လက်ယျာ (Don't Care)
လူတစ်ယောက်နဲ့တစ်ယောက် ချစ်တယ်၊ မေတ္တာရှိကြတယ်။ ဒီတော့ ချစ်ခြင်းရဲ့ ပန်းတိုင်အနေနဲ့ လက်ထပ်ဖို့၊ ပေါင်းဖက်ဖို့ ရည်ရွယ်ထားကြတယ်၊ ဒါမှမဟုတ် လက်ထပ်ခဲ့ကြတယ်၊ ပေါင်းဖက်ခဲ့ကြတယ်။ ချစ်ခြင်းသက်သက်နဲ့ တည်ဆောက်ထားတဲ့ အိမ်ထောင်ရေး က သာယာနိုင်ပါ့မလား?
လူတစ်ယောက်ရဲ့ စားဝတ်နေရေး အထွေထွေကုန်ကျစရိတ်ဟာ အခြေခံအားဖြင့် တစ်ရာ ဆိုကြပါစို့။ ကောင်လေးကလည်း ဝင်ငွေက တစ်ရာ့ငါးဆယ် ရှိတယ်။ သမီးရည်းစားဘဝမှာတော့ ဒီ Relationship တစ်ခုက အဆင်ပြေချင်ပြေနေပါလိမ့်မယ်။ မိဘတွေဆီမှာနေရတာ၊ ဒါမှမဟုတ် ကိုယ့်ဝင်ငွေလေးနဲ့ကိုယ် လောက်ငှနေတာကိုး။
ဒါပေမယ့် အိမ်ထောင်ပြုလိုက်ပြီဆိုတာနဲ့ ကောင်လေးနဲ့ ကောင်မလေးဟာ တစ်ပေါင်းတစ်စည်းတည်းဖြစ်သွားပြီ။ လူတစ်ယောက်အတွက် အခြေခံကုန်ကျစရိတ်သည် တစ်ရာဖြစ်နေတဲ့အချိန်မှာ တစ်ရာ့ငါးဆယ်ဆိုတဲ့ ကောင်လေးရဲ့ ဝင်ငွေက လူနှစ်ဦးအတွက် မလောက်ငှနိုင်တော့ဘူး။ ဒီတော့ ဘာဖြစ်လာသလဲဆိုရင် စားဝတ်နေရေးမပြေလည်တာတွေကစလို့ အဖုအထစ်ကလေးတွေရှိလာတယ်။ ကြာလာတာနဲ့အမျှ ဒီအိမ်ထောင်ရေးသည် အဆိုးဘက်ကို ဦးတည်သွားတော့တယ်။
ဒါကို ဘယ်လိုဖြေရှင်းမလဲ? ကောင်လေးအနေနဲ့ နှစ်ရာဝင်မယ့် အလုပ်မျိုး ရှာလုပ်မလား၊ ဒါမှမဟုတ် မောင်တစ်ထမ်း မယ်တစ်ရွက်ဆိုသလို ကောင်လေးက တစ်ရာ့ငါးဆယ်ဝင်တယ်၊ ကောင်မလေးက ငါးဆယ် ဝင်မယ့် အလုပ်မျိုး ဝင်လုပ်မလား စသဖြင့် အဖြေရှာကြဖို့လိုပါတယ်။ ပြသနာတိုင်းက ထိုင်ပြီး မှိုင်တွေငေးမောနေရုံနဲ့တော့ ပြေလည်မသွားနိုင်ပါဘူး။
ဒါပေမယ့် ဒီပြသနာက အိမ်ထောင်တိုင်း ကြုံနေရတာတော့ မဟုတ်ပါဘူး။ ဝင်ငွေ သုံးရာလောက်ရှိတဲ့ အိမ်ထောင်ရေးတွေ၊ မောင်တစ်ထမ်း မယ်တစ်ရွက်ဆိုသလို လင်မယား အတူတူ ရုန်းကန်နေကြတဲ့ အိမ်ထောင်ရေးတွေမှာတော့ ဒီပြသနာက ရှိမလာနိုင်ပါဘူး။
ဒီတော့ ပြောချင်တာသည် အိမ်ထောင်တစ်ခု ပြုမယ်လို့ စဥ်းစားတဲ့အခါ စားဝတ်နေရေးအပိုင်းကို ထည့်ကို ထည့်တွက်ကြရပါတယ်။ မိသားစုတစ်ခုအတွက် လုံလောက်တဲ့ ဝင်ငွေ ရှိပြီလား အရင်တွေးပြီး အိမ်ထောင်မပြုခင်မှာ ကြိုတင် ဖြေရှင်းထားသင့်ပါတယ်။
ကမ္ဘာပေါ်မှာရှိသမျှ အိမ်ထောင်ရေးတိုင်း သာယာကြပါစေဗျာ။
#ZiXinn
#LattYarYoutubeChannel
#DontCareFacebookPage
#Taunggyi
#LifeandHope
#NowOrNever
Keep Reading