Tawtawti
"မိန်းကလေးများမဖတ်ရ"
(1)
တချို့မိန်းကလေးတွေအနေနဲ့ ရည်းစားစကားအပြောခံရတဲ့အခါ ဂုဏ်မဆာစေချင်ပါဘူး။
ယောကျ်ားလေးဦးရေရှားပါးတဲ့ခေတ်ထဲမှာ
နောင်တချိန် အမူလွန်လို့ပဲဖြစ်ဖြစ်
အကြောင်းအမျိုးမျိုးကြောင့် အပျိုကြီးဖြစ်ကြရလို့
သူများက စနောက်ကြတဲ့အခါ ကြိုက်မယ့်သူမရှိလို့မဟုတ်ဘူးဟေ့၊တို့က မယူချင်လို့ကိုမယူတာဆို
လိပ်ပြာလုံလုံနဲ့ဝံဝံ့စားစားပြန်ပက်နိုင် နှုတ်လှံထိုးနိုင်အောင် ကိုယ်တွေကအရှက်သိက္ခာတွေဘေးချိတ်ပြီး
အနစ်နာခံပြောပေးရတာပါ...။
(သူတို့က ပြန်ဖွတတ်ပါတယ်)။
တနည်းအားဖြင့် မိန်းမတို့ ဣန္ဒြေ အလွယ်နဲ့မရဆိုတာမျိုးဖြစ်အောင်ဆောင်ရွက်ပေးကြတာပါ။
ကျေးဇူးဆိုတာသိတတ်ရင် အောက်မေ့တသလို့ရပါတယ်။မရလို့မယူ...တာမျိုးမဟုတ်ဘဲ မယူလို့မရတာမျိုးဖြစ်ရလေအောင် ကိုယ်တွေက ခေါင်းစားခံ နှလုံးသားအရင်းခံ တောင်းဆိုပေးကြတာပါ။
(2)
တချို့မိန်းကလေးတွေများ အမတန့်ကို စွာတော်မူတယ်ဗျား။အသဲမာလှကြောင်းကို တလွဲမာနနဲ့သိပ်ပြကြတာပဲ။ဘယ်လိုနေနေ မိဖုရားဖြစ်မှာတောင်... စုဖုရားလတ်အထာလို ဘုရင်နဲ့ညားလည်း ငါဘုရင်မပဲလုပ်ချင်တဲ့ အပေါက်မျိုး။ကိုယ့်ကိုယ်ကိုယ် ရှင်စောပုဝင်စားတဲ့ဂိုက်နဲ့ ကိုယ်တွေ အရောဝင်မိရင် ငပေါကိုထင်ကော။
ဆိုင်းကသာမရှိတာ၊နှဲက ခုနစ်လက်နဲ့ဆိုသလို... လူကသာဘာမဟုတ်လည်း ထစ်ခနဲရှိ အုံနဲ့ကျင်းနဲ့ပါ ခေါ်ဖြဲမယ်ဆိုတာချည်း။ကြောက်ဖို့ ကောင်းလိုက်တာ ။
(3)
တချို့မိန်းကလေးတွေများတော့
မစားရတဲ့အမဲ ဂဲနဲ့ထုချင်ကြတာ။
သူတို့ကို ကောင်းကောင်းမွန်မွန် ချစ်ရေးဆိုတုန်းကတော့
ဖျာလိပ်နတ်ကို ငရုတ်ကျည်ပွေ့ဆက်သလို လက်မခံကြဘူး။
ဟော...တခြားတစ်ယောက်ကို ပြောင်းပြောပြီဆိုတော့မှဖြင့်
ငါ့တုန်းက ငါ့မှမရရင်သေတော့မယ့်ပုံနဲ့ ခုကျ မီးကင်းသံချောင်းလို ဒေါင်ဒေါင်ကိုမြည်လို့ဘာညာနဲ့ လူကြားမသင့်အောင် ပွစိပွစိလုပ်တော့တာ။ သြော်...ချစ်ရေးဆိုပါတယ်ဆိုမှ မငြင်းအောင်တော့ သနားစဖွယ် ပြောကြတော့မပေါ့။သနားချစ်က ပိုမြဲတယ်လို့လည်း ရှေးစကားတောင်ရှိသေးမလား။
ကိုယ်တွေကလည်း ပြောင်းချင်လို့ရယ်မဟုတ်ပါဘူး။မရနိုင်မယ့်အတူ စရံသတ်ထားတဲ့အချစ်တွေအဆုံးခံလိုက်တဲ့သဘောပဲ။အဆင်ပြေလိမ့်နိုးနဲ့
နောက်ထပ်တခုကိုအစကပြန်ရင်းရတယ်ဆိုတာ လွယ်တာမှတ်လို့...။အပိုင်ရပြီးမှ ဖျက်ဆီးပစ်တာမျိုးရယ်မဟုတ်ပဲ။
မရလို့သေကြေးဆို ကမ္ဘာပေါ်မှာ မျိုးဆက်ပြန့်ပွားဖို့ ယောကျ်ားဘသားတောင်ရှိမှာမဟုတ်တော့ဘူး။မျိုးဆက်သစ်တို့တိုးတက်ရစ်ဖို့ဆိုတာဖြည့်တွေးပေးကြစမ်းပါ။ဒါမှမဟုတ်...လူဆိုတာ ကိုယ့်တီးတိုးဖော်နဲ့ပြေလည်ချင်ကြသူချည်းပါပဲလို့ စဥ်းစားကြည့်ပေါ့။
မိန်းမဆိုတာမျိုးက လူရွေးလို့မရ..ဖြစ် ရတာနဲ့ လူရွေးမှားတယ်ဆို ဖြစ်ရတာနဲ့.. . များနေတတ်တဲ့အမျိုးကိုး။ရထားတုန်းလည်း ဝက်နံရိုးလောက်တောင် တချက် တန်ဖိုးထားရကောင်းမှန်းမသိတာကရှိသေးတာ။
လမ်းမှာကောက်ရတဲ့ သရေကွင်းလို စွပ်ဆော့ပြီး ပြတ်အောင် ဖြတ်၊ဟိုပစ်ဒီပစ် လုပ်ရင်လုပ်တတ်တာ။
တကယ်ဆို ယောကျ်ားလေးဦးရေက သူတို့ထက်ရှားပါးနေတာ ဂရုထားသင့်တယ်။ကမ္ဘာ့လူဦးရေနှုန်းကိုအင်တာနေရှယ်နယ်အမြင်ရှိသင့်တယ်။
ဒါတောင်...ရတုန်းဆွဲမထားဘဲ လွတ်တဲ့ငါးမှ မီးလိုက်ကင်ချင်လို့ဘယ်ရပါ့မလဲလေ...နော့။
သူတို့လိုဆိုကြေးဆို...
အများကြီးချစ်တာပဲရယ်လို့ ပလီပြီး
နောက်ကွယ်မှာတော့...
တခြုံပြောင်တမောင်မေ့၊တဆင်တွေ့ ကိုကိုပြောင်းနဲ့
တည်းခိုခန်းတစ်ခုကောင်း ကြည်တောက်ရှင်းတစ်သောင်းထွက်တတ်တဲ့
အိုင်တွေ့တိုင်းရေခပ်နေသူ
ဣတ္တိယတွေလည်းရှိသေးတာပဲမလား။
(4)
တချို့မိန်းကလေးတွေကိုကြည့်လိုက်။
ကိုယ်ကလည်း မဟုတ်တာလုပ်သေး၊ကိုယ့်ကိုပြောရင်ကျ မခံချင်တဲ့စိတ်ရှိတဲ့ ... မဟုတ်မခံစိတ်ကလေးတွေနဲ့။
ဟော....ယောကျ်ားလေးတွေကို ဒီတစ်ယောက်...ဟိုတစ်ယောက်နဲ့...အကွက်ချ၊ရေခဲမုန့်သည်ဆီက ကံစမ်းစက်ဝိုင်းနဲ့ မဲဖောက်စားသလို နှလုံးသားတွေကို လက်သင့်ရာ စားတော်ခေါ်ဖို့ ကျရာ လှည့်စား၊ လူလည်းမိကော ဘယ်သူလဲမသိ ဖြစ်ကုန်တော့တာကိုး။
အဲ့ဒီ့မှာ... နင်လုပ်တဲ့အတိုင်း နင်ပြန်ခံစားရမယ်ဆို ဟမ္ဘူရာဘီရဲ့ ကိုဓဥပဒေလို ကြိမ်းမိစမ်း၊သူ့ကို ကျိန်စာတိုက်ပါတယ်ဆို....ယောကျ်ားတန်မဲ့ ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ ကိုယ်တွေကို ဥပနာဟ(ရန်ငြှိုးဖွဲ့)ပါလေကော။သူတို့ တဖန်ကံဆိုးမယ့်အလှည့်ကို ကျ ခွေးများကျားရှေ့မှောက်ယက်လဲသလို ရင်ခုန် ဖင်တုန်ကြောက်ကြတာ။ဒီတော့...ငါးဖယ်ကပြောင်းပြန်၊သူခိုးက လူဟစ်၊ငလူးကရေဆန်၊ငပြူးက ပြန်ပြဲ၊ဒညင်းသီးက အီးစော်နံ၊သေတဲ့လူက ငါ့လောက်မနာနဲ့ ကိုယ့်အပြစ်သူအမှား ဖြစ်အောင် အထိကိုမခံ၊ ကြွေပန်းကန်ပြားလောက် ဇောက်မနက်ဘဲ လူကြားသနားအောင် ပလီသက်သေနဲ့မျက်ရည်ချူကြတော့တာပဲ။သူတို့သာ ဖြစ်ကြည့်ပါလား....ဝဋ်လည်ဖို့ဆုတောင်းတွေ
Unlock to read this premium article with 10 points.