Sandi Cho
ဒီနှစ်ထဲမှာချိုသင်ခဲ့ရတဲ့ သင်ခန်းစာတစ်ခုက ဘ၀ဆိုတာ ပြိုင်ပွဲမဟုတ်ဘူး။ပြီးတော့ဘ၀ဆိုတာ တစ်ဖြောင့်တည်းဘယ်တော့မှမသွားဘူး။ချိုတို့ထင်တာက ကျရှုံးမှုတွေပြီးရင် အောင်မြင်မှုတွေပဲလာမယ်လို့ပေါ့။အဆိုးတွေပြီးရင် အကောင်းတွေလာမယ်။
အဲဒီအောင်မြင်မှုရဲ့ နောက်ထပ်လာမယ့် အကြောင်းကိုမတွေးမိကြဘူး။အကောင်းပြီးရင် အဆိုးတွေပြန်လာတတ်တာကို သတိမပြုမိကြဘူး။
တကယ်တော့ ဘ၀ဆိုတာက ခရီးတစ်ခုကိုသွားနေရတာနဲ့တူတယ်။တောင်ကုန်းတွေပေါ်ကိုတက်ပြီး အမြင့်ဆုံးရောက်သွားတဲ့အချိန်ရှိနိုင်တယ်။ဒါပေမယ့်အဲတောင်ပေါ်မှာပဲ တစ်ချိန်လုံးနေနေလို့မရဘူး။ချိုတို့ဘ၀ကဆက်သွားနေရတာ။အမြင့်ဆုံးတောင်တန်းတွေကိုဖြတ်ရသလို အနိမ့်ဆုံးချိုင့်ဝှမ်းတွေကိုလည်းဖြတ်ရမှာပဲ။ပင်လယ်တွေလည်းဖြတ်ချင်ဖြတ်ရဦးမှာ။
ဒါပေမယ့် ကောင်းတာတစ်ခုကဘာလဲသိလား။ချိုတို့ဘ၀ရဲ့ မတူညီတဲ့လှပမှုတွေကို တွေ့ကြုံခံစားရတယ်။ချမ်းသာတာ၊အောင်မြင်တာ ကောင်းတယ်။ဒါပေမယ့် ချိုကတော့လေ အောင်မြင်မှုတစ်ခုမှာပဲရပ်နေပြီး အဲနေရာကပဲဘ၀ကိုကြည့်နေရတဲ့အမြင်မျိုးကိုသဘောမကြဘူး။ဘ၀ရဲ့အနိမ့်အမြင့်အတက်အကျအားလုံးကိုခံစားဖူးမှ လူဖြစ်ရကျိုးနပ်တယ်လို့ထင်တယ်။
တစ်ခါတစ်လေ စိန်ခေါ်မှုများနှင့်ကျရှုံးမှုတွေက ချိုတို့ကိုနောက်ပြန်ဆွဲသလို ခံစားရစေတယ်။ဒါပေမယ့်အဲဒါတကယ်မဟုတ်ဘူး။တကယ်ကကျချိုတို့ဘ၀အတွက်အဲဒီအရာတွေက လိုအပ်တယ်။အဲဒါနေမှ ဘ၀သင်ခန်းစာတွေရတယ်။အသိအမြင်အသစ်တွေရတယ်။အဲကနေမှ အခွင့်အလမ်းတွေဖြစ်ပေါ်လာစေတယ်။
အဆိုးအကောင်းဆိုတာက ဘ၀ရဲ့ရာသီဥတုလိုပါပဲ။နေသာနေရာကနေ ရုတ်တရက် မိုးရွာချင်ရွာချတာ။ဒါပေမယ့် မှတ်ထားရမှာတစ်ခုက မိုးကြီးပဲဘယ်တော့မှာရွာမနေသလို နေကြီးပဲဘယ်တော့မှသာမနေပါဘူး။အမြဲတမ်း တစ်လှည့်ဆီဖြစ်နေမှာ။
#SandiCho
#Life_is_not_linear
#Mental_Healing
Keep Reading