Tawtawti
"ကွယ်နှစ်ကွယ်"
..................
ကားဂိတ်နားက အိမ်သာရှေ့။
အိတ်ကပ်ထဲမှာမှ အိမ်ပြန်စရာ ကားခဖယ်လိုက်လျှင် ငွေတရာသာကျန်တော့သည်။
ရှူးက ရေလည်ပေါက်ချင်နေသည်။
အိမ်အပြန်ကားစီးရမည့် ခရီးကလည်း အဝေးကြီး။
အိမ်သာကင်းကျသည့် တာဝန်ရှိပုဂ္ဂိုလ်အမျိုးသမီးကို ငွေတရာထုတ်အပေး။
အိမ်သာခပင်
စျေးတက်သွားပြီဟုဆိုသည်။
"အဝပေါက် နှစ်ရာ"
"အမ..တရာဖိုးလောက်ပေါက်လို့မရဘူးလားခင်ဗျာ၊ အိမ်ပြန်စရာကားခပဲ ရှိတော့လို့ပါ၊ တရာပဲကျန်တော့လို့"
"မရဘူး...အမလေးဟယ်...သေးတောင် စျေးဆစ်နေသေးတယ်"
"ဒါဖြင့်လည်း နည်းနည်းထိန်းထားလို့ရအောင်..တဝက်ပဲပေးပေါက်လေ...တကယ်ပါဗျာ၊ တအား ပေါက်ချင်နေလို့..၊ တဝက်ပဲဆိုတာ မယုံရင်လိုက်ကြည့်လေ...တကယ်တဝက်ပဲ"
"ဟဲ့ မရပါဘူးဆို "
"သြော်...ငွေမရှိရင် ရှူးပေါက်ရတာတောင်မျက်နှာငယ်ရပါလား...အား...မထိန်းနိုင်တော့ဘူး...တဝက်လောက်ပဲဗျာ...တကယ်တဝက်ပဲ"
"ဒီမယ်...ဘယ်လိုဖြစ်ဖြစ် ပေးမပေါက်နိုင်ဘူး၊ အဲ..ဒါပေမယ့် သနားလို့မို့ ငါ့စီးပွားအပျက်ခံပြီး အကြံတခုတော့ပေးလိုက်မယ်၊ ဟိုဘက်လမ်းဘေးကိုသွား...၊ လူတွေရဲ့ မျက်ကွယ်အနေအထားမှာ ရှိမရှိအကဲခတ်ကြည့်လိုက်၊ ပြီးရင်..အပင်ကိုကွယ်လိုက်...ကွယ်နှစ်ကွယ်ရှိရင် ဖွယ်ဖွယ်ရာရာမဟုတ်လည်း ဖြစ်သလိုလေး ပေါက်လို့ရပြီ"
"အေးနော်...ကိုယ့်အလှည့်ကြုံလာရင်လည်း အဲ့သလိုပေါက်...၊ ရတယ်...ရတယ်..သေးများမပေါက်ဖူးတာကြလို့..."
သို့နှင့်..ပြောရင်းပြေးခဲ့ရလေသည်။
-တော်တော်တည်
Keep Reading