Author's Profile Photo

Sandar

12/12/2024

အကြင်နာတရားရဲ့နောက်ကွယ်ကစွမ်းအား (The hidden strength in being kind)

1 min read
Life Style
General Knowledge
Psychology


တနေ့တခြားကမ္ဘာကြီးပူနွေးလာသလိုပဲ ကျမတို့လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းကြီးဟာလည်း မကောင်းသောအဖြစ်အပျက်၊အပြုအမူ၊အကျင့်စရိုက်၊အတွေးအကြံနှင့်မကောင်းသောစိတ်နေစိတ်ထားတို့ဖြင့် ညစ်ထေးလာတာအမှန်ပါပဲ။ဒီလို အဖြစ်အပျက်မျိုးစုံ၊လောကဓံမျိုးစုံနဲ့နပမ်းလုံးနေရတဲ့လူ့ပတ်ဝန်းကျင်အသိုက်အဝန်းလေးထဲမှာ အချင်းချင်း ကြင်နာမှုလေးနဲ့ ဖေးမကူညီ ဖြတ်သန်းကြမယ်ဆိုရင် နေပျော်စရာကောင်းပါလိမ့်မယ်။ဘာမှမဟုတ်တဲ့သေးငယ်တဲ့‌ကြင်နာဖေးမမှုလေးတစ်ခုဟာ တစ်စုံတစ်ယောက်ရဲ့နေ့ရက်လေးကို ပြောင်းလဲသွားစေနိုင်ပါတယ်။စိတ်ညစ်‌နေချိန်မှာတောင် စိတ်လေးကြည်သွားစေပါတယ်။ဒါဟာSmall Acts,Big Impactsပါပဲ။သာမန်အပြုအမူကောင်းတစ်ခုထက်ပိုပြီး စိတ်ထဲမှစိတ်လိုလက်ရတမင်ပြုမူလိုက်သည့်ကြင်နာမှုဟာ လူသားချင်းဆက်နွှယ်မှုနှင့်ကိုယ်ချင်းစာစိတ်ဆီသို့ ဦးတည်သွား
စေပါတယ်။ဒါ့အပြင် အကြင်နာတရားမှာလည်းစွမ်းအားလေးတွေ‌ရှိနေတတ်ပါတယ်။
များစွာသုတေသနတွေ့ရှိချက်ချက်များအရ ကြင်နာမှု(kindness)သည် လူသားတို့အပေါ် ကောင်သောသက်ရောက်မှုများစွာရှိကြောင်းတွေ့ရပါတယ်။

စိတ်ကျန်းမာရေးအပေါ်ကောင်းကျိုးသက်ရောက်မှု
(Psychological Benefits)

☘️လူတစ်ယောက်၏စိတ်ကိုပျော်ရွှင်စေခြင်း။
ဘာကြောင့်လဲဆိုတော့ ဦးနှောက်ကနေ serotonin၊ dopamin
နှင့် endorphins လို့ခေါ်တဲ့စိတ်ခံစားချက်ကိုကောင်းစေတဲ့well being chemicalsတွေ ထွက်လာခြင်းကြောင့်ဖြစ်ပါတယ်။

☘️ဒါ့အပြင် စိတ်ဖိစီးမှု(stress)ကိုလျော့ချ‌ပေးခြင်း။
ထိုအချိန်တွင် ဦးစိတ်ဖိစီးမှုကိုဖြစ်စေတဲ့ cortisolဓာတ်လျော့ကျသွားတဲ့အတွက် စိတ်တည်ငြိမ်သွားစေပါတယ်။ဒီလိုလေးတွေဖြစ်သွားတဲ့အခါ နေ့စဉ်နေထိုင်မှုဘဝလေးဟာ ကျေနပ်ပြီးနေပျော်လာပါလိမ့်မယ်။

ကိုယ်ကျန်းမာရေးအပေါ်သက်ရောက်မှု
(Physical Health Benefits)

☘️ကြင်နာတဲ့အပြုအမူတစ်ခုဟာ နှလုံးကျန်းမာရေးကိုလည်းပိုမိုကောင်းမွန်လာစေပါတယ်။ဘာကြောင့်လဲဆိုတော့ အောက်ဆီတိုဇင်(oxytocin)ထွက်လာခြင်းကြောင့် သွေးကြောလေးများ(blood vessels)ကျယ်လာခြင်း(dilate)နှင့်သွေးပေါင်(blood pressure)ကိုလည်း လျော့ချပေးနိုင်ခြင်းတို့ဖြစ်ပါတယ်။

☘️အပြုသဘောဆောင်သောလူမှုပတ်ဝန်ကျင်ဆက်နွှယ်မှုရှိခြင်းနှင့် ခန္ဓာကိုယ်ကိုယ်ခံအား(Immune)ကောင်းခြင်းဟာလည်းဆက်စပ်မှုရှိကြောင်းတွေ့ရပါတယ်။

☘️ ဒါ့အပြင် တစ်ချို့သောလေ့လာတွေ့ရှိချက်များတွင် ကြင်နာတတ်တဲ့လူတွေမှာ နာတာရှည်ရောဂါ(chronic illness)ဖြစ်နိုင်ခြေအလားအလာနည်းပြီး အချိန်သက်တမ်းကြာရှည်စွာနေနိုင်ပါတယ်လို့လည်းဖော်ပြထားပါတယ်။

☘️ဦးနှောက်ရဲ့နာကျင်မှုကိုလျော့ကျ(pain reduction)စေတဲ့အစိတ်အပိုင်းကိုလှုံဆော်ပေးလိုက်သဖြင့် ခံစားရသောခန္ဓာကိုယ်နာကျင်မှုများကိုလည်းလျော့ချပေးနိုင်ပါတယ်။

လူမှု့ရေးကောင်းကျိုးများ
(Social Benefits)

☘️ထိုသို့ကြင်နာစွာပြုမူလိုက်တဲ့လုပ်ရပ်‌လေးတစ်ခု‌ေကြာင့် ယုံကြည်မှုနှင့်နားလည်မှုတို့တိုးပွားလာစေတဲ့အတွက်လူမှုဆက်ဆံရေးအဆင်ပြေချောမွေ့‌ေးပြီးrelationshipပိုင်းမှာလည်းပိုမိုခိုင်မာလာစေပါတယ်။

☘️ဒါ့အပြင် ကြင်နာခြင်းရဲ့ကူးစက်တတ်တဲ့သဘော (contagious)ကြောင့် ကြင်နာမှုရရှိသူတွေရဲ့စိတ်ကိုလည်း တစ်ခြားသူတွေကို ကြင်နာစွာဆက်ဆံပြန်လည်ပြုမှုတတ်အောင် တွန်းအားပေးလိုက်သလိုဖြစ်စေပါတယ်။ထိုအခါ လူမှုအဝန်းအဝိုင်းလေး(social network)ဟာ နေချင်စဖွယ်ဖြစ်လာမှာပဲဖြစ်ပါတယ်။

Compliment a friend
Help a stranger, or simply share a kind word
Let's create a positive society

စန္ဒာ
(9.12.2024)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)