Reviews by Benevolent
ယနေ့ခေတ်လူသားတွေက တစ်နေ့တာ စိတ်ဖိစီးမှုကို ဖြေဖျောက်နိုင်ရန် နည်းလမ်းအမျိုးမျိုးကို အသုံးပြုပြီး အပန်းဖြေလေ့ရှိကြတယ်။စာဖတ်ခြင်း နဲ့ ရုပ်ရှင် ကြည့်ခြင်းဆိုတာ ခေတ်သစ် လူသားတွေအတွက် ရွေးချယ်ဖြစ်ကြတဲ့ စိတ်ဖျော်ဖြေရေးများလို့ ပြောလို့ရတယ်။
စာဖတ်ခြင်း နဲ့ ရုပ်ရှင်ကြည့်ခြင်း နှစ်မျိုးစလုံးတွင် မတူညီတဲ့ကမ္ဘာများဆီကို ကျွန်ုပ်တို့ကို ခဏခေါ်ဆောင်သွားနိုင်တဲ့စွမ်းရည်ရှိတယ်၊ အတွေး မျက်စိထဲ စိတ်ကူးကြည့်နိုင်ခြင်း၊ မထင်မှတ်ထားတဲ့ရှုထောင့်အသစ်များကို မြင်ရနိုင်ခြင်း ၊လေ့လာသင်ယူနိုင်တယ်။ပျော်ရွှင်ဖွယ်ကောင်းတဲ့အရာအမျိုးမျိုးကိုလည်းဖန်တီးပေးတယ်။ခံစားမှု ဉာဏ်ရည် ဖွံ့ဖြိုးလာအောင် ပံ့ပိုးပေးနေတဲ့အရာတွေဆိုလည်း မမှားဘူး။ စာအုပ်များနှင့် ရုပ်ရှင်များက ကွဲပြားတဲ့ အချက်တွေရှိတယ်။အားသာချက် အားနည်းချက်များ ကိုယ်စီရှိကြတယ်။
စာဖတ်ခြင်းကို ပြောမယ်ဆိုရင်
စာအုပ်တစ်အုပ်ကိုကောက်ကိုင်ပြီးဖတ်မယ်ဆို အမြင်အာရုံကို အတွေးနဲ့ ပေါင်းစပ်ပြီးမှ သိရတယ်။စာအုပ်အ ရေးအသားပေါ်မှုတည်ပြီးတော့ အချိန်ပိုပေးရတတ်တယ်။ ပိုအာရုံစိုက်ရတယ်။ ရုပ်ရှင်ထက် စာအုပ်က စိတ်အတွင်းသဘောမြင်လာအောင် အသေးစိတ် ပုံဖော်ပြ လေ့ရှိတယ်။တဖြည်းဖြည်းထိုးထွင်းသိမြင်နိုင်စွမ်းကို ပေးစွမ်းနိုင်တယ်။စာအုပ်များက စာဖတ်သူ ပေါ်မူတည်ပြီး ဇာတ်လမ်းကို စိတ်ကူးပုံဖော်ရန်နှင့် အဓိပ္ပာယ်ဖွင့်ဆိုရန် အမြဲအတွေးစိန်ခေါ်မှုနှစ်ခုကိုပေးတယ် ပြောရမယ်။
ရုပ်ရှင်တစ်ကားကြည့်မယ်ဆိုရင် အမြင်အာရုံ ၊အကြားအာရုံကို ရောယှက်ပြီးမှ အတွေးနဲ ပေါင်းစပ်ရတယ်။ဇာတ်လမ်းထဲက ရုပ်ပုံ၊ ခန္ဓာကိုယ်လှုပ်ရှားမှု အမူအရာနှင့် အသံများပါရှိတာကြောင့်လူအများစုကြိုက်ကြ၊ နှစ်သက်စရာဖျော်ဖြေမှု အမျိုးအစားတစ်ခု လို့သတ်မှတ်ကြတယ်။ရုပ်ရှင်ဇာတ်ကောင် အမူအရာ၊ ခန္ဓာကိုယ်လှုပ်ရှားမှုတွေ၊ ပတ်ဝန်းကျင်နှင့် အသံများ၊စကားလုံးများကို ဇာတ်လမ်းတွင်ထည့်သွင်းပြသဖြင့်အချိန်တိုတိုနဲ့မြင်လာစေတယ်။ ဇာတ်လမ်းရုပ်လုံးကြွစေတယ်။စာအုပ်ဖတ်ပြီး မှတ်ရတာထက် ရုပ်ရှင်ကြည့်ပြီး မှတ်ရတာက ပိုလွယ်ကူတယ် မြန်ဆန်တယ်လို့ ထင်ကြတယ်။ ပျော်ရွှင်မှု၊ အသိ ၊အတွေးစိန်ခေါ်မှုတွေကို လည်းပေးတယ်။
Social Media ခေတ်မှာ စာအုပ်ဝယ်ရတာထက် ရုပ်ရှင်ကြည့်ရတာက ပိုလွယ်ကူနေတာတော့အမှန်။
ဒါကြောင့်လည်း သက်တောင့်သက်သာနဲ့ အချိန်၊ ငွေအားစိုက်ထုတ်မှုနည်းနိုင်တဲ့ ရုပ်ရှင်ကို နေ့စဉ်နှင့်အမျှ လူသားများက ဦးစားပေးကြည့်ဖြစ်ကြတယ်။ ဇာတ်ကောင်များကို စိတ်ကူးကြည့်ပြီး ဘဝအတွက် Challenge ခေါ်ကြတာခြင်းတော့တူတယ်။ဒါပေမယ့် ရုပ်ရှင်အများစုက စာအုပ် ကနေ ဆင်းသက်လာကြတယ်ဆိုတာ မမေ့စေချင်ဘူး။စာဖတ်ခြင်းနှင့် ရုပ်ရှင်ကြည့်ခြင်း မတူညီတဲ့ ကြားခံနှစ်ခုတွင် စာအုပ်ကို လိုက်လျောညီထွေဖြစ်အောင် ဖန်တီးပြထားတဲ့ ရုပ်ရှင်တွေရှိသလို ၊ fail ဖြစ်သွားတဲ့ ရုပ်ရှင်တွေလည်းရှိပါတယ်။
စာအုပ်ကနေ ရုပ်ရှင်ဇာတ်လမ်းအဖြစ် ပုံဖော်ကြည့်တဲ့အခါ 7 out of 10 လောက်ဖြစ်ရင် မဆိုးပါဘူး။ စာအုပ်အငွေ့အသက်၊ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ခံစားရနိုင်တယ်။
7 , 8 out of 10 ဖြစ်ပြီး ဝတ္ထုနဲ့ ထပ်တူကြတဲ့ ရုပ်ရှင်တွေလည်းရှိပါတယ်။ ဇာတ်လမ်းနဲ့ ဇာတ်ကောင်တွေကို ဖော်ထုတ်ပြတဲ့အခါ မူရင်းဆိုလိုရင်း နဲ့ အနက်အဓိပ္ပါယ်ကို ရှာဖွေပြနိုင်ကြလို့ပါ။
“Gone with the Wind” လို Classic ကို လိုက်လျောညီထွေဖြစ်အောင် ရုပ်ရှင်အနေနဲ့ ခမ်းနားစွာပုံဖော်နိုင်မှုတွေရှိတယ်။"The Great Gatsby" စာအုပ်ကို ရုပ်ရှင်အဖြစ်အသက်သွင်းလိုက်တော့ စာအုပ်နဲ့ မရင်းနှီးတဲ့သူတွေတောင် ရင်ထဲအမှတ်သားထင်သွားစေတယ်။
J. K. Rowling ၏ Harry Potter စာအုပ်စီးရီးကို TV စီးရီးအဖြစ် လက်ရာမြောက် ဖန်တီးပြနိုင်ခဲ့တယ်။
Haper Lee ရဲ့ To Kill A Mockingbird စာအုပ်ကို ရုပ်ရှင်အနေနဲ့ ချဉ်းကပ်ကြည့်မိရင်လည်း နီးနီးစပ်စပ် ရှိတယ် ပြောရမယ်။Leo Tolstoy ရဲ့ စာအုပ် Anna Karenina အခြေခံပြီး ပုံဖော်ထားတဲ့ရုပ်ရှင်ကြတော့ ပြဇာတ်ဆန်းဆန်း ဇာတ်လမ်းအသားပေးဖြစ်နေပြန်တယ်။
Thomas Hardy ရဲ့ Tess of the Durberville တက်စ်ဒူဘားဗီးလီး စာအုပ်၊ အမျိုးသမီးတွေနဲ့ပတ်သက်တဲ့ လူမှုရေးပြုပြင်ပြောင်းလဲမှု အမျိုးအစားကို ထောက်ခံအားပေးဖို့ အသုံးပြုတဲ့ ဝတ္ထုတစ်ပုဒ်လို့ ကျွန်တော်မြင်ပါတယ်။
စာဖတ်ခြင်း နဲ့ ရုပ်ရှင်ကြည့်ခြင်း မှာမတူညီတဲ့ကွဲပြားမှုတွေရှိပေမယ့် လူသားတွေနဲ့ လက်ရှိ လှပတဲ့ဆက်ဆံရေးမျိုးတွေ ရှိနေဆဲပါ။စိတ်ကူးစိတ်သန်းအဆင့်ဆင့်ကိုလည်း ပေးနေဆဲပါ။ ကောင်းမွန်တဲ့ စိတ်အပန်းဖြေစေဖို့ ပေါင်းကူးတံတားဖြစ်နေဆဲပါ။စွမ်းအားနှင့် စိတ်ခံစားမှုဆိုင်ရာ တူညီတဲ့အရာတွေကို ပေးဆောင် နေတဲ့ စာအုပ် နဲ့ ရုပ်ရှင်မှာ မိတ်ဆွေ ဘယ်အရာကို ပိုသဘောကျလဲ ...
?????? ????????
https://youtube.com/@ReviewsbyBenevolent?si=WusMbsWGmcyPAiFu
Please Telegram ?
https://t.me/reviewsbybenevolent
Reviews by Benevolent
Keep Reading