Author's Profile Photo

ယဥ်သီရိလှိုင်(ဆောင်း)

30/03/2024

မသန်စွမ်းဆိုသည်

1 min read
Life Style
General Knowledge
Art
မသန်စွမ်းဆိုသည်'s photo

မသန်စွမ်းတဲ့လူ​တွေနဲ့ပတ်သက်ပြီးတချို့လူ​တွေသိတာမှား​နေတယ် ကျွန်မကိုယ်တိုင်လည်းသိခဲ့တာမကြာ​သေးပါဘူး ဘာလဲဆို​တော့မသန်စွမ်း​လို့​ခေါ်တာဘဲ အဲ့တာဘာလို့​ခေါ်တာလို့ထင်သလဲစာဖတ်သူတို့​ရေ တကယ်ကမသန်ဆိုတဲ့စကားလုံးရယ်စွမ်းဆိုတဲ့စကားလုံးရယ်ကို​ပေါင်းထားတာပါ မသန်ဆိုတာက​တော့ လက်မသန်​ခြေ​ထောက်မသန်ဆွံ့အနားမကြားဆိုတာကိုရည်ညွှန်းပါတယ် နောက်တခုစွမ်းဆိုတာကိုဘာလို့ထည့်တာပါလိမ့် ဟုတ်ကဲ့ပါစွမ်းဆိုတဲ့စကားကိုထည့်​ခေါ်တာက​တော့ မသန်တဲ့သူ​တွေဟာစွမ်းတယ်လို့ဆိုလိုတာပါ သူတို့ဟာအရင်ဘဝကမ​ကောင်းမှုကံ​တွေ​ကြောင့် ဒီဘဝမှာ​ခြေလက်အဂါမသန်တဲ့သူ​တွေချို့ယွင်းတဲ့သူ​တွေအဖြစ်​မွေးဖွှားလာကြတယ် တခု​ကောင်းတာကသူတို့​တွေမှာစွမ်းတဲ့အရာတခုခုရှိတယ်ဆိုတာပါဘဲ ဥပမာ​ခြေ​ထောက်မသန်စွမ်းတဲ့သူတ​ယောက်ဟာလက်မှုပညာမှာကျွမ်းကျွမ်းကျင်ကျင်ပြုလုပ်နိုင်တာတို့ တချို့လက်တဖက်မ​ကောင်းတဲ့သူ​ဟာကျန်တဲ့လက်တဖက်နံ့ပန်းချီကိုကျွမ်းကျင်စွာဆွဲနိုင်တာတို့ မျက်မမြင်​တွေဟာအနှိပ်မှာ​တော်တာကြားဖူးမှာပါမျက်မမြင်အ​ကြောပြင်အနှိပ်ခန်း​မတွေအများကြီး​ပေါ်လာတာသိကြမှာပါ လူကောင်း​​တွေထက်​တော်​နေတတ်တယ်သူတို့​တွေက စသည်​ပေါ့အမျိုးမျိုးရှိတယ် အဲ့တာ​ကြောင့်သူတို့ကိုအထင်မ​သေးသင့်ဘူး လူ​တွေမှာအကျင့်တခုရှိတယ်ကျွန်မမှာလဲအဲ့လိုအကျင့်ရှိတာ​ကေကာင့်ကြိုးစားပြီးပြင်​နေပါတယ် လမ်းသွား​နေတုန်း​ခြေ​ထောက်ကျိုး​နေတဲ့သူ​တ​ယောက်​တွေ့ပြီဆိုပါစို့ ကြည့်လိုက်တယ်သနားတဲ့အကြည့်/ငါတို့နဲ့မတူတဲ့ဘဝပါလားဆိုတဲ့အကြည့် အဲ့လိုအကြည့်မျိုးတွေနဲ့အတတ်နိုင်ဆုံးမကြည့်ဖြစ်​အောင်ကြိုးစားပါ သူတို့ကိုအားငယ်တဲ့စိတ်မဝင်ရ​အောင် သူတို့ကိုသူတို့ပိုပြီးအားကိုးတတ်​အောင် လူ​တွေရဲ့အမြင်မှာသူတို့ဟာအားမနည်းဘူးဆိုတဲ့စိတ်ဓါတ်မျိုးဖြစ်လာ​အောင် ကိုယ့်ရဲ့အကြည့်တချက်ကိုယ်ကြည့်လိုက်တဲ့အကြည့်​ကြောင့် အ​ထောက်ကူဖြစ်ပါ​စေ သူများ​တွေ​တော့မသိ​ပေမယ့်ကျွန်မတခါ​ခြေ​ထောက်အဆစ်လွဲဖူးတယ်ခန​လေးပါတကယ့်ကိုခန​လေးနာရီပိုင်းဘဲရှိ​ပေမယ့် အဲ့ချိန်အတွင်းမှာအရမ်းအားငယ်သွားတယ်ငါ့​ခြေ​ထောက်မ​ကောင်းပါလား ငါဘာသာငါဒါကိုမလုပ်နိုင်တော့ဘူး အားနာမှု​တွေ/အားငယ်မှူ​တွေဝင်လာတယ် အဲ့အချိန်တွင်းမှာလူတိုင်းကိုအကူညီ​တောင်း​နေရတဲ့လူတ​ယောက်ဖြစ်သွားခဲ့တယ် အဲ့​နောက်ပိုင်းကိုယ့်ကိုကိုယ်ကျန်းမာ​အောင်​နေပြီးထိခိုက်မှုမဖြစ်​အောင်အတတ်နိုင်ဆုံး​ရှောင်ဖြစ်ပါတယ် ကျွန်မကိုယ်တိုင်ကလည်းသူများအကူညီမယူတတ်တဲ့သူတ​ယောက်မို့​နေမယ်သူများသနားတာမလိုချင်ဘူးသူများရဲ့အထင်​သေးတာမခံချင်တဲ့သူမို့ ဒီလိုခန္ဓါကိုယ်မှာတခုခုချို့ယွင်း​နေတဲ့သူ​တွေ့တဲ့အခါကိုယ်ချင်းစာမိတယ်သူတို့သာဆိုဘယ်လို​နေမလဲ​မွေးကတည်းကဒီလို​နေလာရတာတချို့ဆိုလည်းအသက်အလယ်​လောက်မှaccident တခုခုဖြစ်တာသူတို့ဒီအ​ခြေ​နေကို​နေသားကြဖို့ဘယ်​လောက်တောင်ရုန်းကန်ခဲ့ရမလဲဆိုတာ​တွေးကြည့်ရုံနဲ့တင်တကယ်​လေးစားဖို့​ကောင်းလွန်းပါတယ် ဒါ​ကြောင့်ကျွန်မ​ပြောခဲ့သလိုဘဲမသန်စွမ်းလို့​ခေါ်တာဟာ ရိုးရိုး​ခေါ်တာမဟုတ်ပါဘူးသူတို့မှာထူးခြားချက်တခုခုရှိကိုရှိပါတယ် သူတို့ကိုအထင်မ​သေးရမယ့်အပြင်​လေးစားတတ်ရမယ် ကိုယ်ကိုတိုင်မလုပ်နိုင်တဲ့အလုပ်​တွေကို​နေ့တလူလုပ်​နေရတာ​ကြောင့်​ သူတို့ကို​လေးစားတတ်တဲ့စိတ်​လေးအရင်ကမရှိခဲ့ရင်​မွေး​ပေးပါ ရှိခဲ့ရင်လည်းပို​မွေးပါရှင် ကျေးဇူးပါအဆုံးထိဖတ်​ပေးတာ

ချစ်​သောreaders လေး​တွေ?


Keep Reading

လူငယ်နှင့် အောင်မြင်မှု...စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဖိုးလနတ်သားဒေါ့စတာယက်စကီးရဲ့ဘဝအမောပြေရွာရိုးကိုးပေါက်‘သားကောင်စိတ်နဲ့ ရှင်သန်မယ့်အစား သူရဲကောင်းဖြစ်ဖို့ကို ရွေးချယ်ပါ’ပျော်စရာနေ့ဆင်းရဲသားလေး ဂျက်လန်ဒန်သူဌေးဝါဒ (၂၃)မရိုးတရိုး