Author's Profile Photo

Tawtawti

11/12/2024

ပုရွက်ဆိတ်ဖြစ်ချင်တယ် ( ရသဝတ္တုတို )

4 mins read
Art
Novel
Creative
ပုရွက်ဆိတ်ဖြစ်ချင်တယ် ( ရသဝတ္တုတို )'s photo



"ပုရွက်ဆိတ်ဖြစ်ချင်တယ်"

(၁)

တချက်..တချက် နေ့လယ်ခင်း လေပြေညှင်းက အေးတမြမြ ဝေ့ခတ်နေသည်။ အဇဋာကောင်းကင်ရင်ပြင်သည် တိမ်လွှာကင်းမဲ့ဇုန်အဖြစ် ရာသီဥတု ကြည်လင်ကြောင်းကို ညွှန်းဆိုပြသလျက်ရှိ၏။

အိမ်ရှေ့မြေကွက်လပ် ခြံဝန်းအတွင်းတွင် နှစ်ချို့ပိတောက်ပင်အိုကြီးမှာ အရိပ်အာဝါသ ကောင်းမွန်လှသည်။ ထိုအပင်အောက်တွင်အမှီပြုလျက် ဦးကျော်လင်းမှာ ပက်လက်ကုလားထိုင်တလုံးထက်ထိုင်ရင်း စိတ်ငြိမ်စွာ စာဖတ်နေသည်။ စာအုပ်အမည်က စာရေး ဆရာကြီး ရွှေဥဒေါင်း၏ ဘဝတသက်တာမှတ်တမ်းနှင့်အတွေးအခေါ်များ...။ သူ၏ အနားတွင်လည်း စားပွဲခုံလေးတခုကို ချထား၏။ ထိုအပေါ်တွင်တော့ ပဲမုန့်တပန်းကန်နှင့် ရေနွေးဖန်ခွက်ရှည်တလုံးရှိသည်။ စာဖတ်ရင်း စားသောက်ဖို့ အသင့်ပြင်ဆင် ခင်းကျင်းထားခြင်းဖြစ်၏။

ဦးကျော်လင်းအဖို့..ယနေ့မှာ အလုပ်အကိုင်အားလပ်ရက်ဖြစ်သည်ကြောင့်သာ အေးအေးလူလူရှိနေခွင့်ကို ကျကျနနရနေခြင်းဖြစ်သည်။ ကားမောင်နှင်နေရသည့် လုပ်ငန်းခွင်နေ့ရက်မျိုးဆိုလျှင်တော့ ယခုလို အချိန်သည် မုတ္တမ-ရန်ကုန် ပြေးဆွဲသော ကားလမ်းမထက်ပေါ်တွင် ဟိုင်းလပ်ကားဒရိုင်ဘာဘဝနှင့်၂၀၀၃ခုနှစ်၏ နေ့စွဲများကို ဖြတ်သန်းနေရသူတဦးအဖြစ် ရှိနေရပေမည်။

ဖတ်လက်စစာအုပ်မှ အကြည့်ခွာလျက်...စက္ခုအာရုံအညောင်းပြေစေရန်ဘေးဘီဝန်းကျင်ကို ဟိုဒီ မျက်စိကစားမိလိုက်သည် ။

ဟော...ပုရွက်ဆိတ်ငယ်လေးများပါလား...။

............................................

(၂)

ပိတောက်ပင်အောက် တနေရာတွင် ပုရွတ်ဆိတ်လေးများ သွားလာလျက်ရှိသည်ကို ဦးကျော်လင်း တွေ့မိသွား၏။ အစကတော့ အမှတ်တမဲ့နဲ့ပါပဲ ။ ယခုမှ အနီးနံဘေးတွင် ပုရွက်ဆိတ်ကျွင်းလေးများရှိနေသည်ကို မျက်မြင်အနေအထားအရ သိလိုက်ရသည်။
တဖန် ပိတောက်အိုပင်စည်ခြေရင်းတွင် ထောင်ထားမိသော ဝါးလုံးအပိုင်းပြတ် အဆွေးတချောင်းလည်းရှိနေသည်ကိုပါ သတိပြုလိုက်၏။

ပုရွက်ဆိတ်လေးများမှာကျွင်းထဲသို့ ဝင်သူကဝင်...ထွက်လာသူကထွက်လာ..၊ ဝါးပိုင်းပြတ်နှင့်အဆက်အသွယ်ပြုသူကပြုနှင့် ရှိနေကြသည် ။ သည်မြင်ကွင်းကို ဦးကျော်လင်း ကြည့်ရင်း သ ဒ်ဓါ စိတ် တရပ်ဝင်လာမိ၏။ သို့နှင့် ဘေးတဖက်မှ ခုံတွင်တင်ထားသော ပဲမုန့်တခုကို လှမ်းယူကာ အသာဖဲ့လိုက်ရင်း တစချင်းစီ ချွေချပေးနေမိလေသည် ။ ပုရွက်ဆိတ်လေးများသည်လည်း မုန့်စမုန့်နလေးများကို ဝိုင်းဝန်းချီလျက် ကျွင်းများအတွင်းဆီသို့
ဆောင်ယူသွားနေကြတော့၏။

"နေရင်းထိုင်ရင်း ကုသိုလ်ယူဖြစ်တာပေါ့လေ.."

ဘဝင်နှလုံး ပီတိဖုံးလျက် ဦးကျော်လင်း တွေးမိနေသည် ။

.............................................

(၃)

သူရိန်နေမင်းက အနောက်အရပ်သို့ တရွေ့တရွေ့ယွန်းချေပြီ ။

ဦးကျော်လင်းသည် စာအုပ် ဖတ်နေရာဆီမှ ဗာဟီရပစ္စည်းများကို အိမ်အတွင်းတွင်ပြန်လည် သိမ်းဆည်းနေ၏။

"ညစာ ထမင်းအိုးတည်ဖို့ကို လျှပ်စစ်မီးက ပြတ်နေတယ် ကိုကျော်ရေ...၊ဘယ်အချိန်မှ ပြန်လာမယ်မှန်းလည်းမသိဘူး၊ ဒီတော့ ထင်းမီးဖိုနဲ့ပဲ တည်လိုက်တော့မယ်..၊အဲဒါ...ထင်းကလည်းကုန်နေတယ်..၊ ထမင်းတစ်အိုးပဲချက်ရမှာပါ..ဟင်းကတော့ ရှိသေးတာ နွှေးလိုက်ရုံပဲ၊ အိမ်နားမှာ ထင်းအဖြစ်ဆိုက်စရာလေး..ဘာလေး..ရှာပေးပါဦး"

အိမ်ထဲတွင် ဦးကျော်လင်းမှာ ဇနီးဖြစ်သူ ဒေါ်ကျော့သီ လှမ်းပြောလာသံကြောင့်..

"အေး..အေး...ဖြစ်ရမယ်...ဖြစ်ရမယ် "

ခွန်းတုံ့ပြန်လိုက်ရင်း အိမ်ခြံဝန်းပတ်လည်တွင် ထင်းအဖြစ်ရှာဖွေရန် ခြေဦးလှည့်လိုက်သည် ။

ပိတောက်ပင်အိုအောက်ဆီသို့ ဦးကျော်လင်း ပြန်လည်ရောက်ရှိသွား၏။ ထိုစဥ် ပင်စည်ခြေရင်းတွင် ထောင်လျက်သားရှိနေသော ဝါးပိုင်းပြတ်အဆွေးကို ထပ်မံမြင်တွေ့ရသည်။ ထင်းစိုက်စရာရဖို့ကိုသာ စိတ်ဇောကပ်နေမိသည်ကြောင့် ထူးထူးထွေထွေလည်း စဥ်းစားမနေတော့ချေ။ ဆတ်ခနဲ ယူကာ ဆွဲချိုးလိုက်၏။

ကျိုးသွားသော ဝါးပိုင်းပြတ်အဆွေးအတွင်းမှ..ပုရွတ်ဆိတ်လေးများနှင့်အတူ ပုရွက်ဆိတ်ဥလေးများပါ ထွက်ကျလာ၏။ သည်တော့ ဦးကျော်လင်း အမှတ်ရမိလိုက်၏။

"သြော်...နေ့လယ်က ဒီဝါးပိုင်းပြတ်နဲ့ ကျွင်းတွေကို..လူးလာခေါက်တုံ့ပြန်နေတဲ့ ကောင်တွေပဲ...၊ ငါတောင် အစာကျွေးမိလိုက်သေး..၊ ဝါးပိုင်းပြတ်ထဲမှာ ဥတွေပါ ရှိနေပါလား "

မြေပြင်ပေါ်သို့ ပုရွတ်ဆိတ်လေးများနှင့် သူတို့၏ ဥလေးများ ပြန့်ကျဲသွားသည်။ ထိုအနားတွင် ပုရွက်ဆိတ်ကျွင်းများလည်းရှိလေရာ..ထင်မှတ်မထားသော ဖြစ်ရပ်တခုနှင့်တွေ့ ကြုံလိုက်ရတော့၏။

..........................................

(၄)

ပုရွက်ဆိတ်တချိုသည် ကျွင်းများထဲသို့ အလျင်အမြန်ပြေးကာ တက်သုတ်ရိုက်ဝင်သွားကြ၏။ သို့သော် ရှောင်တိမ်းပုံးခိုကြခြင်းမျိုးကား မဟုတ်။ ပြန်လည် ထွက်ချလာသော ပုရွက်ဆိတ်အင်အားမှာ အလုံးအရင်းပင် ဖြစ်၏ ။ ကျွင်းထဲမှ ပုရွက်ဆိတ်များကိုသတင်းပို့ရင်း အရေးပေါ် အကူအညီ သွားရောက်တောင်းခေါ်သည့်နှယ်ရှိ၏ ။

ထိုထို ပုရွက်ဆိတ်ငယ်အပေါင်းတို့သည် ပြန့်ကျဲနေသော သူတို့၏မျိုးဆက်ဥများကို
လျင်မြန်စွာ ရရာဝင်ဆွဲ

မျက်နှာကို တော်တော်တည် ထားသည်How To Train Your Dragon (2025) Spoiler Free Movie Reviewလွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ❝ဈေးရောင်းခြင်း အနုပညာ❞"အချစ်ဦး"တဲ့လွမ်းသမျှ စာတင်ဦးညိုအေးကြီးကို ကျေးဇူးတင်တယ်ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့

Unlock to read this premium article with 10 points.