကိုယ် ဆရာကြီးစတိုင်ဖြင့် မာန်ဝင့်လက်ပိုက်ခြင်
(မြန်မာကားထဲက လူဆိုးကြီးများလိုပေါ့)
တကယ်ချရင်ကျ ကိုယ်ပဲ ခံရမှာ။
3-ချမ်းအေးလွန်း၍ လက်ပိုက်ခြင်း။
( ဒါက FA တွေအဖြစ်များတယ်)
4-လက်ကိုမည်သည့်နေရာတွင်ထားရမှန်းမသိ၍လက်ပိုက်ခြင်း။
(ဥပမာ..စိတ်လှုပ်ရှားစဖွယ် တစုံတခုကို စောင့်နေချိန်၊ကြံရာမရဖြစ်၍ စဉ်းစားနေချိန်၊ကောင်မလေးကိုမဖက်ရဲသေးချိန်၊ရှက်ရွံ့နေချိန်များ)
5-နာရီ၊လက်ကောက်ကြွားလို၍ လက်ပိုက်ခြင်း ဟု တွေ့ရှိရပေသည်။
3/8/2023
( ၆၃ )
ပျက်အစဉ် ပြင်ခဏဆိုတာက
ပြင်လည်း ခဏပဲခံမယ်
ပျက်နေမှာက အစဉ်ပဲလို့ပြောတာ..။
7/8/2023
( ၆၄ )
ငါကလွဲရင် အားလုံးမကောင်းဘူး ဆိုပါစို့
ငါကမလွဲမှ အားလုံးကောင်းမှာပေါ့
ငါကလွဲနေရင် အားလုံးက ကောင်းပါ့မလား
ငါကလွဲနေမှဖြင့်လည်း အားလုံးကမကောင်းတာကော ဟုတ်ပါ့မလား။
7/8/2023
( ၆၅ )
အရင်ခေတ်ကလို
လင်ကောင်တင်မဟုတ်တော့ပါဘူး
မအေကောင် မပေါ်တဲ့ ကလေးတွေလည်း
မွေးနေပါပြီ။
9/8/ 2023
( ၆၆ )
ဂျပန်စကားတွေ တအားသင်ကြတော့
ငလျင်ကလည်း
မြန်မာပြည်ကို
ဂျပန်ထင်ပြီပေါ့
ဂျပန်ရောက်နေသလိုပဲ
နေ့တိုင်း ငလျင်ကလှုပ်နေတာ..။
24/8/2023
( ၆၇ )
လက်မပေးတဲ့သူတွေ
နောင်ဘုရားခေတ်မှာ
နောင်အင်္ဂုလိမာလနဲ့ တွေ့ပါစေ။
24/8/2023
( ၆၈ )
ဟင့် ဆိုတာ မူတာ
အင်း ဆိုတာ လက်ခံတာ
ဟင့်အင်း ဆိုတာ
မူပြီးလက်ခံတာ
မင်းကို
ကောင်မလေးက
ဟင့်အင်းလို့ပြောတဲ့အခါ
စိတ်ကျမသွားဖို့ မိုတီတဖြတ်။
27/8/2023
( ၆၉ )
ကိုကိုနဲ့အချစ်က မှိုနဲ့မျှစ်လို
မတည့်
မောင်နဲ့အချစ်မှ
ချဉ်ပေါင်နဲ့မျှစ်လို လိုက်ဖက်မယ်။
27/8/2023
( ၇၀ )
လူတွေက
သူတို့သတ်မှတ်တဲ့စံနှုန်းတွေနဲ့ပဲ
တိုင်းတာကြမှာပါ
ပလူတိုတောင် ဂြိုဟ်အဖြစ်က
ဖယ်ရှားခံရသေးတာပဲ
ဒါပေမယ့်
သူ့လည်ပတ်မှုက ရပ်တန့်သွားတာမှမဟုတ်တာ
ဒီလိုပါပဲ
လူတွေက ငပေါလို့သတ်မှတ်လို့လည်း
ဘာလို့ စိတ်ဆိုးရမှာလဲ
ဟုတ်နေတာပဲကို
ဆက်သာပေါပေးလိုက်
ငပေါလေးတွေအတွက် မိုတီတဖြတ်။
28/8/2023
( ၇၁ )
ဘဝတသက်တာမှာ
ကိုယ်နဲ့အတူ အမြဲရှိနေတာဆိုလို့
မမ ပဲရှိတယ်
မီး ဆိုတာနဲ့
အချိန်တန်ရင်
ပြတ်တာပဲ။
မမ=မျက်မှန်
မီး= epc
16/10/2023
( ၇၂ )
ဘဝမှာ
မင်းအနား ဘယ်သူမှမရှိဘူးဆိုပြီး
အားမငယ်ပါနဲ့
မင်းမမြင်လို့လည်းနေမှာပါ
သရဲတွေလည်း ရှိနိုင်ပါတယ်။
16/10/2023
( ၇၃ )
ကိုယ့်ကို နှာဘူး လို့အပြောခံရရင်
ဘယ်လိုပြန်လည်တုံ့ပြန်မလဲ?
-မြို့ထဲမှာတောင် မင်းဘူး လို့ပဲရှိတယ်
ငါဘူး လို့မရှိဘူး။
16/10/2023
( ၇၄ )
ငယ်ငယ်တုန်းက
အရက်သမားတွေဆို အဝေးကြီးက
ရှောင်တာ
အခုကြတော့ တိုက်ခိုင်းဖို့
လိုက်ရှာနေရတယ်။
16/10/2023
( ၇၅ )
ရယ်စရာရေးတာကို
အသည်းတွေလာပေးနေတော့
ရင်မှာ
ချစ်များချစ်မိနေလို့လား။
16/10/2023
( ၇၆ )
ပွဲတကာပွဲထဲမှာ
လိုက်ပွဲကိုစိတ်အဝင်စားဆုံးပဲ
ရည်းစားထားမယ်ဆိုရင်တောင်
ညီအမ ရှိလား အရင်ကြည့်တာ။
16/10/2023
( ၇၇ )
မကောင်းမှုဆိုတာ
ဆိတ်ကွယ်ရာမရှိတဲ့
တကယ်က ဆင်ကွယ်ရာမရှိလို့
ဖြစ်ရမှာမဟုတ်ဘူးလား
ဆင်နဲ့ကွယ်ကြတာကို..။
17/10/2023
( ၇၈ )
ဟဟ တွေချည်း တန်းစီပေးပြန်တော့
ချစ်များမချစ်ကြတော့တာလား။
17/10/2023
( ၇၉ )
မျက်နှာမြင် သူဌေးထင်ပါစေ
ဆုနဲ့ပြည့်ခံရတာ
ဆုတောင်းမှားခဲ့လေသလားပဲ
စာအုပ်လည်း လက်ဆောင်ပေးရ
တထောင်လည်းပေးရ
မုန့်ဟင်းခါးလည်းကျွေးရ
မငြိငြင်ပါဘူး
တချောင်းတည်းရှိတဲ့ဘော့ပင်ပါ
"မ"သွားတာတော့
ကိုယ့်အတိုင်းပဲ။
17/10/ 2023
( ၈၀ )
ဘာreact မှမပေးတာက
ကြိတ်ကြွေနေလို့..။
18/10/2023
( ၈၁ )
ဗိုက်ဆာလို့ စိတ်တိုလာရင်
အစိမ်းလိုက်ဝါးစားပစ်တာ
ခေါက်ဆွဲခြောက်တွေ
သုံးမိနစ်တွေဘာတွေလုပ်မနေဘူး။
18/10/2023
( ၈၁ )
bioမှာ
ချစ်သူရှိသည်က သိပ်စိတ်မချရဘူး
ကောင်မလေးကို
ဘယ်ကောင်မှ လာမနှောက်အောင်
ကိုယ်ဝန်ရှိသည် လို့ရေးထားခိုင်း။
19/10/2023
( ၈၂ )
သီတင်းကျွတ်ပရိုမိုးရှင်းကြီးပါ
I ကို love ရင်
U လို့ မန့်ပေးသွား။
22/10/2023
( ၈၃ )
ရန်ကုန်မှာ
ကားပေါ်ကနေ ရှူးနံ့လှမ်းရရင်
အဲ့ဒါ...ပန်းခြံတခုခုဘေးနားကနေ ဖြတ်နေတာ
သိပ်စဉ်းစားမနေနဲ့
ပန်းခြံပါဆို
ပန်းကြမှာပေါ့ဗျာ
နာမည်နဲ့အလိုက်ပဲ။
24/10/2023
( ၈၄ )
အဆိုတော်
NO အဖွဲ့ စထွက်တော့
တို့ကျောင်းကားပေါ်က
တချို့ကောင်မလေးတွေက
ကားဒရိုင်ဘာကို အခွေဖွင့်ခိုင်းတာ
နိုးအဖွဲ့အခွေဖွင့်ပေးပါလို့
ပြောတာမဟုတ်ဘူး
အန်အို အဖွဲ့အခွေဖွင့်ပေးပါ...ဖွင့်ပေးပါနဲ့
ဆူးလေ( ရန်ကုန် )နဲ့
မိုင်သုံးဆယ်ကျော်ပဲ
ဝေးတာတောင်
တောကျပါတယ်ဆို..။
27/10/2023
( ၈၅ )
အငယ်တွေက
ကန်တော့ပြီး
အကြီးတွေက
မုန့်ဖိုးပေးရင်
ကောင်းမှာပဲ
အငယ်တွေကန်တော့တဲ့အထဲက
တဝက်ကိုအကြီးတွေကိုပြန်ကန်တော့
အကြီးတွေ ပေးတဲ့မုန့်ဖိုးကို
အငယ်တွေကိုတဝက်ပြန်ပေး
ကြားက နှစ်ဖက်ပိုတာ ကိုယ်ယူ
သီတင်းကျွတ်ပွဲစားကြီးဖြစ်ချင်တယ်။
28/10/2023
( ၈၆ )
အချစ်က ကုန်စျေးနှုန်းလိုပဲ
ပြောင်းလဲမှာတော့သေချာပါတယ်
ဒါပေမယ့် ဘယ်လိုပြောင်းလဲမှုမျိုးလဲဆိုရင်
တနေ့ထက်တနေ့ ပိုပိုပြီး များပြား
မြင့်တက်လာမယ့်သဘောပဲ
( ၈၇ )
မြန်မာပြည်မှာ
အချစ်လည်း ပေါတယ်
စစ်လည်း ပေါတယ်
အချစ်စစ်ပဲ မပေါတာ
ကျွန်တော့်ဆီမှာပဲ ရနိုင်တယ်။
5/11/2023
( ၈၈ )
ကျပ်မပြည့်တဲ့သူတွေနဲ့ပဲ
ချစ်သူဖြစ်ချင်တာ
ပြားငါးဆယ်ပဲရှိတဲ့သူမျိုးပေါ့
ကိုယ်ကလည်းပြားငါးဆယ်ပဲရှိတာလေ
ချစ်ချက် ရိုချက်က
ရူးတောင် နှစ်ယောက်ပေါင်းမှ
ကျပ်ပြည့်ချင်တာမျိုး။
5/11/2023
( ၈၉ )
ဝမ်းတစုံမှာ ကမ်းကုန်ရစ်တာမို့
ပန်းတုန်အောင်
လမ်းဆုံကဟစ်ချင်တော့
ဘယ်မလဲ အိမ်သာ။
-တရုပ်တန်းဆရာပွေ
22/11/2023
( ၉၀ )
လှည့်စားတယ်ဆိုတာ
ကထိန်အလှူတွေပဲ ကောင်းတယ်။
2/12/2023
ပြီးပါပြီ။
ကျေးဇူးတင်ပါသည်။
-တော်တော်တည်
Keep Reading