Author's Profile Photo

May Me- Author

12/12/2024

Vape သောက်သုံးခြင်းက ဘာတွေကို ဖြစ်စေပါသလဲ?

1 min read
Health
General Knowledge
18 Again
Vape သောက်သုံးခြင်းက ဘာတွေကို ဖြစ်စေပါသလဲ?'s photo

ယခုနောက်ပိုင်းမှာ လူငယ်တွေကြား Vape သောက်သုံးခြင်းဟာ အလျှင်အမြန် ခေတ်စားလာနေတာကို တွေ့ရပါတယ်။ ဟိုအရင်က စီးကရက်လေး လက်ကြားညှပ်ပြီး စတိုင်ထုတ်သလိုမျိုးပေါ့ ခုလဲ Vape လေးလက်ထဲကိုင်ထားရရင် စတိုင်ကျနေသလို လူအထင်ကြီးစရာကောင်းတဲ့ သူလိုမျိုး ဖီလင်တစ်မျိုးနဲ့ သောက်လာကြတာကို ကောင်လေးတွေတင်မကပဲ ကောင်မလေးတွေဆီမှာပါ တွေ့နေမြင်နေရတာပါ။

Vape ကဘယ်လိုမျိုးလဲသိချင်လို့ လေ့လာကြည့်တဲ့အခါ ရှူရှိုက်လိုက်ရင် ရေငွေ့အဖြစ် ထုတ်လွတ်ပေးတဲ့ ဆေးလိပ်အမျိုးအစားတစ်မျိုးဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။ Vape ကရှူရှိုက်လိုက်တဲ့အခါ ပြန်ထုတ်လှိုက်တဲ့အငွေ့က ဆေးလိပ်လို လေငွေ့မဟုတ်ပဲ ရေငွေ့လိုမျိုးမို့ မိမိသောက်တဲ့အခါ တခြားသူဆီတော့ အငွေ့မရောက်ပါဘူး၊ ဒါပေမယ့် သောက်သုံးသူ ကာယကံရှင်ကိုတော့ ဆိုးကျိုးပိုဖြစ်စေပါတယ်။

ဆေးလိပ်နဲ့ Vape ဟာ သဘောတရားလေးပဲ နဲနဲကွာတာဆိုပေမယ့် ဆိုးကျိုးကတော့ ရေးထားတဲ့အတိုင်းပါပဲနော်။

Vape သောက်ခြင်းကဘယ်လို ဆိုးကျိုးတွေကို ဖြစ်စေတတ်ပါသလဲဆိုရင်

1) အဆုတ်ကို ထိခိုက်စေပါတယ်။

2) နှလုံးသွေးကြောနဲ့ နှလုံးကိုထိခိုက်‌စေပါတယ်။

3) သွားနှင့် ခံတွင်းကို ထိခိုက်စေပါတယ်။ ( သူ့အငွေ့က ခံတွင်းမှာ ပိုးမွှားတွေပေါက်ဖွားစေလို့ပါ)

4) ဦးဏှောက်ဖွင့်ဖြိုးခြင်းကို ထိခိုက်စေပါတယ်။

5) ကင်ဆာဖြစ်စေတဲ့ ဆဲတွေကို အားပေးတယ်လို့လဲ တချို့ရေးကြတာဖတ်မိပါတယ်။

Vape သောက်ရင် သေတတ်သလားဆိုတော့ သေတတ်ပါတယ်။ Vape သောက်သုံးနေသူ အများစုဟာ ချောင်းအပြင်းအထန် ဆိုးတာ၊ ရင်ဘတ်အောင့်တာ၊ မောပန်းတာနဲ့ အသက်ရှုကြပ်တာ စတာတွေအပြင် အချိန်ကြာလာတာနဲ့အမျှ အဆုတ်နဲ့ နှလုံး ကောင်းမွန်စွာ အလုပ်မလုပ်တော့ဘဲ အသက်သေဆုံးနေတာလို့လည်း သိရပါတယ်။ လက်ရှိမနေ့တနေ့က ကို Vape သောက်လို့ အသက်ငယ်ငယ်‌လေးနဲ့ သေဆုံးသူမြန်မာနိုင်ငံမှာရှိနေပါပြီ။

ဆရာဝန်တွေကတော့ Vape သောက်သုံးတဲ့အခါ လျှပ်စစ်နဲ့ အပူပေးရှော့တိုက်ရတဲ့ အရည်တွေထဲမှာ နီကိုတင်းထက် ဆိုးရွားတဲ့ ဓာတုပစ္စည်းတွေအပြင် အဆုတ်နဲ့ အသက်ရှုလမ်းကြောင်းစနစ်ကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တဲ့ Vitamin E acetate တွေလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။

‌ဒါကြောင့် Vape ကလဲ ဆေးလိပ်လိုပဲဆိုတာကို သိစေချင်တာပါ၊ မိမိကိုယ်တိုင် အသက်ရှည်ရှည် နေချင်တယ်ဆိုပါက ဆင်ခြင်နိုင်ရင် အကောင်းဆုံးပါလို့ မေတ္တာစကားပါးရင်း စေတနာအရ ရေးမိတဲ့ ဒီစာလေးကို ဖတ်မိသူအားလုံး ကျမ္မာကြပါစေ။

#May Me
#Supporttohuman
#Vape
12-12-2024

Keep Reading

Doorway Effectအရေးပေါ် ဓာတ်ဆားဖျော်နည်းNeurocycle ဆိုတာဘာလဲ?မပြိုင်ပါနဲ့လူငယ်များ သတိပြုစရာ Social Media နှင့် Dopamine ဟော်မုန်းဆက်နွယ်မှု သင်သိပါသလား? ၂၀၂၅မှာ ကမ္ဘာ့လူဦးရေ သန်း၂၈၀ကျော် စိတ်ဓာတ်ကျခြင်းဝေဒနာခံစားနေရတယ်ဆိုတာ…‘Me Time များများပေးပါ’အာရောဂျံ ပရမံ လာဘံProgrammer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။စိတ်၏ အဟန့်အတား( barrier of mental health)