Author's Profile Photo

Reviews by Benevolent

13/12/2024

အီလွန်မတ်

5 mins read
Book Review
General Knowledge
Technology
အီလွန်မတ်'s photo


၂၀၂၄ ခုနှစ်မှာ အီလွန်မတ်လို့ပြောလိုက်ရင် Optimus AI စက်ရုပ်တွေကို လမ်းပေါ်စတင်ခေါ်လာခဲ့သူ၊အင်္ဂါဂြိုဟ်ပေါ် လူသားတွေ အခြေချနေထိုင်နိုင်စေရမယ်လို့ ပြောပြီးလုပ်လည်းလုပ်ပြနေသူ တစ်ယောက်လို့ မြင်မိပါလိမ့်မယ်။ဒါအပြင် အမေရိကန် ရွေးကောက်ပွဲမှာရီပတ်ဗလစ်ကန်များ အနိုင်ရရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်သုံးခဲ့သူ၊ ဒေါ်နယ်ထရန့်သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်ခြင်းကို သူပိုင်ဆိုင်တဲ့ X လူမှုကွန်ရက်တွင် အကြိမ်ကြိမ် အားပေး မဲဆွယ်ပေးခဲ့တယ်။ဒေါ်နယ်ထရန့် ကို သမ္မတအဖြစ်အနိုင်ရအောင် ငွေအား၊ လူအား ၊ နည်းပညာအကူအညီဖြင့် အဓိက မဟာမိတ်ပြုခဲ့သူ၊ အင်တာနက်အဆက်အသွယ်ဖြင့် အကူအညီမဲ့တဲ့နေရာတွေကို Starlink ဖြင့် ပြန်လည်အချက်အလက်အဆက်သွယ်ရအောင် အကူအညီပေးနေသူ တစ်ယောက်လို့ မြင်မိကြပါလိမ့်မယ်။အခုတော့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်ကို ဖက်ဒရယ်ပြည်ထောင်စု အစိုးရ ဖြုန်းတီးမှုများကို လျှော့ချရန် ၊ အမေရိကန်အစိုးရစွမ်းဆောင်ရည်စောင့်ကြည့်ဌာနကို ဦးဆောင်ရမည့် အကြီးအကဲအဖြစ်( Head the new Department of Government Efficiency) ဒေါ်နယ်ထရန့် က တာဝန်ပေးထားတယ်။

စာအုပ်အေကြာင်းပြောရရင် အီလွန်မတ်ဟာ Steve Jobs မရှိတော့တဲ့နောက်ပိုင်း Silicon Valley မှာ ရေပန်းအစားဆုံး နည်းပညာရှင် တစ်ယောက်ဖြစ်လာခဲ့တယ်။ သူရဲ့ ထူခြားဆန်းပြားတဲ့ အိုင်ဒီယာတွေကို လက်တွေ့မကောင်အထည်ဖော်နိုင်ဖို့ စွန့်စားကြိုးစားဖို့ ဝန်မလေးသူတစ်ယောက်လည်းဖြစ်တယ်။စာဖတ်တာအလွန်ဝါသနာနည်းပညာကို အရူးအမူး စိတ်ဝင်တစား ဝါသနာကြီးခဲ့တဲ့ အီလွန်မတ်ဟာ အင်တာနက်ကဏ္ဍ၊ အာကာသယာဉ်တည်ဆောက်မှုကဏ္ဍ၊ ငွေကြေးကဏ္ဍ ၊ သဘာဝစွမ်းအင်ထုတ်လုပ်မှုကဏ္ဍတွေမှာ အကြီးအကျယ် တိုးတတ်ပြောင်းလဲအောင် လုပ်နေသူလည်းဖြစ်တယ်။ အရင်က PayPal ကုမ္ပဏီရှိစဉ်က အများရှေ့မှာ မပြောရဲမဆိုရဲ လူတစ်ယောက်ဟာ နားထောင်သူ ထောင်ချီရှိတဲ့သူရှေ့မှာ အထင်ကြီးစရာ စိတ်ဝင်စားစရာ ဖန်တီးတင်ဆက်သူတစ်ယောက်ဖြစ်လာခဲ့တယ်။

အီလွန်မတ်ကို ၁၉၇၁ ခုနှစ် တောင်အာဖရိကမှာ မွေးဖွားခဲ့တယ်၊ သူအသက် ၉ နှစ်သားမှာ အဖေနဲ့အမေ ကွာရှင်းခဲ့ကြတယ်။ ငယ်စဉ်က အပေါင်းအသင်းနည်းပြီး စာအုပ်ဖတ်တာ အလွန်ဝါသနာပါတယ်။ငယ်ငယ်ကတည်းက စိတ်ကူးယဉ်တစ်ခုရှိခဲ့တယ်၊ အဲ့ဒါက အင်္ဂါဂြိုလ်ကို ဒုံးပျံနဲ့ လူတွေ ပို့လွှတ်ပြီး ကိုလိုနီ နိုင်ငံအဖြစ် သိမ်းပိုက်ချင်ခဲ့တာပါ။ အီလွန်မတ် နာမည်ကို လူတွေ သတိထားမိလာတာက ၁၂ နှစ်အရွယ် Blaster ဆိုတဲ့ ကွန်ပျူတာဂိမ်းမှာ Source Code ရေးခြင်းဖြင့် ဆုချီမြှင့်ခံလာရတာကနေစတယ်လို့ ပြောရမယ်။

တောင်အာဖရိကနိုင်ငံမှာ အသက် (၁၈) နှစ်ပြည့်ရင် စ-စ်မှုမထမ်းမနေရ ဥပဒေရှိပါတယ်။ စ-စ်မှုမထမ်းချင်တဲ့ အီလွန်မတ်ဟာ တောင်အာဖရိကကနေ ကနေဒါကို ထွက်ခွာခဲ့ပါတယ်။အသက် ၁၇ နှစ်သားမှာ အီလွန်ဟာ လူဖြူလူမည်းခွဲခြားတတ်တဲ့ တောင်အာဖရိကနိုင်ငံမှာ မနေချင်လို့ မိခင်ဇာတိဖြစ်တဲ့ ကနေဒါနိုင်ငံကို တစ်ယောက်တည်းထွက်ခွာလာခဲ့တယ်။ အဲဒီက Queen's တက္ကသိုလ်မှာ တက်တယ်။အမေရိကန်နိုင်ငံ Pennsylvania တက္ကသိုလ်က စကောလားရှစ်ပညာသင်ဆုရလို့ အမေရိကန်နိုင်ငံကို ပြောင်းရွှေ့ပြီး တက္ကသိုလ်တက်တယ်။ အဲဒီကနေ ရူပဗေဒဘွဲ့နဲ့ စီးပွားရေးဘွဲ့ရတယ်။ ရူပဗေဒဘာသာအတွက် ပါရဂူဘွဲ့တက်တာ ၂ ရက်ပဲတက်ပြီး ထွက်လိုက်တယ်။ သူ့အကြောင်းပြချက်က Silicon Valley တစ်ဟုန်ထိုး တိုးတက်နေတဲ့ အင်တာနက်အခွင့်အလမ်းကို လက်လွှတ်မခံချင်လို့ပါ။

နောက်တော့ သူ့ညီဖြစ်သူ ကင်းဘားနဲ့ Silicon Valley ဒေသမှာ ဆိုင်တည်နေရာတွေကို အင်တာနက်မှာ ပြပေးတဲ့ Zip2 ကုမ္ပဏီထောင်လိုက်တယ်။ နောက်တော့ ကုမ္ပဏီကိုရောင်းပြီး အင်တာနက်ဘဏ် X.com ကုမ္ပဏီကို တည်ထောင်ပြန်တယ်။ အဲဒီကုမ္ပဏီဟာ နောက်တော့ PayPal ကုမ္ပဏီဖြစ်သွားပြီး eBay ကုမ္ပဏီကို ဒေါ်လာ ၁.၅ ဘီလီယံနဲ့ ရောင်းလိုက်တယ်။ အီလွန်မတ်ဟာ သူပိုင်တဲ့ PayPal ရှယ်ယာတွေအတွက် ဒေါ်လာ သန်း ၁၈၀ ခန့် ရလိုက်တယ်။ နေ့ချင်းညချင်း မီလျံနာသူဌေးဖြစ်သွားခဲ့တယ်။ရထားတဲ့ ငွေတွေနဲ့ အာကာသထဲ ဒုံးပျံလွှတ်တင်တဲ့ Space X ကုမ္ပဏီကို တည်ထောင်တယ်။ လျှပ်စစ်ကားထုတ်တဲ့ Tesla ကုမ္ပဏီမှာ ရှယ်ယာအများကြီးထည့်ဝင်တယ်။ အဲဒီကုမ္ပဏီနှစ်ခုမှာ CEO ဖြစ်လာခဲ့တယ်။

၂၀၁၃ ခုနှစ် ဇွန်လထဲမှာ Tesla က သူတို့ထုတ်လုပ်မယ့် ကားပုံစံ တွေကို လော့စ်အင်ဂျဲလိစ်မြို့မှာ ပြပွဲကျင်းပခဲ့တယ်။ Model S ကားအတွင်းပါဝင်တဲ့ ဘက်ထရီအတွဲကြီး ကို စက္ကန့်ပိုင်းအတွင်း လဲလှယ်တပ်ဆင်ပေးနိုင်ကြောင်း အလန်းစား တင်ပြမှု‌တွေလုပ်ခဲ့တယ်။အီလွန်မတ်ကို Apple Company က စတိဗ်ဂျော့ နဲ့ တန်တူထားကာ ကျော်ကြားအောင်မြင်သူလို့ အများက စတင်မြင်လာခဲ့ကြတယ်။

ဒီအဖြစ်အပျက်ဖြစ်ပြီးနောက် လအတန်ကြာမှာ New York Times သတင်းစာကြီး ရဲ့ Tesla အပေါ် မကောင်းကြောင်းဝေဖန်ရေးသားချက်တွေလုပ်လာခဲ့တယ်။ Model S ကားနှစ်စီး ကားတိုက်မှုတစ်ခုဖြစ်ပြီး ကားမီးလောင်သွားတယ်လို့ စသဖြင့် ရက်ရက်စက်စက် ရေးသားလာတယ်။ အီလွန်မတ်ဟာ သတင်းစာတိုက်ကိုသွားပြီး ကားတိုက်မှုဖြစ်တာတော့ မှန်ကန်တယ်၊ ဒါပေမယ့် မီးမလောင်ခဲ့ပါဘူးလို့ သွားဖြေရှင်းခဲ့တယ်။ မကြာမီ New York Times သတင်းစာကြီးက သတင်

စာရေးဆရာနတ်နွယ်ဆိုတာThe Fall Of Spartacusအိုးမဲ့အိမ်မဲ့ဘဝမှ ဟားဗက်တက္ကသိုလ်သို့𝙅𝙤𝙝𝙣 𝙎𝙩𝙚𝙞𝙣𝙗𝙚𝙘𝙠 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣 📚Victor Hugo ပေးတဲ့သင်ခန်းစာအဆန့်အဖျက်လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြဿနာညကာရာမာဇော့ညီအစ်ကိုများပီကင်း

Unlock to read this premium article with 100 points.